News

စကစတွေဖန်တီးနေတဲ့ ကိုဗစ်အကြောင်းကို ရေးသားလာတဲ့ ပန်ဆယ်လို

စကစတွေဖန်တီးနေတဲ့ ကိုဗစ်အကြောင်းကို ရေးသားလာတဲ့ ပန်ဆယ်လို

အာဏာသိမ်းပြီးကာလတွေမှာတော့ စကစ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့ ပန်ဆယ်လိုကတော့ လွတ်မြောက်ရာဖြစ်တဲ့ အမေရိကန်နိုင်ငံကို

သွားရောက်နိုင်ခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့ ပန်ဆယ်လိုကတော့ အပြုံးမပျက်ခဲ့ပါဘူး။

ဒီနေ့လေးမှာတော့ ပန်ဆယ်လိုက ” COVID Third Wave ဟာ တစ်ပတ်ဆယ်ရက်အတွင်း

အပြင်းအထန်အခြေအနေကို ဆိုက်ရောက်လာတယ်။ COVID ဟာ Psywar မဟုတ်တဲ့ တကယ့် Serious အခြေအနေပါ။

ဒီရက်ထဲမှာ COVID ကို စကစက လက်နက်အဖြစ် သုံးလာပြီလားလို့ တွေးမိလာတယ်။

အာဏာသိမ်း ၅လကျော်ကာလမှာ ဒီပြည်သူဟာ အုပ်ချုပ်ခံဖို့ အပြင်းအထန် ငြင်းဆန်ရုန်းကန်နေတယ်၊ ဆက်

ပြီးလည်း တော်လှန်နေဦးမယ်ဆိုတာ သိသာလာတယ်။ ဘောမရပ်ကွက်က စိမ်းပိန်းတို့ ပေမမှီဒေါက်မမှီဉာဏ်ရည်တွေနဲ့ ပြောနေသလို နွေဦးတော်လှန်ရေးကို

ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းက ထောက်ပံ့နေတယ်ဆိုတာတွေဟာ တကယ်မဟုတ်ဘူး။

ပြည်သူက ပြည်သူကို ထောက်ကန်ထားတာ။ ပြည်သူက ပြည်သူကို ကူညီနေတာ

ကြောင့် ဒီတော်လှန်ရေးဟာ ရပ်တန့်မသွားတာ။ ဒါကို စစ်ကောင်စီက နားလည်လက်ခံလာပြီ။ နားလည်လက်ခံတယ်ဆိုလို့ အထင်မကြီးလိုက်နဲ့နော်။

ကောင်းသောနားလည်ခြင်းမျိုး မဟုတ်ဘူး။ ပြည်သူက ပြည်သူကို ကူညီထောက်ပံ့နေတာတွေ ရပ်တန့်သွားဖို့က ပြည်သူကိုတားမရဘူး။ တားနေတဲ့ကြားက နည်းအမျိုးမျိုးနဲ့

ဖောက်ထွက်နိုင်နေကြတာ။ အလွယ်ဆုံးနည်းက ပြည်သူက ပြည်သူကို ထောက်ကန်ပေးနေတာတွေကို ရပ်တန့်ဖို့ ပြည်သူတွေကို ဒုက္ခပေးထားနိုင်ဖို့ပဲ ရှိတယ်။

ရဲတပ်ရင်းတွေမှာ ကူးစက်တယ်။ သိတယ်နော်။ သူတို့မသိတာ မဟုတ်ဘူး။ ပြည်သူတွေကြားမှာ တမင်လွှတ်ပေးထားတာ။ အခု အတော်များများ ကူးစက်ခံနေရပြီ။

အသေအပျောက်နှုန်းတွေ များလာပြီ။ ထုတ်သာမပြောကြတာ… အတော်များများ ဖျားနေကြပြီ။ အသက်ဘေးကနေ ရုန်းကန်ဖို့ စိတ်အား၊ လူအား၊ ငွေအား အကုန်သုံးရတာ။

ဒီလိုဒုက္ခရောက်လာရင် တော်လှန်ရေးကို အာရုံလျော့ပြီး COVID မှာ လုံးချာလည်ရင်း အုပ်ချုပ်ခံသွားမယ်လို့ စကစက မတွေးဘူး မပြောနိုင်ဘူး။လူပေါင်း

သန်းချီ ချီတက်ဆန္ဒပြတဲ့ ၂ ငါးလုံးလို အရေးတော်ပုံနေ့ရက်တွေ နောက်ပိုင်းမှာတောင် အခုလို အစုလိုက် အပြုံလိုက် ကူးစက်မှုတွေ မရှိခဲ့ဘူး။

အခုကျမှ ဘာလို့ အစုလိုက်အပြုံလိုက် ကူးစက်ခံနေရသလဲ။ ကူးစက်မှုတွေ အုံနဲ့ကျင်းနဲ့ဖြစ်လာချိန်မှာတောင် ကျောင်းတွေ တရားဝင် မပိတ်သေးဘူး။ ကူးစက်မှုကို ရပ်တန့်ဖို့ ဘာ

အစီအမံမှ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ခေတ်က COVID Center တွေက ပစ္စည်းတွေအကုန် စစ်ဆေးရုံကို သယ်ချသွားတာ ကြာပေါ့။

အဲ့ပစ္စည်းတွေ မရှိတော့တာမှ မဟုတ်တာ။ ဒါပေမယ့် လည်ပတ်နိုင်လား၊ လည်ပတ်ဖို့ ကြိုးစားလား။ ဘာမှမလုပ်ဘူး။ ရောဂါမူရင်းပိုင်ရှင်ကြီး ရှီတို့ကလည်း COVID Center လာ

ဆောက်ပေးမယ်ဘာညာ လေသံကြားနေရပြီ။ ထားပါ… ဆောက်ပေးတော့လည်း ကုခံရလို့ သက်သာသူရှိလည်း မနည်းဘူးမလား။

ရောဂါမြင့်တက်နေချိန်မှာ တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလို စစ်တပ်မှကယ်တင်လိုက်သည်ဆိုတဲ့ ကျေးဇူးရှင်ဖေဖေကြီးဇာတ်လမ်းကို Version ပြောင်း ရိုက်နေပြီလို့ပဲ မြင်မိတယ်။

စကစရဲ့ အကြီးမားဆုံး အားနည်းချက်က အမြဲတမ်း ပြည်သူကို လျှော့တွက်တာပဲ။ COVID ပျံ့အောင်တွန်းပို့၊ ကူးလာတဲ့ COVID ကို ကုပေးနိုင်ရင် ပြည်သူက ဖြစ်သမျှတွေ မေ့သွားပြီး အချစ်တော်ဝင် အုပ်ချုပ်ခံမယ် ထင်နေကြပြန်ပြီ။

ဒီစစ်အာဏာသိမ်းမှုဟာ ၂၀၂၁ မှာ ဖြစ်တာ။ ဒီပြည်သူက COVID ဖြစ်ရင် စစ်ကားပေါ် ပြေး

တက်မယ်တွေးတဲ့အထိ ရန်ငါပြတ်ပြီးသား။ ကာကွယ်ပေးနိုင်ရင် ကောင်းပါတယ်။ ကျေးဇူးတော့ တင်စရာမရှိ။

ကာကွယ်ဆေးရနေပြီဖြစ်တဲ့ COVID ကို အောင်နိုင်တော့မယ့် အခြေအနေမှာ ကျန်းမာနေဆဲ ပြည်သူထောင်ချီကို ပစ်သတ်တဲ့အပြင် COVID Third Wave ကို သယ်ဆောင်လာတာလည်း မင်းအောင်လှိုင်ရဲ့စစ်တပ်ပဲဆို

တာ မမေ့ပါဘူး။ ဒီ Third Wave မှာ အသက်ဆုံးပါးသူတွေဟာ COVID က သတ်တာခံရတာထက် မင်းအောင်လှိုင်သတ်လို့ သေရတာ။

ကမ္ဘာမကြေဘူးကနေ တစ်ကျပ်ဖိုးမှ မလျော့ဘူး။ အသက်တစ်ချောင်းချင်းစီနဲ့ မြှောက်ပြီးကို နာကျည်းတာ။စစ်တပ်ကျေးဇူး မူးလို့ရှူစရာမရှိ။

Source: Pencilo On Earth

စကစေတြဖန္တီးေနတဲ့ ကိုဗစ္အေၾကာင္းကို ေရးသားလာတဲ့ ပန္ဆယ္လို

အာဏာသိမ္းၿပီးကာလေတြမွာေတာ့ စကစ ကေနအပူတျပင္းနဲ႔အလို႐ွိေနတဲ့ ပန္ဆယ္လိုကေတာ့ လြတ္ေျမာက္ရာျဖစ္တဲ့ အေမရိကန္ႏိုင္ငံကို

သြားေရာက္ႏိုင္ခဲ့လို႔ လူေတြရဲ႕ေဝဖန္မႈကို ခံေနရေပမဲ့ ပန္ဆယ္လိုကေတာ့ အျပဳံးမပ်က္ခဲ့ပါဘူး။

ဒီေန႔ေလးမွာေတာ့ ပန္ဆယ္လိုက ” COVID Third Wave ဟာ တစ္ပတ္ဆယ္ရက္အတြင္း

အျပင္းအထန္အေျခအေနကို ဆိုက္ေရာက္လာတယ္။ COVID ဟာ Psywar မဟုတ္တဲ့ တကယ့္ Serious အေျခအေနပါ။

ဒီရက္ထဲမွာ COVID ကို စကစက လက္နက္အျဖစ္ သုံးလာၿပီလားလို႔ ေတြးမိလာတယ္။

အာဏာသိမ္း ၅လေက်ာ္ကာလမွာ ဒီျပည္သူဟာ အုပ္ခ်ဳပ္ခံဖို႔ အျပင္းအထန္ ျငင္းဆန္႐ုန္းကန္ေနတယ္၊ ဆက္

ၿပီးလည္း ေတာ္လွန္ေနဦးမယ္ဆိုတာ သိသာလာတယ္။ ေဘာမရပ္ကြက္က စိမ္းပိန္းတို႔ ေပမမွီေဒါက္မမွီဉာဏ္ရည္ေတြနဲ႔ ေျပာေနသလို ေႏြဦးေတာ္လွန္ေရးကို

ဘယ္ႏိုင္ငံ၊ ဘယ္အဖြဲ႕အစည္းက ေထာက္ပံ့ေနတယ္ဆိုတာေတြဟာ တကယ္မဟုတ္ဘူး။

ျပည္သူက ျပည္သူကို ေထာက္ကန္ထားတာ။ ျပည္သူက ျပည္သူကို ကူညီေနတာ

ေၾကာင့္ ဒီေတာ္လွန္ေရးဟာ ရပ္တန္႔မသြားတာ။ ဒါကို စစ္ေကာင္စီက နားလည္လက္ခံလာၿပီ။ နားလည္လက္ခံတယ္ဆိုလို႔ အထင္မႀကီးလိုက္နဲ႔ေနာ္။

ေကာင္းေသာနားလည္ျခင္းမ်ိဳး မဟုတ္ဘူး။ ျပည္သူက ျပည္သူကို ကူညီေထာက္ပံ့ေနတာေတြ ရပ္တန္႔သြားဖို႔က ျပည္သူကိုတားမရဘူး။ တားေနတဲ့ၾကားက နည္းအမ်ိဳးမ်ိဳးနဲ႔

ေဖာက္ထြက္ႏိုင္ေနၾကတာ။ အလြယ္ဆုံးနည္းက ျပည္သူက ျပည္သူကို ေထာက္ကန္ေပးေနတာေတြကို ရပ္တန္႔ဖို႔ ျပည္သူေတြကို ဒုကၡေပးထားႏိုင္ဖို႔ပဲ ႐ွိတယ္။

ရဲတပ္ရင္းေတြမွာ ကူးစက္တယ္။ သိတယ္ေနာ္။ သူတို႔မသိတာ မဟုတ္ဘူး။ ျပည္သူေတြၾကားမွာ တမင္လႊတ္ေပးထားတာ။ အခု အေတာ္မ်ားမ်ား ကူးစက္ခံေနရၿပီ။

အေသအေပ်ာက္ႏႈန္းေတြ မ်ားလာၿပီ။ ထုတ္သာမေျပာၾကတာ… အေတာ္မ်ားမ်ား ဖ်ားေနၾကၿပီ။ အသက္ေဘးကေန ႐ုန္းကန္ဖို႔ စိတ္အား၊ လူအား၊ ေငြအား အကုန္သုံးရတာ။

ဒီလိုဒုကၡေရာက္လာရင္ ေတာ္လွန္ေရးကို အာ႐ုံေလ်ာ့ၿပီး COVID မွာ လုံးခ်ာလည္ရင္း အုပ္ခ်ဳပ္ခံသြားမယ္လို႔ စကစက မေတြးဘူး မေျပာႏိုင္ဘူး။လူေပါင္း

သန္းခ်ီ ခ်ီတက္ဆႏၵျပတဲ့ ၂ ငါးလုံးလို အေရးေတာ္ပုံေန႔ရက္ေတြ ေနာက္ပိုင္းမွာေတာင္ အခုလို အစုလိုက္ အျပဳံလိုက္ ကူးစက္မႈေတြ မ႐ွိခဲ့ဘူး။

အခုက်မွ ဘာလို႔ အစုလိုက္အျပဳံလိုက္ ကူးစက္ခံေနရသလဲ။ ကူးစက္မႈေတြ အုံနဲ႔က်င္းနဲ႔ျဖစ္လာခ်ိန္မွာေတာင္ ေက်ာင္းေတြ တရားဝင္ မပိတ္ေသးဘူး။ ကူးစက္မႈကို ရပ္တန္႔ဖို႔ ဘာ

အစီအမံမွ မ႐ွိေသးဘူး။ ေဒၚေအာင္ဆန္းစုၾကည္ေခတ္က COVID Center ေတြက ပစၥည္းေတြအကုန္ စစ္ေဆး႐ုံကို သယ္ခ်သြားတာ ၾကာေပါ့။

အဲ့ပစၥည္းေတြ မ႐ွိေတာ့တာမွ မဟုတ္တာ။ ဒါေပမယ့္ လည္ပတ္ႏိုင္လား၊ လည္ပတ္ဖို႔ ႀကိဳးစားလား။ ဘာမွမလုပ္ဘူး။ ေရာဂါမူရင္းပိုင္႐ွင္ႀကီး ႐ွီတို႔ကလည္း COVID Center လာ

ေဆာက္ေပးမယ္ဘာညာ ေလသံၾကားေနရၿပီ။ ထားပါ… ေဆာက္ေပးေတာ့လည္း ကုခံရလို႔ သက္သာသူ႐ွိလည္း မနည္းဘူးမလား။

ေရာဂါျမင့္တက္ေနခ်ိန္မွာ တိုင္းျပည္ေခ်ာက္ထဲက်ရန္ လက္ႏွစ္လုံးအလို စစ္တပ္မွကယ္တင္လိုက္သည္ဆိုတဲ့ ေက်းဇူး႐ွင္ေဖေဖႀကီးဇာတ္လမ္းကို Version ေျပာင္း ႐ိုက္ေနၿပီလို႔ပဲ ျမင္မိတယ္။

စကစရဲ႕ အႀကီးမားဆုံး အားနည္းခ်က္က အၿမဲတမ္း ျပည္သူကို ေလွ်ာ့တြက္တာပဲ။ COVID ပ်ံ႕ေအာင္တြန္းပို႔၊ ကူးလာတဲ့ COVID ကို ကုေပးႏိုင္ရင္ ျပည္သူက ျဖစ္သမွ်ေတြ ေမ့သြားၿပီး အခ်စ္ေတာ္ဝင္ အုပ္ခ်ဳပ္ခံမယ္ ထင္ေနၾကျပန္ၿပီ။

ဒီစစ္အာဏာသိမ္းမႈဟာ ၂၀၂၁ မွာ ျဖစ္တာ။ ဒီျပည္သူက COVID ျဖစ္ရင္ စစ္ကားေပၚ ေျပး

တက္မယ္ေတြးတဲ့အထိ ရန္ငါျပတ္ၿပီးသား။ ကာကြယ္ေပးႏိုင္ရင္ ေကာင္းပါတယ္။ ေက်းဇူးေတာ့ တင္စရာမ႐ွိ။

ကာကြယ္ေဆးရေနၿပီျဖစ္တဲ့ COVID ကို ေအာင္ႏိုင္ေတာ့မယ့္ အေျခအေနမွာ က်န္းမာေနဆဲ ျပည္သူေထာင္ခ်ီကို ပစ္သတ္တဲ့အျပင္ COVID Third Wave ကို သယ္ေဆာင္လာတာလည္း မင္းေအာင္လိႈင္ရဲ႕စစ္တပ္ပဲဆို

တာ မေမ့ပါဘူး။ ဒီ Third Wave မွာ အသက္ဆုံးပါးသူေတြဟာ COVID က သတ္တာခံရတာထက္ မင္းေအာင္လိႈင္သတ္လို႔ ေသရတာ။

ကမ႓ာမေၾကဘူးကေန တစ္က်ပ္ဖိုးမွ မေလ်ာ့ဘူး။ အသက္တစ္ေခ်ာင္းခ်င္းစီနဲ႔ ေျမႇာက္ၿပီးကို နာက်ည္းတာ။စစ္တပ္ေက်းဇူး မူးလို႔႐ွဴစရာမ႐ွိ။

Source: Pencilo On Earth