လူသေသွားပေမဲ့ နာမည်မသေတဲ့ ရေမွန်နဲ့ လူမသေဘဲ နာမည်သေသွားတဲ့ ဦးနေအောင်တို့အပေါ်မှာ အနုပညာချစ်ပရိတ်သတ်တွေရဲ့ ခံစားချက်ကွာဟမူ
ပရိတ်သတ်ကြီးရေ…သင်္ကြန်မင်းသားကြီးနေအောင်ကတော့ အနုပညာလောကမှာ သက်တမ်းကြာမြင့်စွာနဲ့ ပါဝင်သရုပ်ဆောင်သူဖြစ်ပါတယ်။
ဆိုရင်တော့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီးဦးနေအောင်ကွယ်လွန်သွားပြီဆိုတဲ့သတင်းအမှားေွထွက်ပေါ်နေတာပဲဖြစ်ပါတယ်နော်။
ဦးဝင်းမြိုင်ကြီးက postတ င်တယ်ကိုငြိမ်းမောင်ဆုံးပြီတဲ့…။ခဏကြာတော့ ပြန်တင်တယ် နေဒေါင်းနဲ့ နာမည်နားကြားလွဲပြီး တင်မိတာပါတဲ့…။
ကိုငြိမ်းမောင် မသေသေးပါဘူး ရှိပါသေးတယ်တဲ့။သူ့ဟာသူ သေသေရှင်ရှင် ကျတော်တို့အတွက်က ဘာမှအရေးကြီးတဲ့ သတင်းလည်းမဟုတ်သလို
ဝမ်းနည်း၊ဝမ်းသာလည်း မဖြစ်ဘူး။အနုပညာရှင်တ စ်ယောက်အနေနဲ့လည်း ဆုံးရှုံးလိူက်ရတယ်လို့ မခံစားရဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းက အကယ်ဒမီများရှင်ကြီး တစ်ယောက်အနိစ္စရောက်တယ်။ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးမို့သံဝေဂရစရာ တစ်ခုအနေနဲ့ မြင်မိပေမယ့်
မျက်လုံးထဲမှာတော့ သူ့ကျွန်မခံပြီဆိုတဲ့ ရုပ်ရှင်နဲ့ သူအကယ်ဒမီရတဲ့ နှစ်မှာစင်ပေါ်ကနေ သူ့ကျွန်မ ခံပြီ သူ့ကျွန်မခံပြီ ဆိုပြီး အော်တဲ့ပုံရိပ်ကြီးကို ပြန်မြင်လာတော့
ကျတော်ဘာကိုတွေးမိလဲဆိုရင်သူသေတာ လူတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်တာတစ်ခုကလွဲရင် တိုင်းပြည်အတွက်တော့ ဘာမှ နှမျောစရာကိုမရှိဘူးဆိုတာပါပဲ။
ခုလည်း ကိုငြိမ်းမောင်ရဲ့ သတင်းကိုကြားတယ်။ အေးဆေးပဲ သေ သေတယ်ပေါ့ ဘာကိုဝမ်းနည်းစရာ၊ နှမျောစရာရှိမှာလဲ။
သက်တမ်းစေ့အောင် နေသွားရလို့ သူတို့ကတောင် သေမင်းကို ကျေးဇူးတင်ရဦးမယ်။
မသေဘူးဆိုတော့လည်း ဟူး…တော်သေးတာပေါ့ တကယ်မဟုတ်လို့ဆိုပြီးလည်း မတွေးမိဘူး။
ကျတော့်အတွက်တော့ ဒီအချိန်မှာ လူတစ်ယောက် သေဆုံးခြင်းကို နိုင်ငံရေးနဲ့ပဲသွားသွားပြီး ချိန်ထိုးမိနေတယ် ။
သူမသေခင် ဘာတွေလုပ်သွားလဲ သူ့အနုပညာ၊သူ့မိသားစု၊သူ့ပတ်ဝန်းကျင်အပေါ် သူထားတဲ့ သူ့ရဲ့စိတ်ဓါတ်အပြင် လက်ရှိ ဓမ္မနဲ့ အဓမ္မဘက်မှာရော
သူဘယ်ဘက်က ရပ်တည်လဲဆိုတာကိုပဲကြည့်မိတယ်။ တွတ်ပီဆုံးတော့ တအားဝမ်းနည်းမိတယ်။
မိတ်ဆွေတ စ်ယောက်၊ ကိုယ်သဘောကျရတဲ့ အနုပညာရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုတာထက်
မ္မဘက်မှာရပ်တည်နေတဲ့ လူတစ်ယောက်ကို လမ်းတစ်ဝက်မှာ လွှတ်ချခဲ့လိုက်ရတယ်ဆိုတဲ့ အတွေးကြောင့် ပိုပြီးနာကျင်မိတယ်။
ခံယူချက်တစ်ခုအတွက်နဲ့ ဝါသနာတွေ၊ဘဝတွေကို စွန့်ပြီးတိုက်ပွဲဝင်ဖို့ ဒီခရီးကိုသွားခဲ့တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့တင်
သူသေဆုံးသွားရခြင်းက ကိုငြိမ်းမောင်တို့ ၊ ဟိုအကယ်ဒမီများရှင်တို့ထက် ပိုမြတ်တယ်။
ထင်းတုံးတွေ၊ကားတာယာတွေနဲ့ သဂြိုလ်ခံခဲ့ရတဲ့ သူ့အသုဘက ရွှေထီးတွေမိုးပြီး ပြင်ဆင်ထားတဲ့ အသုဘထက်ပိုခမ်းနားတယ်။
တွတ်ပီ မရှိတော့ဘူး လူတော့သေသွားပြီဒါပေမယ့် သူ့နာမည်က ကျတော့်တို့ရင်ဘတ်ထဲဘ ယ်တော့မှ မသေဘူး။
အကယ်ဒမီများရှင် သူလည်း မနေ့တစ်နေ့ကမှ လူသေသွားတယ်။
ဒါပေမယ့် သူ့နာမည်ကတော့ ကျတော်တို့ရင်ဘတ်ထဲ နှစ်ပေါင်းများစွာထဲက သေသွားတာကြာပြီ။
ကိုငြိမ်းမောင် လူမသေပါဘူးတဲ့…ဟုတ်ကဲ့… နာမည်ကတော့သေသွားတာကြာပါပြီ။
ဒီလိုပါပဲ တစ်ချို့တစ်ချို့သော သူတွေ ရှိပါသေးတယ်။လူကတော့ အကောင်းကြီးရှိပေမယ့်
နာမည် သဂြိုလ်ခံလိုက်ရတဲ့ သူတွေနဲ့အနုပညာရှင်တွေပေါ့…။ဒီနေရာမှာ ဆရာမ ပန်းရိပ်ဖြူရဲ့ စကားလုံးလေးယူသုံးရရင်ဒီအရေးတော်ပုံကြီးဖြစ်တော့မှပဲ
ကိုယ့်အရှေ့မှာ မျက်စိနဲ့ မြင်လိုက်ရတဲ့ ရေခဲပန်းပုတွေမှ အများကြီးဆိတာပါပဲ…။ ဆိုပြီးပရိ သတ်တွေကြားထဲမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်…
မင်းသားကြီးနေအောင် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေတက်လာတဲ့အပေါ်မှာလည်း ပရိသတ်တွေ ဝမ်းနည်းမှုမရှိခဲ့ကြပါဘူး..
ပရိသတ်ကြီးရဲ့ ခံစားချက်တွေကိုလည်း ရေးပေးသွားကြပါအုံးနော်.
crd-celeworld
Zawgyi Version
ဆိုရင်တော့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီးဦးနေအောင်ကွယ်လွန်သွားပြီဆိုတဲ့သတင်းအမှာွးေထွက်ပေါ်နေတာပဲဖြစ်ပါတယ်နော်။
crd-celeworld