ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့ အလွယ်ကူအထိရောက်ဆုံး သဘာဝနည်းလမ်းသုံးမျိုး
နှုတ်ခမ်းသား ခြောက်သွေ့ပြီး ညိုနေလို့ စိတ်ညစ်နေပါသလား။
အခုတလော ခေတ်စားနေတဲ့ matte နှုတ်ခမ်းနီတွေနဲ့၊ အခြားနှုတ်ခမ်းနီတွေက နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။
အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ နှုတ်ခမ်းသားလေးတွေကို နူးညံ့လာစေတဲ့အပြင်
ပန်းရောင်သန်းစေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေဖြစ်ပါတယ်။
(၁) သံပုရာ
သံပုရာကို အမဲစက်တွေ လျော့နည်းစေဖို့ အသုံးပြုကြသလို နှုတ်ခမ်းသားညိုတဲ့ သူတွေ အတွက်လည်း အထူးကောင်းမွန်ပါတယ်။
ညိုနေတဲ့ နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင် သမ်းလာစေပါတယ်။
အသုံးပြုနည်း
သံပုရာသီးကို အရည်ညှစ်ပြီး ညအိပ်ရာ မဝင်ခင် နှုတ်ခမ်းပေါ်ကို လိမ်းပေးပါ။
ဒီရိုးရှင်းတဲ့ နည်းလေးကို တစ်လလောက် ပုံမှန်လေး လုပ်ပေးပါ။
နောက်တစ်နည်းကတော့ သံပုရာခြမ်းလေးကို သကြားတို့ပြီး နှုတ်ခမ်းသားကို ပွတ်ပေးပါ။
အဲလိုလုပ်ပေးခြင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားလေးကို အသစ်ပြုပြင်ပြောင်းလဲပေးပါတယ်။
သုံးပတ်လောက်ပုံမှန် လုပ်ပေးပါ။
နောက်တစ်နည်းကတော့ သံပုရာရည်၊ အလှဆီ နဲ့ ပျားရည်တို့ကို ဆတူရောစပ်ပြီး ညအိပ်ခါနီးတိုင်း ပုံမှန် လိမ်းပေးပါ။
ထူးခြားမှုကို အမြန်ဆုံး တွေ့ရမှာပါ။
သံလွင်ဆီ
သံလွင်ဆီဟာ နှုတ်ခမ်းသားကို ဖူးဖူးလေးနဲ့ တောက်ပစေတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။
သံလွင်ဆီဟာ သင့်နှုတ်ခမ်းသားတွေကို အစိုဓာတ်ဖြည့်ပေးပြီး
ပျော့ပျောင်း နူးညံ့လာစေမယ့် မရှိမဖြစ် အဆီတစ်မျိုးဖြစ်ပါတယ်။
အသုံးပြုနည်း
သံလွင်ဆီနဲ့သကြားကို ရောပြီး သင့်ရဲ့နှုတ်ခမ်းကို ပွတ်ပေးပါ။
တစ်ပတ်လောက်ကြာရင် ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ် လို့
homeremedies က ဖော်ပြပေးထားပါတယ်။
သကြား
သကြားဟာ သင့်နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို အလွှာလိုက် ကွာကျစေနိုင်တဲ့ သဘာဝ ပစ္စည်းကောင်းတစ်လက် ဖြစ်ပါတယ်။
အသုံးပြုနည်း
သကြားနဲ့ထောပတ်ကို ပျစ်ပျစ်လေးရောလိုက်ပါ။ ရလာတဲ့ အနှစ်နဲ့ နှုတ်ခမ်းသားကို ပွတ်လိမ်းပေးပါ။
တစ်ပတ်ကို တစ်ခါလောက်လုပ်ပေးခြင်းဖြင့် သင့်နှုတ်ခမ်သားလေး စိုပြေပြီး ပန်းရောင်သမ်းလာမှာ ဖြစ်ပါတယ်။
တခြားနည်းကတော့ သကြားကို သင်သုံးနေကျ cream တစ်ခုခုနဲ့ ရောပြီး အိပ်ရာမဝင်ခင်တိုင်း
နှုတ်ခမ်းသားကို ပွတ်လိမ်းပေးခြင်းဖြင့် ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ။
Credit
Zawgyi Version
ပန္းေရာင္ႏႈတ္ခမ္းသားေလးရ႐ွိဖို႔ အလြယ္ကူအထိေရာက္ဆုံး သဘာဝနည္းလမ္းသုံးမ်ိဳး
ႏႈတ္ခမ္းသား ေျခာက္ေသြ႕ၿပီး ညိဳေနလို႔ စိတ္ညစ္ေနပါသလား။
အခုတေလာ ေခတ္စားေနတဲ့ matte ႏႈတ္ခမ္းနီေတြနဲ႔၊ အျခားႏႈတ္ခမ္းနီေတြက ႏႈတ္ခမ္းသားကို ေျခာက္ေသြ႕ေစပါတယ္။
အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကေတာ့ ႏႈတ္ခမ္းသားေလးေတြကို ႏူးညံ့လာေစတဲ့အျပင္
ပန္းေရာင္သန္းေစႏိုင္တဲ့ သဘာဝနည္းလမ္းေလးေတြျဖစ္ပါတယ္။
(၁) သံပုရာ
သံပုရာကို အမဲစက္ေတြ ေလ်ာ့နည္းေစဖို႔ အသုံးျပဳၾကသလို ႏႈတ္ခမ္းသားညိဳတဲ့ သူေတြ အတြက္လည္း အထူးေကာင္းမြန္ပါတယ္။
ညိဳေနတဲ့ ႏႈတ္ခမ္းသားေတြကို သဘာဝအတိုင္း ပန္းေရာင္ သမ္းလာေစပါတယ္။
အသုံးျပဳနည္း
သံပုရာသီးကို အရည္ညႇစ္ၿပီး ညအိပ္ရာ မဝင္ခင္ ႏႈတ္ခမ္းေပၚကို လိမ္းေပးပါ။
ဒီ႐ိုး႐ွင္းတဲ့ နည္းေလးကို တစ္လေလာက္ ပုံမွန္ေလး လုပ္ေပးပါ။
ေနာက္တစ္နည္းကေတာ့ သံပုရာျခမ္းေလးကို သၾကားတို႔ၿပီး ႏႈတ္ခမ္းသားကို ပြတ္ေပးပါ။
အဲလိုလုပ္ေပးျခင္းဟာ ဆဲလ္ေသေတြကို ဖယ္႐ွားေပးႏိုင္ၿပီး ႏႈတ္ခမ္းသားေလးကို အသစ္ျပဳျပင္ေျပာင္းလဲေပးပါတယ္။
သုံးပတ္ေလာက္ပုံမွန္ လုပ္ေပးပါ။
ေနာက္တစ္နည္းကေတာ့ သံပုရာရည္၊ အလွဆီ နဲ႔ ပ်ားရည္တို႔ကို ဆတူေရာစပ္ၿပီး ညအိပ္ခါနီးတိုင္း ပုံမွန္ လိမ္းေပးပါ။
ထူးျခားမႈကို အျမန္ဆုံး ေတြ႕ရမွာပါ။
သံလြင္ဆီ
သံလြင္ဆီဟာ ႏႈတ္ခမ္းသားကို ဖူးဖူးေလးနဲ႔ ေတာက္ပေစတဲ့ သဘာဝပစၥည္းျဖစ္ပါတယ္။
သံလြင္ဆီဟာ သင့္ႏႈတ္ခမ္းသားေတြကို အစိုဓာတ္ျဖည့္ေပးၿပီး
ေပ်ာ့ေပ်ာင္း ႏူးညံ့လာေစမယ့္ မ႐ွိမျဖစ္ အဆီတစ္မ်ိဳးျဖစ္ပါတယ္။
အသုံးျပဳနည္း
သံလြင္ဆီနဲ႔သၾကားကို ေရာၿပီး သင့္ရဲ႕ႏႈတ္ခမ္းကို ပြတ္ေပးပါ။
တစ္ပတ္ေလာက္ၾကာရင္ ထူးျခားေကာင္းမြန္တဲ့ ရလဒ္ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္ လို႔
homeremedies က ေဖာ္ျပေပးထားပါတယ္။
သၾကား
သၾကားဟာ သင့္ႏႈတ္ခမ္းေပၚက ဆဲလ္ေသေတြကို အလႊာလိုက္ ကြာက်ေစႏိုင္တဲ့ သဘာဝ ပစၥည္းေကာင္းတစ္လက္ ျဖစ္ပါတယ္။
အသုံးျပဳနည္း
သၾကားနဲ႔ေထာပတ္ကို ပ်စ္ပ်စ္ေလးေရာလိုက္ပါ။ ရလာတဲ့ အႏွစ္နဲ႔ ႏႈတ္ခမ္းသားကို ပြတ္လိမ္းေပးပါ။
တစ္ပတ္ကို တစ္ခါေလာက္လုပ္ေပးျခင္းျဖင့္ သင့္ႏႈတ္ခမ္သားေလး စိုေျပၿပီး ပန္းေရာင္သမ္းလာမွာ ျဖစ္ပါတယ္။
တျခားနည္းကေတာ့ သၾကားကို သင္သုံးေနက် cream တစ္ခုခုနဲ႔ ေရာၿပီး အိပ္ရာမဝင္ခင္တိုင္း
ႏႈတ္ခမ္းသားကို ပြတ္လိမ္းေပးျခင္းျဖင့္ ထူးျခားေကာင္းမြန္တဲ့ ရလဒ္ကို ေတြ႕ျမင္ရမွာပါ။
Credit