ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင်းပေါက်ကွဲမှု CCTV ရုပ်သံထွက်ပေါ်လာ
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင်းပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ ဇူလိုင် ၈
ရန်ကုန်၊ လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော် စိန်ရွှေရတနာအရောင်းဆိုင်အတွင်း
ဇူလိုင်လ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲပြီး
ဆိုင်ရှိ အရောင်းဝန်ထမ်းအမျိုးသမီး ထိခိုက်ဒဏ်ရာရသည်ဟု သတင်းရရှိသည်။
“အရောင်းဝန်ထမ်း ကောင်မလေး ထိသွားတယ်၊ ဒဏ်ရာအခြေအနေတော့ မသိရသေးဘူး၊
ဆိုင်က ရွှေထည် တချို့လည်း ပါသွားတယ်လို့ ကြားတယ်” ဟု
လမ်းမတော်ဒေသခံတစ်ဦးမှ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ပိုင်ဆိုင်သော
အဆိုပါ စိန်ရွှေရတနာအရောင်းဆိုင်ကို လက်ရှိအချိန်တွင် ပိတ်ထားလိုက်ပြီး
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အနီးတဝိုက်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်။
source – khit thit media
Zawgyi Version
ရန်ကုန်၊ ဇူလိုင် ၈
source – khit thit media