ပညာပေး

အဖော်အိပ်ပေးမယ့်ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တဲ့အခါ…

အဖော်အိပ်ပေးမယ့်ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တဲ့အခါ…

အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်…

ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ်မလေးတွေကို ခေါပြီးအိပ်တယ် …။

တစ်ည အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံ ကြားလို့

မသိမသာကြည့်လိုက်တော့ သူခိုး ကပ်နေမှန်း သိလိုက်တယ် …။

ကြောက်လည်း ကြောက်တယ်၊ ရှိစုမဲ့လေးတွေပါသွားမှာလည်း စိုးတယ်၊

အော်လိုက်ပြန်လည်း သူခိုးက ဒီအတိုင်းထွက်ပြေးရင်တော်ရဲ့ သူမကို ရန်ပြုမှဖြင့် …။

ခဏနေတော့ အကြံရသွားတယ်။ ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြမယ်ဆိုပြီး

သူ့ဘေးမှာ လူရှိနေသလို အသံခပ်ကျယ်ကျယ်နဲ့ ပြောတယ် …။

ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး

သူ့ဟာသူ ပြောပြန်တယ်။ ပြီးတော့ ပုံပြင် စ ပြောတယ် …။

“ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက် ရှိတယ်…

တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေါ့ …

သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်…ပို့ပေးနိုင်မလားမေးတာပေါ့…

လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်…

ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေး သွားတောင်းတာပေါ့…”

အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်တယ်…

သူ့ ပုံပြင်ကို သူခိုးကလည်း နားထောင်နေမှန်းသိတော့ အသံနေအသံထားနဲ့ ဆက်ပြီး ပြောတယ် …။

“မိန်းမကြီးက သူ့ကိစ္စပြီးလို့ ပြန်လာတယ်…ချောင်းကိုဖြတ်မယ်လည်း လုပ်ကော

သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကို ပြန်ရောက်နေတာ တွေ့လိုက်တယ်တဲ့ …။

အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေါ့ ။

အဲ့ မိန်းမကြီး စီးလာတဲ့လှေနဲ့ အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် …။

ပထမလှေရှင်က သူ့လူကို ဘာကြောင့်တင်ခေါ်လာရတာလဲ ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ်

ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေါ့ …။

ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ ငါတင်တယ်နဲ့ စကားတွေများ နေကြတော့တာပေါ့

လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြော လိုက်တယ် …။

ကဲ…ကဲ… နှစ်ယောက်လုံး ပိုက်ဆံရအောင်နှစ်စီးလုံးကို ငါစီးမယ်…လှေချင်းကပ်ကြလို့ ပြောတယ်…

လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ်…

မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွာ တာပေါ့ …။

ကမ်းနားလည်း ရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့

အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း ကျွမ်းပြန်သွားပြီး” အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ ”လို့ အော်တာပေါ့ …။

ပုံပြင်ထဲက ဇာတ်ကြောင်းနဲ့ရောပြီး

“အမလေး ကယ်ကြပါ…အမလေး ကယ်ကြပ်…ကယ်ကြပါအုံးတော်….”အသံကုန် အော်လိုက်တယ် …။

သူခိုး ငပိန်းကတော့ ပုံပြင်ပြောနေတာပဲဆိုပြီး ရယ်လို့မောလို့ ကောင်းတုန်း …။

အပျိုကြီးအော်သံကြောင့်ရောက်လာတဲ့ရွာသားတွေကထိုင်ပြီးရယ်နေတဲ့

သူခိုးကို အလွယ်တကူ ဖမ်းမိသွားတယ် …။

ပြောချင်တာကတော့ ကိုယ့်ရည်ရွယ်ချက်ကိုဦးတည်ပြီးမလုပ်ဘဲ

ဘေးစကားတွေနားထောင်နေမယ်ဆိုရင် ဒုက္ခတွေပဲ ကြုံနိုင်တယ်ဆိုတာပါပဲနော် …။ ။

မူရင်းရေးသားသူအား လေးစားလျှက်…။

Credit ပေးပါတယ်….။

Zawgyi Version

အေဖာ္အိပ္ေပးမယ့္ကေလးေတြ မေရာက္ခင္ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္သံၾကားလို႔ မသိမသာၾကည့္လိုက္တဲ့အခါ…

အသက္၄၀ နီးပါး႐ွိေနၿပီျဖစ္ေသာ အပ်ိဳႀကီးတစ္ေယာက္…

ကူေဖာ္ေလာင္ဖက္လည္း မ႐ွိေတာ့ ညက်ရင္ အိမ္နီးခ်င္း သူငယ္မေလးေတြကို ေခါၿပီးအိပ္တယ္ …။

တစ္ည အေဖာ္အိပ္ေပးမယ့္ ကေလးေတြမေရာက္ခင္ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္သံ ၾကားလို႔

မသိမသာၾကည့္လိုက္ေတာ့ သူခိုး ကပ္ေနမွန္း သိလိုက္တယ္ …။

ေၾကာက္လည္း ေၾကာက္တယ္၊ ႐ွိစုမဲ့ေလးေတြပါသြားမွာလည္း စိုးတယ္၊

ေအာ္လိုက္ျပန္လည္း သူခိုးက ဒီအတိုင္းထြက္ေျပးရင္ေတာ္ရဲ႕ သူမကို ရန္ျပဳမွျဖင့္ …။

ခဏေနေတာ့ အၾကံရသြားတယ္။ ဟဲ့ ေကာင္မေလးေတြ ညည္းတို႔ကို ငါပုံျပင္ေျပာျပမယ္ဆိုၿပီး

သူ႕ေဘးမွာ လူ႐ွိေနသလို အသံခပ္က်ယ္က်ယ္နဲ႔ ေျပာတယ္ …။

ဟုတ္ကဲ့ နားေထာင္မွာေပါ့႐ွင့္ ဆိုၿပီး ေကာင္မေလးေတြက ျပန္ေျပာေလဟန္ အသံဖ်က္ၿပီး

သူ႕ဟာသူ ေျပာျပန္တယ္။ ၿပီးေတာ့ ပုံျပင္ စ ေျပာတယ္ …။

“ေ႐ွးအခါက ႐ြာတစ္႐ြာမွာ အလြန္ကပ္ေစးနဲတဲ့ မိန္းမႀကီးတစ္ေယာက္ ႐ွိတယ္…

တစ္ေန႔ေတာ့ အဲဒီမိန္းမႀကီးဟာ ေခ်ာင္းတစ္ဖက္ကမ္းမွာ႐ွိတဲ့ ႐ြာတစ္႐ြာကို အေႂကြးသြားေတာင္းတာေပါ့ …

သူေခ်ာင္းျဖတ္ဖို႔ ေလွတစ္စင္းကိုေခၚၿပီး ဟိုဖက္ကမ္းကို အသြားအျပန္ ေငြတစ္ျပားေပးမယ္…ပို႔ေပးႏိုင္မလားေမးတာေပါ့…

ေလွသမားကလည္း ပို႔ေပးမယ္ဆိုတာနဲ႔ သူလည္း အဲဒီေလွနဲ႔ ေခ်ာင္းကို ျဖတ္သြားလိုက္တယ္…

ကမ္းကိုေရာက္ေတာ့ မိန္းမႀကီးက ပိုက္ဆံမေပးခဲ့ပဲ ျပန္မွေပးမယ္ ေစာင့္ေနလို႔ မွာခဲ့ၿပီး အေႂကြး သြားေတာင္းတာေပါ့…”

အပ်ိဳႀကီးက ေျပာလက္စကို ခဏရပ္ၿပီး အသံကို နားစြင့္တယ္…

သူ႕ ပုံျပင္ကို သူခိုးကလည္း နားေထာင္ေနမွန္းသိေတာ့ အသံေနအသံထားနဲ႔ ဆက္ၿပီး ေျပာတယ္ …။

“မိန္းမႀကီးက သူ႕ကိစၥၿပီးလို႔ ျပန္လာတယ္…ေခ်ာင္းကိုျဖတ္မယ္လည္း လုပ္ေကာ

သူစီးလာတဲ့ေလွက တစ္ဘက္ကမ္းကို ျပန္ေရာက္ေနတာ ေတြ႕လိုက္တယ္တဲ့ …။

အဲဒါနဲ႔ မိန္းမႀကီးလည္း အနီးအနား႐ွိတဲ့ေလွကိုပဲ ေငြတစ္ျပားေပးမယ္ဆိုၿပီး ထပ္ငွားခဲ့ရျပန္တာေပါ့ ။

အဲ့ မိန္းမႀကီး စီးလာတဲ့ေလွနဲ႔ အရင္က စီးခဲ့တဲ့ ေလွတို႔ဟာ ေရလယ္မွာေတြ႕ၾကတယ္ …။

ပထမေလွ႐ွင္က သူ႕လူကို ဘာေၾကာင့္တင္ေခၚလာရတာလဲ ငါျပန္တင္ပို႔ရင္ ေငြတစ္ျပားရမယ္

ခုေတာ့ ငါပို႔တဲ့တစ္ေခါက္ဟာ အလကားျဖစ္သြားၿပီဆိုၿပီး ေျပာတာေပါ့ …။

ဒုတိယေလွ႐ွင္ကလည္း ငါ့ကိုငွားလို႔ ငါတင္တယ္နဲ႔ စကားေတြမ်ား ေနၾကေတာ့တာေပါ့

ေလွ႐ွင္ႏွစ္ဦး အျငင္းအခုန္ျဖစ္ေနေတာ့ မိန္းမႀကီးက ေျပာ လိုက္တယ္ …။

ကဲ…ကဲ… ႏွစ္ေယာက္လုံး ပိုက္ဆံရေအာင္ႏွစ္စီးလုံးကို ငါစီးမယ္…ေလွခ်င္းကပ္ၾကလို႔ ေျပာတယ္…

ေလွ႐ွင္ႏွစ္ဦးလည္း ေလွေတြကို ပူးကပ္ေပးလိုက္ၾကတယ္…

မိန္းမႀကီးက ေလွႏွစ္စီးလုံးကို ခြၿပီး စီးလိုက္သြာ တာေပါ့ …။

ကမ္းနားလည္း ေရာက္ကာနီးေကာ ေလွတစ္စင္းဟာ တက္လည္သြားတာနဲ႔

အဲဒီခြစီးလာတဲ့မိန္းမႀကီးလည္း ကြၽမ္းျပန္သြားၿပီး” အမယ္ေလး၊ ကူၾကပါ၊ ကယ္ၾကပါ ”လို႔ ေအာ္တာေပါ့ …။

ပုံျပင္ထဲက ဇာတ္ေၾကာင္းနဲ႔ေရာၿပီး

“အမေလး ကယ္ၾကပါ…အမေလး ကယ္ၾကပ္…ကယ္ၾကပါအုံးေတာ္….”အသံကုန္ ေအာ္လိုက္တယ္ …။

သူခိုး ငပိန္းကေတာ့ ပုံျပင္ေျပာေနတာပဲဆိုၿပီး ရယ္လို႔ေမာလို႔ ေကာင္းတုန္း …။

အပ်ိဳႀကီးေအာ္သံေၾကာင့္ေရာက္လာတဲ့႐ြာသားေတြကထိုင္ၿပီးရယ္ေနတဲ့

သူခိုးကို အလြယ္တကူ ဖမ္းမိသြားတယ္ …။

ေျပာခ်င္တာကေတာ့ ကိုယ့္ရည္႐ြယ္ခ်က္ကိုဦးတည္ၿပီးမလုပ္ဘဲ

ေဘးစကားေတြနားေထာင္ေနမယ္ဆိုရင္ ဒုကၡေတြပဲ ၾကဳံႏိုင္တယ္ဆိုတာပါပဲေနာ္ …။ ။

မူရင္းေရးသားသူအား ေလးစားလွ်က္…။

Credit ေပးပါတယ္….။