News

ငယ်စဉ်ကတည်းက စစ်ဘေးရှောင်ဘဝနဲ့နေခဲ့ရပြီး အခုလည်း သူ့အသက်ကိုစွန့်ကာပြီး ရဲဘော်တွေကိုကယ်တင်ခဲ့တဲ့ KIAဗိုလ်ကြီး ဒူဝါနော်ထွန်းအောင်

ငယ်စဉ်ကတည်းက စစ်ဘေးရှောင်ဘဝနဲ့နေခဲ့ရပြီး အခုလည်း သူ့အသက်ကိုစွန့်ကာပြီး ရဲဘော်တွေကိုကယ်တင်ခဲ့တဲ့ KIAဗိုလ်ကြီး ဒူဝါနော်ထွန်းအောင်

ပြည်သူလူထုကတော့ ကိုဗစ်ကူးစက်ရောဂါကို တိုက်ထုတ်နေရချိန်မှာ

တချို့ဒေသလေးတွေမှာလည်း အပစ်အခတ်တွေရှိနေသေးတာဖြစ်ပါတယ်။

ဇူလိုင်လ (၉)ရက်နေ့၊ညနေ (၆)နာရီ အထိ KIA နဲ့ PDF တွေပူးပေါင်းပြီး

ရွှေကူ၊မြို့သစ်တိုက်ပွဲကို ခုခံခဲ့တာကြောင့် တစ်ဖက်အဖွဲ့အစည်းဘက်မှ အယောက် (၇၀)ထက်မနည်း

ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ KIA နဲ့ PDF ဘက်မှလည်း (၆)ဦးကျဆုံးပြီး (၁၁)ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

KIA မှ ဗိုလ်ကြီးဒူဝါနော်ထွန်းအောင်ကတော့ လေကြောင်းပစ်ခတ်မှုကိုခံနေရတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို

ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန်ကြိုးစားနေစဉ် ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

KIA ဗိုလ်ကြီးဒူဝါနော်ထွန်းအောင်က သူ့ရဲ့ငယ်ဘဝ အမှတ်တရလေးတွေကိုလည်း ရေးသား ပြောပြခဲ့သေးတာဖြစ်ပါတယ်။

သူ့ရဲ့မိဘနှစ်ပါးကတော့ တောင်ယာအလုပ်ကိုလုပ်ကိုင်ကြတာဖြစ်လို့ မနက်ကတည်းက တောင်ယာထဲသွားနေကြတာဖြစ်ပါတယ်။

မိဘနှစ်ပါးမရှိတဲ့အချိန်မှာ သူက အစ်မနဲ့အတူ အိမ်မှာနေခဲ့တာဖြစ်ပါတယ်။

မိဘနှစ်ပါးကလည်း တောင်ယာထဲသွားရင် အနည်းဆုံး(၃)ရက်လောက်ကြာတတ်တာဖြစ်ပါတယ်။

တစ်နေ့မှာတော့ အဖေနဲ့အမေတောင်ယာထဲသွားလို့ သူတို့မောင်နှမတွေပဲ ကျန်နေခဲ့ချိန်မှာ

ညသန်းခေါင်ယံရောက်တော့ သူတို့ဘဝအတွက်ကံဆိုးမိုးမှောင်ကျခဲ့တယ်လို့ စာထဲမှာရေးသားထားတာဖြစ်ပါတယ်။

သန်းခေါင်ယံ ည(၂)နာရီလောက်အချိန်မှာ အေးချမ်းသာယာတဲ့ သူတို့ရဲ့တောင်ပေါ်ဒေသလေးကို

မြန်မာတပ်မတော်က ထိုးစစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ KIA နဲ့တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

တစ်ရွာလုံးထွက်ပြေးကြတာကြောင့် သူတို့မောင်နှမတွေလည်း

အရမ်းကိုကြောက်ရွံ့တုန်လှုပ်ခဲ့ရပြီး ဘယ်ပြေးရမှန်းမသိလို့ထိုင်ငိုခဲ့ရတာဖြစ်ပါတယ်။

သူတို့မောင်နှမတွေကို ဝမ်းကွဲအစ်ကိုက လက်ကိုဆွဲခေါ်ပြီး ပြေးခဲ့တာကြောင့် စစ်ရှောင်စခန်းတစ်ခုကိုရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ရှောင်စခန်းတွေမှာပဲနေထိုင်ရင်း ကြီးပြင်းလာတဲ့ ဗိုလ်ကြီးဒူဝါနော်ထွန်းအောင်ကတော့

အခုချိန်မှာ အနာဂတ်နိုင်ငံတော်အတွက် အသက်ကိုပေးလှူသွားခဲ့တာဖြစ်လို့ သူ့ရဲ့ငယ်ဘဝအကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd

Zawgyi Version

ငယ္စဥ္ကတည္းက စစ္ေဘးေ႐ွာင္ဘဝနဲ႔ေနခဲ့ရၿပီး အခုလည္း သူ႕အသက္ကိုစြန္႔ကာၿပီး ရဲေဘာ္ေတြကိုကယ္တင္ခဲ့တဲ့ KIAဗိုလ္ႀကီး ဒူဝါေနာ္ထြန္းေအာင္

ျပည္သူလူထုကေတာ့ ကိုဗစ္ကူးစက္ေရာဂါကို တိုက္ထုတ္ေနရခ်ိန္မွာ

တခ်ိဳ႕ေဒသေလးေတြမွာလည္း အပစ္အခတ္ေတြ႐ွိေနေသးတာျဖစ္ပါတယ္။

ဇူလိုင္လ (၉)ရက္ေန႔၊ညေန (၆)နာရီ အထိ KIA နဲ႔ PDF ေတြပူးေပါင္းၿပီး

ေ႐ႊကူ၊ၿမိဳ႕သစ္တိုက္ပြဲကို ခုခံခဲ့တာေၾကာင့္ တစ္ဖက္အဖြဲ႕အစည္းဘက္မွ အေယာက္ (၇၀)ထက္မနည္း

ဒဏ္ရာရ႐ွိခဲ့တယ္လို႔သိရပါတယ္။ KIA နဲ႔ PDF ဘက္မွလည္း (၆)ဦးက်ဆုံးၿပီး (၁၁)ဦး ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

KIA မွ ဗိုလ္ႀကီးဒူဝါေနာ္ထြန္းေအာင္ကေတာ့ ေလေၾကာင္းပစ္ခတ္မႈကိုခံေနရတဲ့ သူ႕ရဲ႕တပ္ဖြဲ႕ဝင္ေတြကို

ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးရန္ႀကိဳးစားေနစဥ္ က်ဆုံးသြားခဲ့တာျဖစ္ပါတယ္။

KIA ဗိုလ္ႀကီးဒူဝါေနာ္ထြန္းေအာင္က သူ႕ရဲ႕ငယ္ဘဝ အမွတ္တရေလးေတြကိုလည္း ေရးသား ေျပာျပခဲ့ေသးတာျဖစ္ပါတယ္။

သူ႕ရဲ႕မိဘႏွစ္ပါးကေတာ့ ေတာင္ယာအလုပ္ကိုလုပ္ကိုင္ၾကတာျဖစ္လို႔ မနက္ကတည္းက ေတာင္ယာထဲသြားေနၾကတာျဖစ္ပါတယ္။

မိဘႏွစ္ပါးမ႐ွိတဲ့အခ်ိန္မွာ သူက အစ္မနဲ႔အတူ အိမ္မွာေနခဲ့တာျဖစ္ပါတယ္။

မိဘႏွစ္ပါးကလည္း ေတာင္ယာထဲသြားရင္ အနည္းဆုံး(၃)ရက္ေလာက္ၾကာတတ္တာျဖစ္ပါတယ္။

တစ္ေန႔မွာေတာ့ အေဖနဲ႔အေမေတာင္ယာထဲသြားလို႔ သူတို႔ေမာင္ႏွမေတြပဲ က်န္ေနခဲ့ခ်ိန္မွာ

ညသန္းေခါင္ယံေရာက္ေတာ့ သူတို႔ဘဝအတြက္ကံဆိုးမိုးေမွာင္က်ခဲ့တယ္လို႔ စာထဲမွာေရးသားထားတာျဖစ္ပါတယ္။

သန္းေခါင္ယံ ည(၂)နာရီေလာက္အခ်ိန္မွာ ေအးခ်မ္းသာယာတဲ့ သူတို႔ရဲ႕ေတာင္ေပၚေဒသေလးကို

ျမန္မာတပ္မေတာ္က ထိုးစစ္ဝင္ေရာက္တိုက္ခိုက္ခဲ့လို႔ KIA နဲ႔တိုက္ပြဲေတြျဖစ္ပြါးခဲ့တာျဖစ္ပါတယ္။

တစ္႐ြာလုံးထြက္ေျပးၾကတာေၾကာင့္ သူတို႔ေမာင္ႏွမေတြလည္း

အရမ္းကိုေၾကာက္႐ြံ႕တုန္လႈပ္ခဲ့ရၿပီး ဘယ္ေျပးရမွန္းမသိလို႔ထိုင္ငိုခဲ့ရတာျဖစ္ပါတယ္။

သူတို႔ေမာင္ႏွမေတြကို ဝမ္းကြဲအစ္ကိုက လက္ကိုဆြဲေခၚၿပီး ေျပးခဲ့တာေၾကာင့္ စစ္ေ႐ွာင္စခန္းတစ္ခုကိုေရာက္ခဲ့တာျဖစ္ပါတယ္။

စစ္ေ႐ွာင္စခန္းေတြမွာပဲေနထိုင္ရင္း ႀကီးျပင္းလာတဲ့ ဗိုလ္ႀကီးဒူဝါေနာ္ထြန္းေအာင္ကေတာ့

အခုခ်ိန္မွာ အနာဂတ္ႏိုင္ငံေတာ္အတြက္ အသက္ကိုေပးလႉသြားခဲ့တာျဖစ္လို႔ သူ႕ရဲ႕ငယ္ဘဝအေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Crd