Health

အနံပျောက်တဲ့အခါ ဒါမျိုးတွေ လုံးဝ မလုပ်ပါနဲ့နော် (သေချာဖတ်ပေးပါ)

အနံပျောက်တဲ့အခါ ဒါမျိုးတွေ လုံးဝ မလုပ်ပါနဲ့နော် (သေချာဖတ်ပေးပါ)

အနံ့ပျောက်တဲ့အခါ လူနာတွေကို ပရုတ်ဆီရှူခိုင်းတာမျိုးတွေ မလုပ်မိစေနဲ့နော်

(သေချာဖတ်ပေးပါ)

အနံ့ပျောက်သွားတဲ့ လူနာတွေကိုလေ ပရုတ်ဆီ ရှုခိုင်းတာတို့

အနံ့ပြင်းပြင်း ရှူခိုင်းတာတို့ လုပ်ကြတယ် ..

အခုဆိုရင် ထုံး နဲ့ လျက်ဆား ဆတူရောရှူလိုက် ပွင့်သွားမယ် တို့ ဘာတို့ အထိ ပါ လုပ်နေကြတာ တွေ့လို့ စိုးရိမ်လို့ပါ

ကိုဗစ် လူနာ အနံ့ပျောက်တာဟာ အနံ့ခံ တဲ့ အာရုံကြော ရောင်ယမ်းနေလို့ပါ ..

ဒါဟာ ရောဂါ ရဲ့ သဘာဝပဲ ဖြစ်ပြီး အချိန် တစ်ခု အကြာမှာ အနံ့က သူ့အလိုလို ပြန်ရလာပါလိမ့်မယ်

ကိုယ် ရှူလိုက်တဲ့ ပရုတ်ဆီကြောင့် , ထုံးကြောင့် , အပြင်းစား chemical ကြောင့် ပွင့်ထွက်သွားပြီး

အနံ့ပြန်ရတာ လုံးဝ လုံးဝ မဟုတ်ပါဘူးနော် အဲ့လိုတွေ ရှူတဲ့ အခါမှ အနံ့ပြန်ရတာလို့ မပြောပါနဲ့ ..

အဲ့လိုတွေ ရှူလိုက်တဲ့ နေ့နဲ့ ရောဂါ သူ့အလိုလို သက်သာတဲ့နေ့နဲ့ တိုက်ဆိုင်တာပါ အပြင်းစား chemicals တွေကို

ရှူရှိူက်လိုက်ရင် နှာခေါင်းထဲမှာ ရှိတဲ့ mucosa တွေ membrane အမြှေးပါးတွေ ထိခိုက်ပွန်းပဲ့ ပြီး

နှာခေါင်းသွေးလျှံခြင်း , burn ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ် ..

အဆုတ်ကိုလဲ ထိခိုက်စေနိုင်ပါတယ် .. အသက်ရှူရတာလဲ ပိုခက်ခဲစေနိုင်ပါတယ် ဒါ့ကြောင့် သူများအတွက်လဲ

ဒုက္ခမရောက်ရအောင် ဆေးမြီးတို အလွဲများ မပေးကြခြင်း ဖြင့်လဲ ကူညီကြရအောင်ပါ ..

အားရှိအောင် စားပါ .. အိပ်ရေး ဝအောင် အိပ်ပါ ..

အချိန်တန်ရင် အနံ့ ပြန်ရလာပါလိမ့်မယ် .. မထိတ်လန့်ကြပါနဲ့နော်

Credit

မေတ္တာဖြင့် ,

Dr Leik

Sharing is caring

Zawgyi Version



(သေချာဖတ်ပေးပါ)









ရှူရှိုက်လိုက်ရင် နှာခေါင်းထဲမှာ ရှိတဲ့ mucosa တွေ membrane အမြှေးပါးတွေ ထိခိုက်ပွန်းပဲ့ ပြီး






Credit

မေတ္တာဖြင့် ,

Dr Leik

Sharing is caring