ချစ်ရမှာကြောက်တတ်သူတွေရဲ့ လူတွေမသိအောင် ဖုံးကွယ်ထားတဲ့အချက်လေးများ…
တစ်ချို့လူတွေက အချစ် ဆိုတာကို မယုံကြည်ဘူးဆိုတာထက် ချစ်ရမှာကို ကြောက်နေ တတ်ကြပါတယ်။
တစ်စုံတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်ဖို့၊ တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုတာ
သူတို့အတွက်တော့ အတော်လေးကို စဉ်းစားရမယ့် အရာတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။
ဒီလို ချစ်ရမှာ ကြောက်တတ်တဲ့ သူတွေဆီမှာ လူတွေမသိအောင် ဖုံးကွယ်ထားတဲ့ ဒီလိုအချက်လေးတွေ ရှိနေတတ်ပါတယ်နော် ။
လူတွေကို မယုံကြည်လို့
သူတို့တွေက အချစ်ကို မယုံကြည်တာမျိုး မဟုတ်ပဲ
အချစ်ကို သယ်ဆောင်လာတတ်တဲ့ သူတွေကို မယုံကြည်ကြတာပါ။
အချစ်နဲ့ပတ်သက်ရင် ကွဲကြပြဲကြတာတွေ၊ သစ္စာဖောက်သွားတာတွေ
စသဖြင့် ဒါတွေကို တွေ့တာများလာတော့ လူတွေကို ယုံကြည်ရမှာ တွန့်ဆုတ်တတ်လာပါတယ်။
ဒါကြောင့်ပဲ တစ်စုံတစ်ယောက်ကို ချစ်ရမှာကို ကြောက်လာ တတ်ကြပါတယ် ။
အသည်းကွဲမှာကို ကြောက်တာ
ချစ်ရမှာ ကြောက်တဲ့သူတွေရဲ့အဓိက အချက်ကတော့ အသည်းကွဲမှာ၊ နာကျင်ခံစားရမှာကို ကြောက်တတ်ကြတာပါ။
ဒါကြောင့်ပဲ တစ်စုံတစ်ယောက်ကို သူတို့အချစ်တွေ ပုံအောပြီး ချစ်ရမှာကို ငြင်းဆိုနေတတ်ကြတာ ဖြစ်ပါတယ်။
တကယ်လို့ သူတို့ ချစ်လိုက်ကာမှ သူတို့ကို ထားရစ်ခဲ့မှာ၊ အသည်းကွဲသွားမှာကို ကြိုတွေးပူနေတတ်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ် ။
ရွေးချယ်မှုမှား မှာစိုးလို့
သူတို့တွေ အချိန်အကြာကြီး တစ်ယောက်တည်း နေနေရတာ၊ ချစ်သူရည်းစားထားဖို့ကို ငြင်းဆန်နေတာဟာ မချစ်တတ်လို့တော့ မဟုတ်ပါဘူးနော်။
သူတို့ ရွေးချယ်လိုက်တဲ့ သူဟာ သူတို့အတွက် တကယ်စစ်မှန်မှု မရှိနေရင်၊ သူတို့ရွေးချယ်လိုက်တဲ့သူဟာ
သူတို့အတွက် မှားယွင်းတဲ့ ရွေးချယ်မှုကြီး ဖြစ်သွားရင် ဆိုတဲ့ စိတ်နဲ့ပဲ တစ်စုံတစ်ယောက်ကို ချစ်ရမှာ ကြောက်နေတတ်ကြတာပဲ ဖြစ်ပါတယ် ။
နာက်င္ခဲ့ ဖူးလုိ႔
ချစ်ရမှာ ကြောက်သွားတဲ့ သူတွေက ဟိုအရင်က အရမ်းကို ချစ်တတ်တဲ့ သူတွေ ဖြစ်နေ တတ်ပါတယ်။
ဒါပေမယ့် အရမ်းချစ်မိတဲ့အတွက် အရမ်းနာကျင်ခဲ့ရတဲ့အခါ ထပ်ချစ်ရမှာကို ကြောက်သွား ခဲ့ကြတာပါ။
ထပ်ပြီး ချစ်ဖို့ကို သတ္တိမရှိတတ်ကြတော့ပဲ တစ်ခါကွဲဖူးတဲ့ အသည်းက လွယ်လွယ်နဲ့ အနာမကျက်နိုင်တဲ့
အခြေအနေမျိုးကို ကြုံရတဲ့အခါ ချစ်ရမှာကို ကြောက်သွား တတ်ကြပါတယ် ။
Credit
Zawgyi Version
ခ်စ္ရမွာေၾကာက္တတ္သူေတြရဲ႕ လူေတြမသိေအာင္ ဖုံးကြယ္ထားတဲ့အခ်က္ေလးမ်ား…
တစ္ခ်ိဳ႕လူေတြက အခ်စ္ ဆိုတာကို မယုံၾကည္ဘူးဆိုတာထက္ ခ်စ္ရမွာကို ေၾကာက္ေန တတ္ၾကပါတယ္။
တစ္စုံတစ္ေယာက္ကို ခ်စ္သူအျဖစ္ ေ႐ြးခ်ယ္ဖို႔၊ တစ္စုံတစ္ေယာက္ကို ခ်စ္ဖို႔ဆိုတာ
သူတို႔အတြက္ေတာ့ အေတာ္ေလးကို စဥ္းစားရမယ့္ အရာတစ္ခုလည္း ျဖစ္ေနတတ္ပါတယ္။
ဒီလို ခ်စ္ရမွာ ေၾကာက္တတ္တဲ့ သူေတြဆီမွာ လူေတြမသိေအာင္ ဖုံးကြယ္ထားတဲ့ ဒီလိုအခ်က္ေလးေတြ ႐ွိေနတတ္ပါတယ္ေနာ္ ။
လူေတြကို မယုံၾကည္လို႔
သူတို႔ေတြက အခ်စ္ကို မယုံၾကည္တာမ်ိဳး မဟုတ္ပဲ
အခ်စ္ကို သယ္ေဆာင္လာတတ္တဲ့ သူေတြကို မယုံၾကည္ၾကတာပါ။
အခ်စ္နဲ႔ပတ္သက္ရင္ ကြဲၾကၿပဲၾကတာေတြ၊ သစၥာေဖာက္သြားတာေတြ
စသျဖင့္ ဒါေတြကို ေတြ႕တာမ်ားလာေတာ့ လူေတြကို ယုံၾကည္ရမွာ တြန္႔ဆုတ္တတ္လာပါတယ္။
ဒါေၾကာင့္ပဲ တစ္စုံတစ္ေယာက္ကို ခ်စ္ရမွာကို ေၾကာက္လာ တတ္ၾကပါတယ္ ။
အသည္းကြဲမွာကို ေၾကာက္တာ
ခ်စ္ရမွာ ေၾကာက္တဲ့သူေတြရဲ႕အဓိက အခ်က္ကေတာ့ အသည္းကြဲမွာ၊ နာက်င္ခံစားရမွာကို ေၾကာက္တတ္ၾကတာပါ။
ဒါေၾကာင့္ပဲ တစ္စုံတစ္ေယာက္ကို သူတို႔အခ်စ္ေတြ ပုံေအာၿပီး ခ်စ္ရမွာကို ျငင္းဆိုေနတတ္ၾကတာ ျဖစ္ပါတယ္။
တကယ္လို႔ သူတို႔ ခ်စ္လိုက္ကာမွ သူတို႔ကို ထားရစ္ခဲ့မွာ၊ အသည္းကြဲသြားမွာကို ႀကိဳေတြးပူေနတတ္ၾကတဲ့ အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္ ။
ေ႐ြးခ်ယ္မႈမွား မွာစိုးလို႔
သူတို႔ေတြ အခ်ိန္အၾကာႀကီး တစ္ေယာက္တည္း ေနေနရတာ၊ ခ်စ္သူရည္းစားထားဖို႔ကို ျငင္းဆန္ေနတာဟာ မခ်စ္တတ္လို႔ေတာ့ မဟုတ္ပါဘူးေနာ္။
သူတို႔ ေ႐ြးခ်ယ္လိုက္တဲ့ သူဟာ သူတို႔အတြက္ တကယ္စစ္မွန္မႈ မ႐ွိေနရင္၊ သူတို႔ေ႐ြးခ်ယ္လိုက္တဲ့သူဟာ
သူတို႔အတြက္ မွားယြင္းတဲ့ ေ႐ြးခ်ယ္မႈႀကီး ျဖစ္သြားရင္ ဆိုတဲ့ စိတ္နဲ႔ပဲ တစ္စုံတစ္ေယာက္ကို ခ်စ္ရမွာ ေၾကာက္ေနတတ္ၾကတာပဲ ျဖစ္ပါတယ္ ။
နာက္ငၡဲ႕ ဖူးလုိ႔
ခ်စ္ရမွာ ေၾကာက္သြားတဲ့ သူေတြက ဟိုအရင္က အရမ္းကို ခ်စ္တတ္တဲ့ သူေတြ ျဖစ္ေန တတ္ပါတယ္။
ဒါေပမယ့္ အရမ္းခ်စ္မိတဲ့အတြက္ အရမ္းနာက်င္ခဲ့ရတဲ့အခါ ထပ္ခ်စ္ရမွာကို ေၾကာက္သြား ခဲ့ၾကတာပါ။
ထပ္ၿပီး ခ်စ္ဖို႔ကို သတၱိမ႐ွိတတ္ၾကေတာ့ပဲ တစ္ခါကြဲဖူးတဲ့ အသည္းက လြယ္လြယ္နဲ႔ အနာမက်က္ႏိုင္တဲ့
အေျခအေနမ်ိဳးကို ၾကဳံရတဲ့အခါ ခ်စ္ရမွာကို ေၾကာက္သြား တတ္ၾကပါတယ္ ။
Credit