ပြန်လွတ်လာပြီးနောက်ပိုင်း ရိုးသားစွာလုပ်ကိုင်စားသောက်နေတဲ့ အဆိုတော် အစ္စဏီတို့သားအမိ
ပရိသတ်ကြီးရေ အခုဆိုရင် အဆိုတော် အစ္စဏီဟာ အကျဉ်းထောင်မှ လွတ်မြောက်လာပြီပဲ ဖြစ်ပါတယ်
ကျွန်တော်တို့လဲ ကိုအစ္စဏီရဲ့ ပရိသတ်တစ်ဦးမို့ အခုလိုလွတ်လာတာကို အရမ်းကိုဝမ်းသာပါတယ်
အစ္စဏီက အဆိုတော်ကောင်း တစ်ယောက်ပါ။ယခင်ကနေခုချိန်ထိ သူရဲ့သီချင်းတွေကကျော်ကြားနေဆဲဖစ်ပါတယ်။
သူရဲ့အမှားတစ်ခုကြောင့်ထောင်ကြခဲ့ပါတယ်။
လတ်တလောလေးကမှ ထောင်ကလွတ်လာတာပါအခုဆိုသူကဘဝကိုအကောင်းဆုံဖြတ်သန်းနေပါပြီ။
သူအထဲမှာနေခဲ့ရတုန်းက သူ့မိခင်မှာ အမြဲနာကျင်ဝမ်းနည်းနေခဲ့ရတာပါ။
ခုဆိုသူက မိခင်နဲ့အတူ အလုပ်ဝိုင်းကူလုပ်ရင်းဘဝကိုဖြတ်သန်းနေပါတယ်။
သူက အလှူအတန်းတွေမှာလဲရက်ရောတဲ့စိတ်ရှိကြောင်း Mideaတစ်မှာ အမှားတစ်ခုလုပ်မိလို့ခုလိုဖြစ်ရပေမယ့် လူထဲကလူပါပဲ
အလှူအတန်းတွေလဲတတ်နိုင်သလောက်လုပ်သွားချင်တာပေါ့ဆိုပြီးပြောထားတာတွေ့ရပါတယ်
ကျွန်တော်အထဲမှာနေတုန်းက အမေက ထောင်ဝင်စာလာပို့တယ်
အဲ့မှာ အမေရဲ့လက်ရာ ကြက်သားငပိကြော်တို့လို အကြော်အလှော်လေးတွေကို
တစ်ခြားသူတွေ ထောင်ထဲက မိတ်ဆွေတွေကလည်း အရမ်းကြိုက်ကြတယ်
မေကြီးလက်ရာက တကယ်စားကောင်းတယ်လို့ အပြောများတယ်
အဲ့ဒါနဲ့ကျွန်တော်လဲ ဒီကလွတ်ရင် မေကြီးရဲ့ လက်ရာအကြော်အလှော် လေးတွေ ကိုရောင်းမယ်လို့ စိတ်ကူးမိသွားတယ်
အစ္စဏီကအခုသားအမိနှစ်ယောက်စီးပွားရေးကိုစတင်လုပ်ကိုင်ဖြစ်တဲ့အကြောင်းကိုလဲ ရှင်းပြထားပါသေးတယ်။
ကျွန်တော်အမေ က ဟင်းချက် အရမ်းကောင်းတယ် အဲဒီတော့ ကျွန်တော်တို့ သားအမိ ၂ယောက် စီးပွားရေး လုပ်မှာ ဖြစ်တော့ မှာမို့လို့
မေကြီးလက်ရာ ဆိုပြီး စီးပွားရေး တစ်ခု ကိုစလုပ် ခဲ့တာပါ
ကျွန်တော် အထဲ မှာတုန်းက အေမ ရဲ့ ဟင်းချက်လက်ရာ ကို အရမ်းလွမ်းတယ်
အမေ ဟင်းချက် ပို့တဲ့နေ့ဆို ပို့တဲ့ဟင်းတွေကိုတစ်နေ့တည်း ကုန်အောင်စားပစ်တာမျိူးရှိတယ်
ပရိသတ်တွေက မေကြီးလက်ရာ ကို အားပေးချင်တယ်ဆိုရင်
မေကြီးလက်ရာ fb မွာ အားပေးနိုင်ပါတယ် ဆိုတဲ့သတင်းကိုမျှဝေပေးလိုက်ရပါတယ်နော်။
Credit
Zawgyi Version
အမေ ဟင်းချက် ပို့တဲ့နေ့ဆို ပို့တဲ့ဟင်းတွေကိုတစ်နေ့တည်း ကုန်အောင်စားပစ်တာမျိုးရှိတယ်
Credit