News

ထောင်ထဲကမြေးမလေးကို အရမ်းသတိရလို့ ထောင်ဝင်စာပေးဖို့အတွက် စာလေးရေးရင်းမျက်ရည်တွေကျနေရှာတဲ့ အဘိုးတစ်ဦးရဲ့ဗီဒီယိုဖိုင်

ထောင်ထဲကမြေးမလေးကို အရမ်းသတိရလို့ ထောင်ဝင်စာပေးဖို့အတွက် စာလေးရေးရင်းမျက်ရည်တွေကျနေရှာတဲ့ အဘိုးတစ်ဦးရဲ့ဗီဒီယိုဖိုင်

နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားခဲ့တဲ့ လူငယ်လေးတွေကတော့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေလည်းရှိသလို

လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့သူတွေလည်းရှိပါတယ်။

အကျဉ်းထောင်ထဲမှာ ရက်ပေါင်းများစွာ ဒုက္ခခံခဲ့ကြရတဲ့ တချို့လူငယ်လေးတွေလည်း

ဇွန်လ (၃၀) ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

သို့သော်လည်း တချို့လူငယ်လေးတွေကတော့ ထောင်ထဲမှာကျန်နေခဲ့ရပြီး

ဒုက္ခဆင်းရဲမျိုးစုံကို ဆက်လက်ခံစားနေရဆဲဖြစ်သလို သူတို့ရဲ့မိသားစုဝင်တွေလည်း

မျှော်လင့်ချက်မဲ့ခဲ့ရတာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးစက်သံချပ်အဖွဲ့ဝင်များဖြစ်တဲ့ အပြင်တကသကျောင်းသားဟောင်းများထဲမှ

မရွှေရူပါလင်းဆိုရင်ဧပြီလကတည်းက ဖမ်းဆီးခံလိုက်ရတာယနေ့အချိန်ထိပဲဖြစ်ပါတယ်။

သူရဲ့မိသားစုဝင်တွေကလည်း စိုးရိမ်ပူပန်နေကြပေမယ့် မကြာခင်ပြန်လွတ်လာမယ်ဆိုပြီး

မျှော်လင့်စောင့်စားနေကြတာဖြစ်ပါတယ်။မရွှေရူပါလင်းရဲ့ မိသားစုဝင်တွေကတော့

ထောင်ဝင်စာသွားပေးနေကျဖြစ်ပြီး ဥပဒေဘောင်အတွင်းကနေ တတ်နိုင်သလောက်ကြိုးစားနေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း မိသားစုဝင်တွေက မရွှေရူပါလင်းအတွက် ထောင်ဝင်စာသွားပေးမှာဖြစ်လို့

အဘိုးဖြစ်သူကလည်းသူ့မြေးအလတ်မအတွက် စာရေးထည့်ပေးလိုက်တာဖြစ်ပါတယ်။

သူ့ရဲ့မြေးမလေးကို အရမ်းသတိရလို့ စာလေးရေးရင်း မျက်ရည်တွေကျနေရှာတာဖြစ်ပါတယ်။

မြေးမလေးနဲ့ မတွေ့ရတာ (၃)လကျော်ကြာမြင့်နေပြီဖြစ်လို့ အဘိုးအနေနဲ့လည်း

အရမ်းလွမ်းနေရှာတာကို ကိုယ်ချင်းစာမိပါတယ်။

ဒီအခြေအနေမှာ မိသားစုဝင်တွေခမျာ ရှင်ကွဲကွဲနေရတဲ့အဖြစ်အပျက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Video Credit:Original Uploder

Zawgyi Version

ေထာင္ထဲကေျမးမေလးကို အရမ္းသတိရလို႔ ေထာင္ဝင္စာေပးဖို႔အတြက္ စာေလးေရးရင္းမ်က္ရည္ေတြက်ေန႐ွာတဲ့ အဘိုးတစ္ဦးရဲ႕ဗီဒီယိုဖိုင္

ေႏြဦးေတာ္လွန္ေရးမွာပါဝင္လႈပ္႐ွားခဲ့တဲ့ လူငယ္ေလးေတြကေတာ့ ဖမ္းဆီးခံလိုက္ရတဲ့သူေတြလည္း႐ွိသလို

လြတ္ေျမာက္နယ္ေျမကို ေရာက္႐ွိေနၾကတဲ့သူေတြလည္း႐ွိပါတယ္။

အက်ဥ္းေထာင္ထဲမွာ ရက္ေပါင္းမ်ားစြာ ဒုကၡခံခဲ့ၾကရတဲ့ တခ်ိဳ႕လူငယ္ေလးေတြလည္း

ဇြန္လ (၃၀) ရက္ေန႔မွာ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ပါတယ္။

သို႔ေသာ္လည္း တခ်ိဳ႕လူငယ္ေလးေတြကေတာ့ ေထာင္ထဲမွာက်န္ေနခဲ့ရၿပီး

ဒုကၡဆင္းရဲမ်ိဳးစုံကို ဆက္လက္ခံစားေနရဆဲျဖစ္သလို သူတို႔ရဲ႕မိသားစုဝင္ေတြလည္း

ေမွ်ာ္လင့္ခ်က္မဲ့ခဲ့ရတာျဖစ္ပါတယ္။

ေဒါင္းတို႔မ်ိဳးစက္သံခ်ပ္အဖြဲ႕ဝင္မ်ားျဖစ္တဲ့ အျပင္တကသေက်ာင္းသားေဟာင္းမ်ားထဲမွ

မေ႐ႊ႐ူပါလင္းဆိုရင္ဧၿပီလကတည္းက ဖမ္းဆီးခံလိုက္ရတာယေန႔အခ်ိန္ထိပဲျဖစ္ပါတယ္။

သူရဲ႕မိသားစုဝင္ေတြကလည္း စိုးရိမ္ပူပန္ေနၾကေပမယ့္ မၾကာခင္ျပန္လြတ္လာမယ္ဆိုၿပီး

ေမွ်ာ္လင့္ေစာင့္စားေနၾကတာျဖစ္ပါတယ္။မေ႐ႊ႐ူပါလင္းရဲ႕ မိသားစုဝင္ေတြကေတာ့

ေထာင္ဝင္စာသြားေပးေနက်ျဖစ္ၿပီး ဥပေဒေဘာင္အတြင္းကေန တတ္ႏိုင္သေလာက္ႀကိဳးစားေနၾကတာျဖစ္ပါတယ္။

အခုဆိုရင္လည္း မိသားစုဝင္ေတြက မေ႐ႊ႐ူပါလင္းအတြက္ ေထာင္ဝင္စာသြားေပးမွာျဖစ္လို႔

အဘိုးျဖစ္သူကလည္းသူ႕ေျမးအလတ္မအတြက္ စာေရးထည့္ေပးလိုက္တာျဖစ္ပါတယ္။

သူ႕ရဲ႕ေျမးမေလးကို အရမ္းသတိရလို႔ စာေလးေရးရင္း မ်က္ရည္ေတြက်ေန႐ွာတာျဖစ္ပါတယ္။

ေျမးမေလးနဲ႔ မေတြ႕ရတာ (၃)လေက်ာ္ၾကာျမင့္ေနၿပီျဖစ္လို႔ အဘိုးအေနနဲ႔လည္း

အရမ္းလြမ္းေန႐ွာတာကို ကိုယ္ခ်င္းစာမိပါတယ္။

ဒီအေျခအေနမွာ မိသားစုဝင္ေတြခမ်ာ ႐ွင္ကြဲကြဲေနရတဲ့အျဖစ္အပ်က္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source & Video Credit:Original Uploder