သိန်း(၁၇၆၀)ဝန်းကျင်တန်ဖိုးရှိတဲ့ ကားသစ်ကြီးကိုရောင်းချပြီး အကူအညီမဲ့စွာနဲ့ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးမယ့် ဆရာတော်တစ်ပါး
ကိုဗစ်တတိယလှိုင်းက မြန်မာပြည်သူတွေရဲ့ အသက်တွေများစွာကို နှုတ်ယူနေပြီး
ယခုအချိန်ထိလည်း ကိုဗစ်ရောဂါကူးစက်မှုကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြပါတယ်။
အသက်ရှူကြပ်လူနာတွေလည်းများပြားလာနေပြီး အောက်ဆီဂျင်စက်လေးရရှိဖို့
အကူအညီတွေတောင်းခဲ့ပေမယ့် မရရှိဘဲ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။
အကူအညီမဲ့စွာနဲ့ ပြည်သူတွေအသက်သေဆုံးနေရတာကြောင့် တတ်နိုင်တဲ့လူတွေက
အောက်ဆီဂျင်စက်ရုံတွေတည်ထောင်ပြီး ကူညီပေးဖို့ ပြင်ဆင်နေကြပါတယ်။
ယခုမှာတော့ ဆရာတော်တစ်ပါးဟာ သိန်း(၁၇၆၀)ဝန်းကျင်တန်ဖိုးရှိတဲ့ ကားသစ်ကြီးကိုရောင်းချပြီး
Oxygen Plant တစ်ခုလှူဖို့အတွက် ပြင်ဆင်နေခဲ့ပါတယ်။
အဆိုပါဘုန်းဘုန်းက မြန်မာပြည်သူလူထုကို ဘာမှမလုပ်ပေးလိုက်ရရင် အသက်ရှင်တာ အလကားဖြစ်သွားမှာစိုးတာကြောင့်နဲ့
ဒီတိုင်းပြည်က ပြည်သူတွေကို မသေစေချင်တာကြောင့် အခုလိုကားသစ်ကြီးကို ရောင်းချပြီး လှူဒါန်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ပစ်မထားဘဲ လှူဒါန်းဖို့ပြင်ဆင်နေတဲ့
အဆိုပါဆရာတော်ကို ပြည်သူတွေလေးစားကြည်ညိုနေကြပါတယ်။
ဒါယကာတစ်ဦးကတော့ ” အခုပြည်တော်သာက ဖေကြီး စီးနေတဲ့ Lexus 570 (2021 Model) US 110000 ကျော်ကျထားတဲ့
သာသနာလိုင်စင်နဲ့ ကားအသစ်ကို ရောင်းပီး ရတဲ့ပိုက်ဆံနဲ့ Oxygen Plant တစ်ခုလှူဖို့ ခုပဲ ဖေကြီးကလာပြောထားပါတယ်
ကိုယ်တွေလဲ ဘယ်လိုကိုလုပ်ပေးရမှန်းမသိတော့ပါဘူး “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
ယခုလို ဘာမဆိုဖြစ်သွားနိုင်တဲ့ ခေတ်ကြီးမှာ မိသားစုဝင်တွေ၊ချစ်ခင်ရသူတွေကို တန်ဖိုးထားကြဖို့နဲ့
ဒုက္ခရောက်နေတဲ့ပတ်ဝန်းကျင်က ပြည်သူတွေကို တတ်နိုင်သလောက်လှူဒါန်းပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။
Source: Original Uploder
Zawgyiversion
သိန္း(၁၇၆၀)ဝန္းက်င္တန္ဖိုး႐ွိတဲ့ ကားသစ္ႀကီးကိုေရာင္းခ်ၿပီး အကူအညီမဲ့စြာနဲ႔ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို ကူညီေပးမယ့္ ဆရာေတာ္တစ္ပါး
ကိုဗစ္တတိယလိႈင္းက ျမန္မာျပည္သူေတြရဲ႕ အသက္ေတြမ်ားစြာကို ႏႈတ္ယူေနၿပီး
ယခုအခ်ိန္ထိလည္း ကိုဗစ္ေရာဂါကူးစက္မႈေၾကာင့္ ျပည္သူအမ်ားအျပားဆက္လက္ေသဆုံးေနၾကပါတယ္။
အသက္႐ွဴၾကပ္လူနာေတြလည္းမ်ားျပားလာေနၿပီး ေအာက္ဆီဂ်င္စက္ေလးရ႐ွိဖို႔
အကူအညီေတြေတာင္းခဲ့ေပမယ့္ မရ႐ွိဘဲ အသက္ဆုံး႐ႈံးသြားတဲ့ ျပည္သူေတြလည္း႐ွိၾကပါတယ္။
အကူအညီမဲ့စြာနဲ႔ ျပည္သူေတြအသက္ေသဆုံးေနရတာေၾကာင့္ တတ္ႏိုင္တဲ့လူေတြက
ေအာက္ဆီဂ်င္စက္႐ုံေတြတည္ေထာင္ၿပီး ကူညီေပးဖို႔ ျပင္ဆင္ေနၾကပါတယ္။
ယခုမွာေတာ့ ဆရာေတာ္တစ္ပါးဟာ သိန္း(၁၇၆၀)ဝန္းက်င္တန္ဖိုး႐ွိတဲ့ ကားသစ္ႀကီးကိုေရာင္းခ်ၿပီး
Oxygen Plant တစ္ခုလႉဖို႔အတြက္ ျပင္ဆင္ေနခဲ့ပါတယ္။
အဆိုပါဘုန္းဘုန္းက ျမန္မာျပည္သူလူထုကို ဘာမွမလုပ္ေပးလိုက္ရရင္ အသက္႐ွင္တာ အလကားျဖစ္သြားမွာစိုးတာေၾကာင့္နဲ႔
ဒီတိုင္းျပည္က ျပည္သူေတြကို မေသေစခ်င္တာေၾကာင့္ အခုလိုကားသစ္ႀကီးကို ေရာင္းခ်ၿပီး လႉဒါန္းဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။
ဒုကၡေရာက္ေနၾကတဲ့ ျပည္သူေတြကို ပစ္မထားဘဲ လႉဒါန္းဖို႔ျပင္ဆင္ေနတဲ့
အဆိုပါဆရာေတာ္ကို ျပည္သူေတြေလးစားၾကည္ညိဳေနၾကပါတယ္။
ဒါယကာတစ္ဦးကေတာ့ ” အခုျပည္ေတာ္သာက ေဖႀကီး စီးေနတဲ့ Lexus 570 (2021 Model) US 110000 ေက်ာ္က်ထားတဲ့
သာသနာလိုင္စင္နဲ႔ ကားအသစ္ကို ေရာင္းပီး ရတဲ့ပိုက္ဆံနဲ႔ Oxygen Plant တစ္ခုလႉဖို႔ ခုပဲ ေဖႀကီးကလာေျပာထားပါတယ္
ကိုယ္ေတြလဲ ဘယ္လိုကိုလုပ္ေပးရမွန္းမသိေတာ့ပါဘူး “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။
ယခုလို ဘာမဆိုျဖစ္သြားႏိုင္တဲ့ ေခတ္ႀကီးမွာ မိသားစုဝင္ေတြ၊ခ်စ္ခင္ရသူေတြကို တန္ဖိုးထားၾကဖို႔နဲ႔
ဒုကၡေရာက္ေနတဲ့ပတ္ဝန္းက်င္က ျပည္သူေတြကို တတ္ႏိုင္သေလာက္လႉဒါန္းေပးၾကဖို႔ တိုက္တြန္းေျပာဆိုလိုက္ရပါတယ္။
Source: Original Uploder