Cele News

ကမ္ဘာတစ်ဝန်းက သူ့ပရိသတ်တွေဆီကနေ အလှူငွေတွေကောက်ခံပြီး မြန်မာပြည်အတွက် အောက်ဆီဂျင်လှူဒါန်းပေးမယ့် Sinon

ကမ္ဘာတစ်ဝန်းက သူ့ပရိသတ်တွေဆီကနေ အလှူငွေတွေကောက်ခံပြီး မြန်မာပြည်အတွက် အောက်ဆီဂျင်လှူဒါန်းပေးမယ့် Sinon

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို

မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ ။

Sinon က မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏဆိုသလို

အလှူအတန်းတွေလည်းလုပ်တတ်ပါသေးတယ်။ လမ်းမှာတွေ့တဲ့ချို့တဲ့သူတွေကိုလည်း

ကာလဒါနလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ အရမ်းကို အခက်အခဲဖြစ်နေတဲ့ အောက်ဆီဂျင် လိုအပ်နေတဲ့ ပြဿနာကို

ကူညီဖြေရှင်းပေးမယ့်အကြောင်းလေးဝေမျှလာပါတယ် ။

ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ သူရဲ့ ပရိသတ်တွေ ဆီကနေပြီး အလှူငွေများကောက်ခံကာ

မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ နေရာတွေကို အောက်ဆီဂျင် လှူဒါန်းပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ် ။

ဒီအလှူနဲ့ ပတ်သက်ပြီး ကျတော်ချစ်သော မြန်မာပြည်သူပြည်သားတွေရေ

အခုမြန်မာမှာဖြစ်နေတဲ့ COVID -19 THIRD WAVE ကြောင့်

တော်တော်ဆိုးဆိုးဒုက္ခရောက်နေတယ်လို့ ကျတော်ကြားသိရပါတယ်

ဒါကြောင့် ကျတော်နောက်အပတ်ထဲမှာ ကမ္ဘာတစ်၀န်းမှာရှိကြတဲ့

ကျတော့် ပရိတ်သတ်တွေ ဆီက ကျတော် အလှူငွေ ကောက်ခံပါ့မယ်

ရလာတဲ့ ပိုက်ဆံတွေကို မြန်မာ မှာ အောက်ဆီဂျင်လိုအပ်နေတဲ့သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်ရအားတင်းထားပါအုံး

မြန်မာ ပြည်ကြီးနဲ့ပြည်သူပြည်သားတွေရေခင်ဗျားတို့မှာ ကျတော်ရယ် ကမ္ဘာကြီးရယ် ကျန်ပါသေးတယ်

ကျတော်တို့တူတူ အခက်အခဲမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်ကြမယ် ဆိုပြီးရေးသားဖော်ပြထားရာ

တကယ်ကို လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi Version


















