သင့်ကို ရက်စက်စွာလမ်းခွဲသွားတဲ့ လူကို ဒီလိုနည်းတွေနဲ့ နောင်တရအောင် လုပ်လိုက်ပါ…
ချစ်သူ ရည်းစားထားတယ်ဆိုတဲ့နေရာမှာ တစ်ယောက်တည်း ချစ်နေရုံနဲ့ မပြီးပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှု တူညီပြီး အဆင်ပြေမှသာ ရေရှည်လက်တွဲနိုင်တာ ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ သင့်ဘက်က တန်ဖိုးထားပေမယ့် သူ့ဘက်ကတော့
သင့်အပေါ် တန်ဖိုးမထား ပစ်ချသွားသူတွေနဲ့ ကြုံနိုင်ပါတယ် …။
ဒီလို ဖြစ်လာတဲ့အခါ အချိန်အကြာကြီး အသည်းကွဲမနေသင့်ပါဘူး။
သင်နဲ့ မထိုက်တန်လို့ သူက သင့်အနားက ထွက်သွားရတာပါ။
ဒါကြောင့် သင်က အများကြီး အဖိုးတန်ကြောင်းကို ပြသပြီး သူနောင်တရသွားအောင်
သင့်ကိုယ်သင် ဂရုစိုက်ပြီး အခုလိုမျိုး နေထိုင်သင့်ပါတယ်နော် …။
(၁) တည်ငြိမ်ပြပါ
လမ်းခွဲပြီးနောက် ပြန်ဆက်သွယ်ဖြစ်ရင် (သို့) ပြန်ဆုံဖြစ်ရင် သင့်အနေနဲ့ ပေါက်ကွဲနေတာမျိုး၊
ဒေါသထွက် ဝမ်းနည်းနေမှာမျိုး ထက် တည်တည်ငြိမ်ငြိမ် နေတာက အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
သင်က သူထင်သလို သူ့ကို အရမ်းချစ်နေပြီး သူထား ခဲ့တာမျိုးကို သူ့ဘက်က တွေးထင်နေစေမှာမျိုး မဖြစ်အောင်
သင်က တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို ရင်ဆိုင်ပြီး သူ့အတွေးတွေကို ပြောင်းပြန် လှန်ပစ်လိုက်ပါ …။
(၂) ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်ပါ
သူ ထားခဲ့လို့ သင် ဝမ်းနည်းနေခဲ့ရင်တောင် အချိန်အကြာကြီး ဝမ်းမနည်းနေပါနဲ့။
ရေရှည် အတူရှိရင် ပိုပြီး အဆင်မပြေဖြစ်နိုင်တဲ့သူတစ်ယောက် ထွက်သွားတာမို့ သင့်အတွက် ပိုလို့တောင် အဆင်ပြေနေသေးပါတယ်။
လူတွေ မြင်လို့ သင်က ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေကို မဖုံးကွယ်နိုင်ဘူး မဖျောက်နိုင်ဘူးဆိုရင်
သင့်ကို လူတွေက သင်နဲ့ မတန်တဲ့သူတစ်ယောက် အတွက် အချိန်တွေ ဖြုန်းနေတယ် မြင်နိုင်ပါတယ်။
ဒါ့အပြင် သူ့ဘက်ကလည်း သင်က အခုထိ သူ့အပေါ် ခံစားချက် ရှိနေတယ်ထင်ပြီး သူ့ကိုယ်သူ ဘဝင်မြင့်နေနိုင်ပါတယ်။
ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် နေပါ။ ယုံကြည်မှု ရှိတဲ့သူတစ်ယောက်လိုပဲ ပြုမူပါ။
သူထားခဲ့လည်း သင့်အတွက် သိပ်မထူးခြားသွားပါဘူးဆိုတာကို ပြသလိုက်ပါ …။
(၃) မဆက်သွယ်ပါနဲ့
အရေးကြီးဆုံးတစ်ခုက လမ်းခွဲပြီးသွားတဲ့အခါ သင့်ဘက်ကနေ လုံးဝ အဆက်အသွယ် မပြုလုပ်ဖို့ပါပဲ။
အဲ့ဒါက သင့်အတွက် ပိုမို စိတ်အဆင်ပြေစေတဲ့နည်းဖြစ်နေရုံသာမက သူ့အပေါ် သင့်ဘက်က အရမ်းတမ်းတမ်းစွဲ ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို သိစေမယ့် အချက်လည်း ဖြစ်ပါတယ်
သင် မရှိလည်း အဆင်ပြေလားဆိုတာကို သူ့ဘက် က စိတ်ပူနေစေတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ရဲ့ အဆင်ပြေနေမှုက သူ ထားခဲ့တာ မှားသွားပြီ လားလို့ တွေးစေတဲ့အထိ နောင်တ ရသွားစေနိုင်ပါတယ်နော် …။
(၄) ပုံမှန်အတိုင်း နေပါ
သူနဲ့ လမ်းခွဲပြတ်စဲသွားလို့ အသဲကွဲပြီး လူရုပ်သူရုပ် မပေါက်လောက်အောင် နေတာမျိုး မလုပ်လိုက်ပါနဲ့။
သင့်ကိုယ်သင် ချစ်သင့်ပါတယ်။ သင့်ကိုယ်သင် ဂရုတစိုက်နဲ့ ပြင်ပြင်ဆင်ဆင် နေသင့်ပါတယ်။
ဆံပင်ပုံစံ၊ ဖက်ရှင် စသဖြင့်ကို အရင်ကထက် ပိုပြီး လိုက်ဖက်နေအောင် နေလိုက်ပါ။
ဒါက ယောင်္ကျားလေးတွေအတွက် ငါ ထားခဲ့မိတာ မှားများ မှားသွားစေလားဆိုပြီး
နောင်တရစေတဲ့ အချက်မျိုးလည်း ဖြစ်စေပါတယ် …။
(၅) ပုံတွေ တင်ပါ
သင် ဘာတွေလုပ်နေလဲဆိုတာကို သူ သိစေဖို့ အသုံးချဖို့ အကောင်းဆုံးနေရာ တစ်ခုကတော့ လူမှုကွန်ယက်စာမျက်နှာပဲ ဖြစ်ပါတယ်။
သင့်ရဲ့ အရင်ကထက် ပိုပြီး လှနေ ပျော်နေတာကို သူ မြင်ပါစေ။
သင့်ကို ကြည့်ပြီး သူ့အတွက် အံ့သြလောက်စရာ အတွေးတွေကိုတောင် တွေးမိစေမှာပဲ ဖြစ်ပါတယ် …။
(၆) သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ
သူ မရှိလည်း သင့်ဘဝကြီးကို ပျော်ပျော်နေလို့ ရပါတယ်။ သူရှိမှ သင့်ဘဝက ရှင်သန်မှာ မဟုတ်ပါဘူး။
ဒါကြောင့် သူ မရှိလည်း သင် ပျော်ရွှင်နေတယ်။
သူငယ်ချင်းမိတ်ဆွေနဲ့လည်း အဆင်ပြေနေတယ်ဆိုတာကို သူ ပြန်သိရတဲ့အခါ
သူ သင့်ကို ထားခဲ့မိတာကို ပြန်နောင်တရနေလောက်ပါတယ်။
ဘာကြောင့် သင်က အဆင်ပြေနေရက်နဲ့ ထားခဲ့မိတာလဲလို့ သူ့ကိုယ်သူ တွေးမိစေတဲ့အထိ
သူ့ကို နောင်တရလောက်အောင် သင့်ကိုယ်သင် အများကြီး ဂရုစိုက်လိုက်သင့်ပါတယ်နော် …။
Credit-orginal uploader
Zawgyi Version
သင့္ကို ရက္စက္စြာလမ္းခြဲသြားတဲ့ လူကို ဒီလိုနည္းေတြနဲ႔ ေနာင္တရေအာင္ လုပ္လိုက္ပါ…
ခ်စ္သူ ရည္းစားထားတယ္ဆိုတဲ့ေနရာမွာ တစ္ေယာက္တည္း ခ်စ္ေန႐ုံနဲ႔ မၿပီးပါဘူး။
တစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားမႈ တူညီၿပီး အဆင္ေျပမွသာ ေရ႐ွည္လက္တြဲႏိုင္တာ ျဖစ္ပါတယ္။
တစ္ခါတစ္ေလမွာ သင့္ဘက္က တန္ဖိုးထားေပမယ့္ သူ႕ဘက္ကေတာ့
သင့္အေပၚ တန္ဖိုးမထား ပစ္ခ်သြားသူေတြနဲ႔ ၾကဳံႏိုင္ပါတယ္ …။
ဒီလို ျဖစ္လာတဲ့အခါ အခ်ိန္အၾကာႀကီး အသည္းကြဲမေနသင့္ပါဘူး။
သင္နဲ႔ မထိုက္တန္လို႔ သူက သင့္အနားက ထြက္သြားရတာပါ။
ဒါေၾကာင့္ သင္က အမ်ားႀကီး အဖိုးတန္ေၾကာင္းကို ျပသၿပီး သူေနာင္တရသြားေအာင္
သင့္ကိုယ္သင္ ဂ႐ုစိုက္ၿပီး အခုလိုမ်ိဳး ေနထိုင္သင့္ပါတယ္ေနာ္ …။
(၁) တည္ၿငိမ္ျပပါ
လမ္းခြဲၿပီးေနာက္ ျပန္ဆက္သြယ္ျဖစ္ရင္ (သို႔) ျပန္ဆုံျဖစ္ရင္ သင့္အေနနဲ႔ ေပါက္ကြဲေနတာမ်ိဳး၊
ေဒါသထြက္ ဝမ္းနည္းေနမွာမ်ိဳး ထက္ တည္တည္ၿငိမ္ၿငိမ္ ေနတာက အေကာင္းဆုံး နည္းလမ္း တစ္ခု ျဖစ္ပါတယ္။
သင္က သူထင္သလို သူ႕ကို အရမ္းခ်စ္ေနၿပီး သူထား ခဲ့တာမ်ိဳးကို သူ႕ဘက္က ေတြးထင္ေနေစမွာမ်ိဳး မျဖစ္ေအာင္
သင္က တည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႕ကို ရင္ဆိုင္ၿပီး သူ႕အေတြးေတြကို ေျပာင္းျပန္ လွန္ပစ္လိုက္ပါ …။
(၂) ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ယုံၾကည္ခ်က္အျပည့္နဲ႔ ႐ွင္သန္ပါ
သူ ထားခဲ့လို႔ သင္ ဝမ္းနည္းေနခဲ့ရင္ေတာင္ အခ်ိန္အၾကာႀကီး ဝမ္းမနည္းေနပါနဲ႔။
ေရ႐ွည္ အတူ႐ွိရင္ ပိုၿပီး အဆင္မေျပျဖစ္ႏိုင္တဲ့သူတစ္ေယာက္ ထြက္သြားတာမို႔ သင့္အတြက္ ပိုလို႔ေတာင္ အဆင္ေျပေနေသးပါတယ္။
လူေတြ ျမင္လို႔ သင္က ဝမ္းနည္းေနတဲ့ အရိပ္အေယာင္ေတြကို မဖုံးကြယ္ႏိုင္ဘူး မေဖ်ာက္ႏိုင္ဘူးဆိုရင္
သင့္ကို လူေတြက သင္နဲ႔ မတန္တဲ့သူတစ္ေယာက္ အတြက္ အခ်ိန္ေတြ ျဖဳန္းေနတယ္ ျမင္ႏိုင္ပါတယ္။
ဒါ့အျပင္ သူ႕ဘက္ကလည္း သင္က အခုထိ သူ႕အေပၚ ခံစားခ်က္ ႐ွိေနတယ္ထင္ၿပီး သူ႕ကိုယ္သူ ဘဝင္ျမင့္ေနႏိုင္ပါတယ္။
ဒါေၾကာင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနပါ။ ယုံၾကည္မႈ ႐ွိတဲ့သူတစ္ေယာက္လိုပဲ ျပဳမူပါ။
သူထားခဲ့လည္း သင့္အတြက္ သိပ္မထူးျခားသြားပါဘူးဆိုတာကို ျပသလိုက္ပါ …။
(၃) မဆက္သြယ္ပါနဲ႔
အေရးႀကီးဆုံးတစ္ခုက လမ္းခြဲၿပီးသြားတဲ့အခါ သင့္ဘက္ကေန လုံးဝ အဆက္အသြယ္ မျပဳလုပ္ဖို႔ပါပဲ။
အဲ့ဒါက သင့္အတြက္ ပိုမို စိတ္အဆင္ေျပေစတဲ့နည္းျဖစ္ေန႐ုံသာမက သူ႕အေပၚ သင့္ဘက္က အရမ္းတမ္းတမ္းစြဲ ျဖစ္ေနတာ မဟုတ္ဘူးဆိုတာကို သိေစမယ့္ အခ်က္လည္း ျဖစ္ပါတယ္
သင္ မ႐ွိလည္း အဆင္ေျပလားဆိုတာကို သူ႕ဘက္ က စိတ္ပူေနေစတာမ်ိဳးကို ျဖစ္ေပၚေစႏိုင္ပါတယ္။
သင့္ရဲ႕ အဆင္ေျပေနမႈက သူ ထားခဲ့တာ မွားသြားၿပီ လားလို႔ ေတြးေစတဲ့အထိ ေနာင္တ ရသြားေစႏိုင္ပါတယ္ေနာ္ …။
(၄) ပုံမွန္အတိုင္း ေနပါ
သူနဲ႔ လမ္းခြဲျပတ္စဲသြားလို႔ အသဲကြဲၿပီး လူ႐ုပ္သူ႐ုပ္ မေပါက္ေလာက္ေအာင္ ေနတာမ်ိဳး မလုပ္လိုက္ပါနဲ႔။
သင့္ကိုယ္သင္ ခ်စ္သင့္ပါတယ္။ သင့္ကိုယ္သင္ ဂ႐ုတစိုက္နဲ႔ ျပင္ျပင္ဆင္ဆင္ ေနသင့္ပါတယ္။
ဆံပင္ပုံစံ၊ ဖက္႐ွင္ စသျဖင့္ကို အရင္ကထက္ ပိုၿပီး လိုက္ဖက္ေနေအာင္ ေနလိုက္ပါ။
ဒါက ေယာက်ၤားေလးေတြအတြက္ ငါ ထားခဲ့မိတာ မွားမ်ား မွားသြားေစလားဆိုၿပီး
ေနာင္တရေစတဲ့ အခ်က္မ်ိဳးလည္း ျဖစ္ေစပါတယ္ …။
(၅) ပုံေတြ တင္ပါ
သင္ ဘာေတြလုပ္ေနလဲဆိုတာကို သူ သိေစဖို႔ အသုံးခ်ဖို႔ အေကာင္းဆုံးေနရာ တစ္ခုကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာပဲ ျဖစ္ပါတယ္။
သင့္ရဲ႕ အရင္ကထက္ ပိုၿပီး လွေန ေပ်ာ္ေနတာကို သူ ျမင္ပါေစ။
သင့္ကို ၾကည့္ၿပီး သူ႕အတြက္ အံ့ၾသေလာက္စရာ အေတြးေတြကိုေတာင္ ေတြးမိေစမွာပဲ ျဖစ္ပါတယ္ …။
(၆) သူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႔ အခ်ိန္ျဖဳန္းပါ
သူ မ႐ွိလည္း သင့္ဘဝႀကီးကို ေပ်ာ္ေပ်ာ္ေနလို႔ ရပါတယ္။ သူ႐ွိမွ သင့္ဘဝက ႐ွင္သန္မွာ မဟုတ္ပါဘူး။
ဒါေၾကာင့္ သူ မ႐ွိလည္း သင္ ေပ်ာ္႐ႊင္ေနတယ္။
သူငယ္ခ်င္းမိတ္ေဆြနဲ႔လည္း အဆင္ေျပေနတယ္ဆိုတာကို သူ ျပန္သိရတဲ့အခါ
သူ သင့္ကို ထားခဲ့မိတာကို ျပန္ေနာင္တရေနေလာက္ပါတယ္။
ဘာေၾကာင့္ သင္က အဆင္ေျပေနရက္နဲ႔ ထားခဲ့မိတာလဲလို႔ သူ႕ကိုယ္သူ ေတြးမိေစတဲ့အထိ
သူ႕ကို ေနာင္တရေလာက္ေအာင္ သင့္ကိုယ္သင္ အမ်ားႀကီး ဂ႐ုစိုက္လိုက္သင့္ပါတယ္ေနာ္ …။
Credit-orginal uploader