Knowledge

ဘယ်တော့မှ လောကွတ်မပြုတတ်သူတွေရဲ့ ရင်ထဲက ခံစားချက်များ…

ဘယ်တော့မှ လောကွတ်မပြုတတ်သူတွေရဲ့ ရင်ထဲက ခံစားချက်များ…

လူမှုရေးမကောင်းဘူးလို့ ပြောခံရတဲ့သူတွေ အများစုကတော့ လောကွတ်ပြုဖို့ ဝန်လေးကြသူတွေ ဖြစ်ပါတယ်။

လူထဲ နေပြီး လူတော မတိုးဘူးလို့ အပြောခံရမှုတွေ ရှိနေပေမယ့် သူတို့ကတော့ သူတို့ အကြောင်းနဲ့သူတို့ ရှိနေတတ်ပါတယ်။

ဒီလို လောကွတ်မပြုတတ် သူတွေကတော့ ဒီလိုမျိုး ပုံစံတွေ ရှိနေတတ်ပါတယ်။

(၁) အပိုတွေလို့ ထင်တယ်

စားပြီးပြီလား စားပါဦး စသဖြင့် စကားတွေကို သူတို့တွေက ပြောလေ့ မရှိကြပါဘူး။

သူတို့ကတော့ ဒီစကားတွေကို လောကွတ်အနေနဲ့ ပြောကြတာမျိုး မဟုတ်ဘဲ တကယ် ပြောချင်တဲ့ အချိန်တွေမှာပဲ ပြောတတ်ကြပါတယ်။

တကယ်စားဖို့ ခေါ်တဲ့အခါမျိုးမှာပဲ သူတို့က စားပါဦးဆိုတဲ့ စကားကို သုံးတတ်ကြပါတယ်။

ကျန်းမာနေတာကို သိသိရက်နဲ့လည်း သူတို့က နေကောင်းလားလို့ မမေးတတ်ကြပါဘူး။

သူတို့စိတ်ထဲ အပိုပြောရတယ်ထင်တဲ့ လောကွတ်တွေကို ပြောလေ့ မရှိကြပါဘူး။

(၂) စိတ်ထဲက မပါရင် မပြောချင်ဘူး

သူတို့တွေက စကားဆိုတာ ကိုယ့်စိတ်ကို ဖော်ပြတယ်လို့ တွေးကြသူတွေ ဖြစ်ပါတယ်။

အသက်မပါတဲ့ စကားကို မပြောချင်တဲ့သူတွေ ဖြစ်တာမို့ သူတို့တွေက စိတ်ထဲက မပါရင် တစ်စက်မှ မပြောတတ်ကြပါဘူး။

ဒါကြောင့် ရိုးရှင်းတဲ့ စိတ်ထားပိုင်ရှင်တွေ ဖြစ်ပါတယ် ။ စိတ်ကို တစ်ဖြောင့်တည်း ထားပြီး ကောက်ကွေ့တတ်သူတွေ မဟုတ်ပါဘူး။

(၃) လူကောင်းဖြစ်ဖို့ ပိုအရေးကြီးတယ်

စကားပြောတတ်ဖို့ထက် စိတ်ထားကောင်းတဲ့ လူကောင်းတစ်ယောက် ဖြစ်ဖို့ အရေးကြီးတယ်လို့ သူတို့က တွေးထားတတ်ကြပါတယ်။

ဒါကြောင့် သူတို့က စကားပြောတတ်ပေမယ့်လည်း လောကွတ်ကို စိတ်ထဲမပါဘဲ ပြောဆိုတာမျိုး မလုပ် တတ်ကြပါဘူး။

စကားချိုသာပြီး လိမ်နေရတာမျိုးကို သူတို့ လိပ်ပြာမလုံသလို ခံစားရလို့ မလုပ်ကြတာ ဖြစ်ပါတယ်။

(၄) ကိုယ့်ပုံစံအတိုင်း နေတာပါ

သူတို့က လောကွတ် မပြုတတ်တာမျိုးတော့ မဟုတ်ပေမယ့် လောကွတ်ပြုဖို့ကို အရမ်း ဝန်လေးပြီး

ပြောလေ့ မရှိတာမို့ အကျင့်မရှိတာမျိုးပါ ဖြစ်နေတတ်ပါတယ်။

တကယ်တော့ သူတို့ လောကွတ်မပြုတာက သူတို့ရဲ့ ပုံစံဖြစ်ပြီး မယဉ်ကျေးတာမျိုးတော့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကိုယ် နေတာမျိုး ဖြစ်ပါတယ်။

(၅) လူများတဲ့ နေရာတွေကို သိပ်သဘောမကျဘူး

သူတို့တွေက introvert တွေ ဖြစ်နေတတ်ကြပြီး အေးအေးဆေးဆေး နေရတာကို ပိုနှစ်သက်ကြပါတယ်။

လူတွေ အများကြီးကို နှုတ်ဆက်ရတာ စကားပြောရတာမျိုးတွေကို သူတို့တွေက စိတ်ရှုပ်တတ်ကြတာမို့ သူတို့က သီးသန့်နေတတ်ကြပါတယ်။

တစ်ယောက် တည်း နေတတ်သလို သိတဲ့သူ တွေ့ရင်တောင် သူတို့က တစ်ခါတစ်လေ ရှောင်သွားတတ်ကြပါသေးတယ်။

Kham

Zawgyi Version

ဘယ္ေတာ့မွ ေလာကြတ္မျပဳတတ္သူေတြရဲ႕ ရင္ထဲက ခံစားခ်က္မ်ား…

လူမႈေရးမေကာင္းဘူးလို႔ ေျပာခံရတဲ့သူေတြ အမ်ားစုကေတာ့ ေလာကြတ္ျပဳဖို႔ ဝန္ေလးၾကသူေတြ ျဖစ္ပါတယ္။

လူထဲ ေနၿပီး လူေတာ မတိုးဘူးလို႔ အေျပာခံရမႈေတြ ႐ွိေနေပမယ့္ သူတို႔ကေတာ့ သူတို႔ အေၾကာင္းနဲ႔သူတို႔ ႐ွိေနတတ္ပါတယ္။

ဒီလို ေလာကြတ္မျပဳတတ္ သူေတြကေတာ့ ဒီလိုမ်ိဳး ပုံစံေတြ ႐ွိေနတတ္ပါတယ္။

(၁) အပိုေတြလို႔ ထင္တယ္

စားၿပီးၿပီလား စားပါဦး စသျဖင့္ စကားေတြကို သူတို႔ေတြက ေျပာေလ့ မ႐ွိၾကပါဘူး။

သူတို႔ကေတာ့ ဒီစကားေတြကို ေလာကြတ္အေနနဲ႔ ေျပာၾကတာမ်ိဳး မဟုတ္ဘဲ တကယ္ ေျပာခ်င္တဲ့ အခ်ိန္ေတြမွာပဲ ေျပာတတ္ၾကပါတယ္။

တကယ္စားဖို႔ ေခၚတဲ့အခါမ်ိဳးမွာပဲ သူတို႔က စားပါဦးဆိုတဲ့ စကားကို သုံးတတ္ၾကပါတယ္။

က်န္းမာေနတာကို သိသိရက္နဲ႔လည္း သူတို႔က ေနေကာင္းလားလို႔ မေမးတတ္ၾကပါဘူး။

သူတို႔စိတ္ထဲ အပိုေျပာရတယ္ထင္တဲ့ ေလာကြတ္ေတြကို ေျပာေလ့ မ႐ွိၾကပါဘူး။

(၂) စိတ္ထဲက မပါရင္ မေျပာခ်င္ဘူး

သူတို႔ေတြက စကားဆိုတာ ကိုယ့္စိတ္ကို ေဖာ္ျပတယ္လို႔ ေတြးၾကသူေတြ ျဖစ္ပါတယ္။

အသက္မပါတဲ့ စကားကို မေျပာခ်င္တဲ့သူေတြ ျဖစ္တာမို႔ သူတို႔ေတြက စိတ္ထဲက မပါရင္ တစ္စက္မွ မေျပာတတ္ၾကပါဘူး။

ဒါေၾကာင့္ ႐ိုး႐ွင္းတဲ့ စိတ္ထားပိုင္႐ွင္ေတြ ျဖစ္ပါတယ္ ။ စိတ္ကို တစ္ေျဖာင့္တည္း ထားၿပီး ေကာက္ေကြ႕တတ္သူေတြ မဟုတ္ပါဘူး။

(၃) လူေကာင္းျဖစ္ဖို႔ ပိုအေရးႀကီးတယ္

စကားေျပာတတ္ဖို႔ထက္ စိတ္ထားေကာင္းတဲ့ လူေကာင္းတစ္ေယာက္ ျဖစ္ဖို႔ အေရးႀကီးတယ္လို႔ သူတို႔က ေတြးထားတတ္ၾကပါတယ္။

ဒါေၾကာင့္ သူတို႔က စကားေျပာတတ္ေပမယ့္လည္း ေလာကြတ္ကို စိတ္ထဲမပါဘဲ ေျပာဆိုတာမ်ိဳး မလုပ္ တတ္ၾကပါဘူး။

စကားခ်ိဳသာၿပီး လိမ္ေနရတာမ်ိဳးကို သူတို႔ လိပ္ျပာမလုံသလို ခံစားရလို႔ မလုပ္ၾကတာ ျဖစ္ပါတယ္။

(၄) ကိုယ့္ပုံစံအတိုင္း ေနတာပါ

သူတို႔က ေလာကြတ္ မျပဳတတ္တာမ်ိဳးေတာ့ မဟုတ္ေပမယ့္ ေလာကြတ္ျပဳဖို႔ကို အရမ္း ဝန္ေလးၿပီး

ေျပာေလ့ မ႐ွိတာမို႔ အက်င့္မ႐ွိတာမ်ိဳးပါ ျဖစ္ေနတတ္ပါတယ္။

တကယ္ေတာ့ သူတို႔ ေလာကြတ္မျပဳတာက သူတို႔ရဲ႕ ပုံစံျဖစ္ၿပီး မယဥ္ေက်းတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ကိုယ့္ရဲ႕ ကိုယ္ပိုင္ပုံစံနဲ႔ ကိုယ္ ေနတာမ်ိဳး ျဖစ္ပါတယ္။

(၅) လူမ်ားတဲ့ ေနရာေတြကို သိပ္သေဘာမက်ဘူး

သူတို႔ေတြက introvert ေတြ ျဖစ္ေနတတ္ၾကၿပီး ေအးေအးေဆးေဆး ေနရတာကို ပိုႏွစ္သက္ၾကပါတယ္။

လူေတြ အမ်ားႀကီးကို ႏႈတ္ဆက္ရတာ စကားေျပာရတာမ်ိဳးေတြကို သူတို႔ေတြက စိတ္႐ႈပ္တတ္ၾကတာမို႔ သူတို႔က သီးသန္႔ေနတတ္ၾကပါတယ္။

တစ္ေယာက္ တည္း ေနတတ္သလို သိတဲ့သူ ေတြ႕ရင္ေတာင္ သူတို႔က တစ္ခါတစ္ေလ ေ႐ွာင္သြားတတ္ၾကပါေသးတယ္။

Kham