EPC ရုံးက စာရေးမတဦးမှ မီတာလာဆောင်တဲ့ ပြည်သူတဦးအား ရိုင်းပြစွာပြောဆိုနေသော (Videoဖိုင်)
ပဲခူးတိုင်းအနောက်ခြမ်း၊မင်းလှမြို့နယ် EPC ရုံးက စာရေးမတဦးမှ မီတာလာဆောင်တဲ့ ပြည်သူတဦးအား
ရိုင်းပြစွာပြောဆိုနေသော Videoဖိုင်တခု လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေ
၂၀၂၁ခုနှစ်၊ဇူလိုင် ၁၃ရက်။
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ် EPC ရုံး က…
စာရေးမ ဒေါ်ဝေမာလွင်ဆိုသူ အမျိုးသမီးသည် မီတာ လာဆောင်သူ ပြည်သူလူထုအပေါ်
ယခုကဲ့သို့ရိုင်းပြစွာဆက်ဆံပြောဆိုခြင်း ဖြစ်ပါသည်။
“မီတာခမဆောင်လို့ဆိုပြီး ရပ်ကွက်တွေထဲ မီးလိုက်ဖြတ်တယ်။
အလုပ်လေးလဲရှိတာနဲ့ မဖြစ်သေးပါဘူးဆိုပြီး
သွားဆောင်တော့ မတန်တဆတောင်းတယ်။ ဆောင်ခဲ့ဖူးတဲ့ လတွေပါ ထပ်ဆောင်ခိုင်းတယ်။
မီတာစာရွက်လာပေးလားဆိုတော့လဲ ပေးတဲ့လ ပေးတယ် မပေးတဲ့လ မပေးဘူး…
ဘယ်လိုရှင်းပေးမှာလဲ မေးတော့ Vedio ရိုက်လို့ဆိုပြီး ရိုင်းချက် မျက်မြင်သာ ကြည့်ကြပါဗျာ။
စစ်အာဏာရှင်ခေတ်အခါဆိုတော့ လုပ်ချင်သလိုလုပ် ရိုင်းချင်သလိုရိုင်းမယ်ဆိုတဲ့ သဘောလား” လို့
အဆိုပါVideoရိုက်ကူးခဲ့သူ ပြည်သူတဦးက ပြောပါတယ်။
မင်းလှမြို့နယ်အတွင်း စစ်အာသိမ်းပြီးလပိုင်းအတွင်း ပြည်သူလူထုကို ယခုကဲ့သို့
ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူလူထုက လက်မခံကြောင်း ပြောဆိုနေကြပါသည်။
[email protected] Media9
(Video File အား သက်ဆိုင်သူများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖေါ်ပြပေးခြင်း ဖြစ်သည်။)
zawgyi version