Cele News

မွတ်စလင် သွေးပါတယ် ဆိုပြီး ဘာသာရေးမှိုင်းတိုက်ကာ ခြိမ်းခြောက်ခံနေရတဲ့ ပိုင်ဖြိုးသု

မွတ်စလင် သွေးပါတယ် ဆိုပြီး ဘာသာရေးမှိုင်းတိုက်ကာ ခြိမ်းခြောက်ခံနေရတဲ့ ပိုင်ဖြိုးသု

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ

ပရိတ်သတ်အများကမမြဝင်းဆိုတဲ့ ဇာတ် ကောင်နဲ့စသင်သိလာခဲ့ကြပြီး အခုဆိုရင်အကယ်ဒမီတစ်ခုပါပိုင်ဆိုင်ထားတဲ့

ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

သုသုက ဟာသဇာတ် ကားတွေအပြင် ဇာတ်ကားပေါင်းအမြောက်အများကိုရိုက်ကူးထားတဲ့ ပိုင်ဖြိုးသု ကတော့ဆရာဝန်တစ်ဦးလဲဖြစ်ပါသေးတယ်။

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ လဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ခဲ့ပြီး

စစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ရဲရဲ ဝံ့ဝံ့တော်လှန်ခဲ့သူလဲဖြစ်ပါတယ်..။

ဒီလိုတော်လှန်ရေးကြီးရဲ့လှုပ်ဆော်မှုတွေမှာလဲ အားတက်တရောပါဝင်ခဲ့တာကြောင့် ၅၀၅ (က) နဲ့အမှုဖွင့်အရေးယူထားခြင်းခံရပါတယ်။

မတရားအရေးယူထားခြင်း ခံရတာကြောင့်ဘေးလွှတ်ရာကို တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။

တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲ သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်တော်လှန်ခဲ့ပြီး ပြည်သူတွေ ခွန်အားဖြစ်စေမယ့် စာသားတွေကိုလဲတင်လေ့ရှိပါတယ်။

အခုတစ်ခါမှာလဲပိုင်ဖြိုးသုကိုချစ်တဲ့ပရိတ်သတ်က ပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မလို့ ဆဲဆိုနေကြတဲ့သူကို အချက်ကျကျ အခုလိုမျိုး ပြန်ပြောလိုက်တာပဲဖြစ်ပါတယ်။

“ ပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မို့လို့အံ့သြနေတာလား ၊ အနုပညာလော ကမှာ တင်မဟုတ်ဘူးအဆိုတော်လောကမှာရော ၊

ရိုးရာလက်ဝှေ့လောကမှာပါမြန်မာရုပ်ပီပီကြီးတွေနဲ့ မြန်မာမူစလင်တွေအများကြီးရှိနေတယ်..။

အစွန်းရောက်တစ်ချို့ရဲ့ပုတ်ခတ်မှုဒဏ်တွေကြောင့် သူတို့လျှောက်နေတဲ့လမ်းခရီးမှာ အနှောင့်အယှက်ဖြစ်မှာမို့ဖွင့်မပြောကြတာပါ ၊

ရိုးရာလက်ဝှေ့လောကမှာဆိုရင် လည်း မြန်မာမူစလင်တွေအများကြီးရှိနေပါတယ်။

သူတို့မပြောရင်သူတို့ရုပ်တွေအရမူစလင်မှန်းသိဖို့မလွယ်ပါဘူး။ အချို့ရိုးရာလက်ဝှေ့ကျော်ကြီးတွေကတော့ သူတို့နဲ့အင်တာဗျူးချိန်မှာ ၊

ကိုသားကြီးရပါတယ်ကျွန်တော် အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းထည့်ရေးနိုင်ပါတယ် ၊

လို့ခွင့်ပြုပေမဲ့ဒီလောကမှာစာဝင်ရေးနေတဲ့ ကျွန်တော့်အနေနဲ့ စာရေးသူစည်းအရမဖော်ပြခဲ့ပါဘူး..။

စိတ်မကောင်းတာတစ်ခုကစစ်ခေါင်းဆောင်တွေအနေနဲ့ 1989 မတိုင်ခင်ကာလတုန်းက

မြန်မာမူစလင်တွေကို တိုင်းရင်းသားအဖြစ်မပယ်ဖျက်ခင်မှာ မြန်မာမူစလင် တွေဟာမိမိတို့ကိုယ်မိမိတို့မြန်မာမူစလင်တွေပါဆိုပြီး

နိုင် ငံ့ရဲ့အစိုးရယန္တရား ၊ အားကစားလောက ၊ အနုပညာလောက ၊နိုင်ငံရေးလောက ၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့

တာဝန်အသီးသီး ကဏ္ဍအသီးသီးမှာနိုင်ငံ့အကျိုးကို ထူးချွန်ထက်မြက်စွာဖြင့်ပေါ်ပေါ်ထင်ထင်ထမ်းရွက်နိုင်ခဲ့ကြပါတယ်။

တိုင်းပြည်ကိုလူမျိုးရေး ၊ ဘာသာရေးမှိုင်းတွေနဲ့နလံမထူနိုင်အောင် ၊ခွဲခြားယုတ်မာခဲ့ကြသူတွေရဲ့လက်ထက်မှာတော့

မြန်မာမူစလင်တွေဟာမိမိတို့မည်သူမည်ဝါဆိုသည်ကို အထူးတစ် လည်မပြောကြတော့ပဲ

မိမိတို့ လုပ်စရာရှိတာကိုသာတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်အောင်လုပ်ဆောင်သွားကြတာယနေ့ထက်တိုင်ပါပဲဗျာ ” ဟုဆိုဲပြီး

တော့ရေး သား ဖော်ပြထားတာကို စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ် နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

credit

Zawgyi Version

























မိမိတို့ လုပ်စရာရှိတာကိုသာတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်အောင်လုပ်ဆောင်သွားကြတာယနေ့ထက်တိုင်ပါပဲဗျာ ” ဟုဆိဲုပြီး



credit