News

ယနေ့တွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ သဂြိုဟ်ရမည့် အလောင်းများ၏ မြင်ကွင်း(ရုပ်သံ)

ယနေ့တွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ သဂြိုဟ်ရမည့် အလောင်းများ၏ မြင်ကွင်း(ရုပ်သံ)

ရေဝေးသုဿာန်တွင် ယနေ့ အလောင်းများ ရာပေါင်းများစွာ ပုံနေ၍ မိသားစုများ ပြန်ခိုင်းပြီး စုပေါင်း သဂြိုလ်ရန် ကြမ်းပြင်တွင် ချထားရ

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တိုင်း၊ ရေဝေးသုဿာန်တွင် ယနေ့ ရုပ်အလောင်း ရာပေါင်းများစွာ ပုံနေ၍

မီးသဂြိုလ်စက်က အလျဉ်မီအောင် မသဂြိုလ်နိုင်တော့ဘဲ မိသားစုဝင်များကို ပြန်ခိုင်းပြီး

ရုပ်အလောင်းများကို ကြမ်းပြင်တွင် ချထားကာ အစုလိုက် သဂြိုလ်နေရကြောင်း နာရေးကူညီသူများထံမှ သိရှိရသည်။

“ကျနော်က အခု ၄ နာရီခွဲကမှ အသက်ရှုကြပ်တဲ့ အလောင်းကို သွားပို့တာ။

အသက်ရှုကြပ်ပြီး အောက်စီဂျင်မရလို့ ဆုံးတာ။ ကိုဗစ်သံသယလူနာပေါ့။” ဟု ဘိုစိန် ပရဟိတ အဖွဲ့မှ ဦးဘိုစိန်က ပြောသည်။

ဦးဘိုစိန်၏ အဆိုအရ ၎င်း၏ ရှေ့တွင်ပင် စုပုံထားသော အလောင်း တစ်ရာကျော်ရှိသည်ဟုဆိုသည်။

“အလောင်းတွေက ပုံထပ်နေတာပဲ။ ရှေ့မှာလည်း တောက်လျှောက် သဂြိုလ်နေတာကို အလျဉ်မမီတော့တာ” ဟု ဦးဘိုစိန်က ပြောသည်။

ယနေ့ ရေဝေးသုဿာန်တွင် အမေဖြစ်သူ ကိုဗစ်သံသယဖြင့် ကွယ်လွန်၍ သဂြိုလ်ရန် ပရဟိတအဖွဲ့နှင့် သွားပို့ဆောင်ခိုင်းရာတွင်

မိသားစုဝင်ပါလာပါက ပြန်ရန် ပြောဆိုပြီး အလောင်းထားခဲ့ရန် ပြောဆိုကြောင်း သိရှိရသည်။

“သူတို့ပြောတာတော့ တစ်လောင်းချင်းစီ မသဂြိုလ်နိုင်တော့ဘူး။ အလောင်းအရမ်းများတော့ အလောင်းတွေကို စုပြီး မီးသဂြိုလ်မယ်။

အဲဒီတော့ ကိုယ့် မိသားစုဝင် အလောင်းအလှည့်ရောက်ဖို့က ကြာမယ်။ ရောက်ရင်လည်း အခြားအလောင်းတွေနဲ့ ပေါင်းပြီး သဂြိုလ် မယ် အဲဒီလိုပြောတယ်။

အလောင်းထားခဲ့လိုက်ရတယ်။ ကြမ်းပြင်ပေါ်မှာပဲ ချထားခဲ့လိုက်ရတယ်လို့ပြောတယ်” ဟု နာရေးရှင်တစ်ဦးက ဆိုသည်။

မီးသဂြိုလ်စက်ရှေ့တွင် အလောင်းများထားရန် နေရာမရှိတော့၍ နာရေးကားပေါ်တွင် အလောင်းများကို တင်ထားပြီး

စောင့်ဆိုင်းနေရမှုများလည်း ရှိနေကြောင်း နာရေးကူညီသူများက ဆိုသည်။

credit

Categoriesသတင္း

Zawgyi Version

ယေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ေရေဝးသုႆန္၌ သၿဂိဳဟ္ရမည့္ အေလာင္းမ်ား၏ ျမင္ကြင္း(႐ုပ္သံ)

ေရေဝးသုႆာန္တြင္ ယေန႔ အေလာင္းမ်ား ရာေပါင္းမ်ားစြာ ပုံေန၍ မိသားစုမ်ား ျပန္ခိုင္းၿပီး စုေပါင္း သၿဂိဳလ္ရန္ ၾကမ္းျပင္တြင္ ခ်ထားရ

ရန္ကုန္၊ ဇူလိုင္ ၁၄

ရန္ကုန္တိုင္း၊ ေရေဝးသုႆာန္တြင္ ယေန႔ ႐ုပ္အေလာင္း ရာေပါင္းမ်ားစြာ ပုံေန၍

မီးသၿဂိဳလ္စက္က အလ်ဥ္မီေအာင္ မသၿဂိဳလ္ႏိုင္ေတာ့ဘဲ မိသားစုဝင္မ်ားကို ျပန္ခိုင္းၿပီး

႐ုပ္အေလာင္းမ်ားကို ၾကမ္းျပင္တြင္ ခ်ထားကာ အစုလိုက္ သၿဂိဳလ္ေနရေၾကာင္း နာေရးကူညီသူမ်ားထံမွ သိ႐ွိရသည္။

“က်ေနာ္က အခု ၄ နာရီခြဲကမွ အသက္႐ႈၾကပ္တဲ့ အေလာင္းကို သြားပို႔တာ။

အသက္႐ႈၾကပ္ၿပီး ေအာက္စီဂ်င္မရလို႔ ဆုံးတာ။ ကိုဗစ္သံသယလူနာေပါ့။” ဟု ဘိုစိန္ ပရဟိတ အဖြဲ႕မွ ဦးဘိုစိန္က ေျပာသည္။

ဦးဘိုစိန္၏ အဆိုအရ ၎၏ ေ႐ွ႕တြင္ပင္ စုပုံထားေသာ အေလာင္း တစ္ရာေက်ာ္႐ွိသည္ဟုဆိုသည္။

“အေလာင္းေတြက ပုံထပ္ေနတာပဲ။ ေ႐ွ႕မွာလည္း ေတာက္ေလွ်ာက္ သၿဂိဳလ္ေနတာကို အလ်ဥ္မမီေတာ့တာ” ဟု ဦးဘိုစိန္က ေျပာသည္။

ယေန႔ ေရေဝးသုႆာန္တြင္ အေမျဖစ္သူ ကိုဗစ္သံသယျဖင့္ ကြယ္လြန္၍ သၿဂိဳလ္ရန္ ပရဟိတအဖြဲ႕ႏွင့္ သြားပို႔ေဆာင္ခိုင္းရာတြင္

မိသားစုဝင္ပါလာပါက ျပန္ရန္ ေျပာဆိုၿပီး အေလာင္းထားခဲ့ရန္ ေျပာဆိုေၾကာင္း သိ႐ွိရသည္။

“သူတို႔ေျပာတာေတာ့ တစ္ေလာင္းခ်င္းစီ မသၿဂိဳလ္ႏိုင္ေတာ့ဘူး။ အေလာင္းအရမ္းမ်ားေတာ့ အေလာင္းေတြကို စုၿပီး မီးသၿဂိဳလ္မယ္။

အဲဒီေတာ့ ကိုယ့္ မိသားစုဝင္ အေလာင္းအလွည့္ေရာက္ဖို႔က ၾကာမယ္။ ေရာက္ရင္လည္း အျခားအေလာင္းေတြနဲ႔ ေပါင္းၿပီး သၿဂိဳလ္ မယ္ အဲဒီလိုေျပာတယ္။

အေလာင္းထားခဲ့လိုက္ရတယ္။ ၾကမ္းျပင္ေပၚမွာပဲ ခ်ထားခဲ့လိုက္ရတယ္လို႔ေျပာတယ္” ဟု နာေရး႐ွင္တစ္ဦးက ဆိုသည္။

မီးသၿဂိဳလ္စက္ေ႐ွ႕တြင္ အေလာင္းမ်ားထားရန္ ေနရာမ႐ွိေတာ့၍ နာေရးကားေပၚတြင္ အေလာင္းမ်ားကို တင္ထားၿပီး

ေစာင့္ဆိုင္းေနရမႈမ်ားလည္း ႐ွိေနေၾကာင္း နာေရးကူညီသူမ်ားက ဆိုသည္။

credit

Categoriesသတင္း