News

ခင်ပွန်းဆုံးပါးသွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂမြန်မာအမျိုးသမီး

ခင်ပွန်းဆုံးပါးသွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂမြန်မာအမျိုးသမီး

ခင်ပွန်းဆုံးပါးသွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂအမျိုးသမီးတစ်ဦးအကြောင်းကို

ပြန်လည်ဖော်ပြမျှဝေပေးလိုက်ရပါတယ်…အားပေးစကားလေး ဆိုခဲ့ပေးကြပါအုံး…“

ယနေ့ခေတ်မှာ မိန်းမသားတွေဟာလည်းပဲ ယောက်ကျားတွေနည်းတူ အလုပ်အကိုင်တွေ တန်းတူလုပ်ကိုင်လာကြပါတယ်..

ဒါပေမယ့် မိန်းကလေး တက္ကစီမောင်းသူဆိုတာတော့ ရှားပါလိမ့်မယ်

ဒီထဲမှာမှာ ခင်ပွန်းသည်မရှိတော့လို့ တက္ကစီမောင်းပြီး မိသားစုကိုတာဝန်ယူထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့

မမိမိပြုံးဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်….ခင်ပွန်းဆုံးပါးသွားပြီးနောက်ပိုင်းမှာ

တက္ကစီမောင်းခဲ့ပြီးတော့ကလေးတွေကို ရှာကျွေးလာတာ ၆ နှစ်ခန့်ရှိပြီလို့ သိရပါတယ်…

အမျိုးသား တက္ကစီမောင်းသူတွေများတဲ့ထဲမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ တက္ကစီမောင်းရတာ လွယ်တော့မလွယ်ပါဘူး…

ဒါပေမယ့် မိမိသားသမီးတွေအတွက် အခက်အခဲတွေ ဘယ်လောက်ရင်ဆိုင်ရပါစေ သမ္မာအာဇီဝအလုပ်ကို လုပ်နိုင်တဲ့

မမိမိပြုံးရဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါ…ဒါကြောင့် ပရိသတ်ကြီးတို့လည်း မိန်းမသားပေမဲ့ တက္ကစီမောင်းပြီး

ဘဝကိုကျော်ဖြတ်နေတဲ့ မမိမိပြုံးကို ချီးကျူးအားပေးစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်

crd

Categories ကြားသိသမျှ

Zawgyi Version













crd
