News

ညဘက်ကြီး အောက်ဆီဂျင် အကူအညီတောင်းလို့ အခက်အခဲကြားက ရှာပေးခဲ့ပြီးလာပို့တော့မှ ဖုန်းကိုချပစ်ကာ စနောက်ခံခဲ့ရတဲ့ လူငယ်လေးတစ်ဦးရဲ့အဖြစ်

ညဘက်ကြီး အောက်ဆီဂျင် အကူအညီတောင်းလို့ အခက်အခဲကြားက ရှာပေးခဲ့ပြီးလာပို့တော့မှ ဖုန်းကိုချပစ်ကာ စနောက်ခံခဲ့ရတဲ့ လူငယ်လေးတစ်ဦးရဲ့အဖြစ်

ကိုဗစ် ရောဂါကို အဆိုးရွားဆုံး ခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကုသရမယ့် နေရာတွေလည်း မရှိလို့

ရောဂါဒဏ်ကို အတော်လေး ရင်ဆိုင် ကြုံတွေ့နေရပါတယ် ။ ဘယ်လောက်တောင် အခြေအနေတွေ ဆိုးနေလည်းဆိုရင်

တစ်အိမ်ထဲ မိသားစုလိုက် သေဆုံးလို့ Dead Body လာကောက်ပေးမယ့်သူတွေ မရှိလောက်အောင်ပါပဲ ။

ရန်ကုန်မြို့ရဲ့ ရေဝေး သုသာန် တွေမှာဆိုရင်လည်း မြင်ရက်စရာတောင်မရှိတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေ ရာကျော်ချီနေပါပြီ ။

ဒါ့ကြောင့်လည်း ဒီထက်အခြေအနေတွေ မဆိုးလာအောင် ပြည်သူတွေ အချင်းချင်း တတ်နိုင်သလောက် ကူညီ ရိုင်းပင်းနေကြတာပါ ။

ဒီလိုကူညီပေးနေသူတွေဆိုရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ပေးကာ ညဆိုရင်လည်း အစစ်အဆေးတွေကြားက

မရရအောင် ကျော်ဖြတ်ပြီး လုပ်ဆောင်ပေးနေရတာပါ ။

ဒါကို တစ်ချို့တွေက တကယ် အကူအညီမလိုဘဲ စနောက်ကာ အပျော်သဘော လုပ်ရပ်တွေ လုပ်ဆောင်လာကြတာ တွေ့ရပါတယ် ။

မနေ့ညကဆိုရင်လည်း လူငယ်လေးတစ်ယောက် သူကိုယ်တိုင်လည်း ရောဂါသယ်ဖြစ်ပေမယ့် အောက်ဆီလိုအပ်လို့ အကူအညီတောင်းခံလာတဲ့ စာတစ်စောင်ကြောင့်

သူခမျာ ရစေချင်ဇောနဲ့ ရှိတဲ့ ဆိုင်ကယ်ကို မောင်းကာ ညကြီး အချိန်မတော်ရှာဖွေပေးခဲ့ပါတယ်။

အောက်ဆီဂျင်ရလို့ ပျော်ပြီး သွားပို့ပေးချိန်မှာ သူရဲ့ ဖုန်းကို ချပစ်ပြီး စနောက်ခံခဲ့ရတာကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို

” ခုမှ မြို့ထဲကပြန်လာတာ အိမ်တောင်မပြန်ရသေးဘူး oxygen ရလာလို့ပျော်နေတာဗျာ ကျနော့ကိုမလိုပဲphလာမဆက်ပါနဲ့ တကယ်တောင်းပန်းပါတယ်ဗျာ

ကို့ဟာနဲ့ကိုတောင် ရောဂါသည်ပါ ကျနော့မှာချမ်းသာတာဆိုလို့ ဆိုင်ကယ်နဲ့ လုပ်ပေးချင်စိတ်ပဲရှိတာ…

မကြည့်ရက်လို့ကူညီနေတာပါဗျာ ခဗျားတို့ဗျာ ကျတော်ကျတဲ့မျက်ရည်ကကြောက်လို့ကျတဲ့မျက်ရည်မဟုတ်ဘူး

အရမ်းဝမ်းနည်းရတယ် လူတွေကိုမုန်းလာပြီဗျာ ကျတော်ပင်ပန်းနေပြီးသားပါ ” ရေးသားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

ပရိသတ်ကြီး အတွက် ဒီလူငယ်လေးရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Original Uploader

Credit to Myanmarload’s

Zawgyi Version

ညဘက္ႀကီး ေအာက္ဆီဂ်င္ အကူအညီေတာင္းလို႔ အခက္အခဲၾကားက ႐ွာေပးခဲ့ၿပီးလာပို႔ေတာ့မွ ဖုန္းကိုခ်ပစ္ကာ စေနာက္ခံခဲ့ရတဲ့ လူငယ္ေလးတစ္ဦးရဲ႕အျဖစ္

ကိုဗစ္ ေရာဂါကို အဆိုး႐ြားဆုံး ခံစားေနရတဲ့ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ ကုသရမယ့္ ေနရာေတြလည္း မ႐ွိလို႔

ေရာဂါဒဏ္ကို အေတာ္ေလး ရင္ဆိုင္ ၾကဳံေတြ႕ေနရပါတယ္ ။ ဘယ္ေလာက္ေတာင္ အေျခအေနေတြ ဆိုးေနလည္းဆိုရင္

တစ္အိမ္ထဲ မိသားစုလိုက္ ေသဆုံးလို႔ Dead Body လာေကာက္ေပးမယ့္သူေတြ မ႐ွိေလာက္ေအာင္ပါပဲ ။

ရန္ကုန္ၿမိဳ႕ရဲ႕ ေရေဝး သုသာန္ ေတြမွာဆိုရင္လည္း ျမင္ရက္စရာေတာင္မ႐ွိတဲ့ အသက္မဲ့ ခႏၶာကိုယ္ေတြ ရာေက်ာ္ခ်ီေနပါၿပီ ။

ဒါ့ေၾကာင့္လည္း ဒီထက္အေျခအေနေတြ မဆိုးလာေအာင္ ျပည္သူေတြ အခ်င္းခ်င္း တတ္ႏိုင္သေလာက္ ကူညီ ႐ိုင္းပင္းေနၾကတာပါ ။

ဒီလိုကူညီေပးေနသူေတြဆိုရင္လည္း သူတို႔ရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြကို ေပးကာ ညဆိုရင္လည္း အစစ္အေဆးေတြၾကားက

မရရေအာင္ ေက်ာ္ျဖတ္ၿပီး လုပ္ေဆာင္ေပးေနရတာပါ ။

ဒါကို တစ္ခ်ိဳ႕ေတြက တကယ္ အကူအညီမလိုဘဲ စေနာက္ကာ အေပ်ာ္သေဘာ လုပ္ရပ္ေတြ လုပ္ေဆာင္လာၾကတာ ေတြ႕ရပါတယ္ ။

မေန႔ညကဆိုရင္လည္း လူငယ္ေလးတစ္ေယာက္ သူကိုယ္တိုင္လည္း ေရာဂါသယ္ျဖစ္ေပမယ့္ ေအာက္ဆီလိုအပ္လို႔ အကူအညီေတာင္းခံလာတဲ့ စာတစ္ေစာင္ေၾကာင့္

သူခမ်ာ ရေစခ်င္ေဇာနဲ႔ ႐ွိတဲ့ ဆိုင္ကယ္ကို ေမာင္းကာ ညႀကီး အခ်ိန္မေတာ္႐ွာေဖြေပးခဲ့ပါတယ္။

ေအာက္ဆီဂ်င္ရလို႔ ေပ်ာ္ၿပီး သြားပို႔ေပးခ်ိန္မွာ သူရဲ႕ ဖုန္းကို ခ်ပစ္ၿပီး စေနာက္ခံခဲ့ရတာေၾကာင့္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ခဲ့ရေၾကာင္းကို

” ခုမွ ၿမိဳ႕ထဲကျပန္လာတာ အိမ္ေတာင္မျပန္ရေသးဘူး oxygen ရလာလို႔ေပ်ာ္ေနတာဗ်ာ က်ေနာ့ကိုမလိုပဲphလာမဆက္ပါနဲ႔ တကယ္ေတာင္းပန္းပါတယ္ဗ်ာ

ကို႔ဟာနဲ႔ကိုေတာင္ ေရာဂါသည္ပါ က်ေနာ့မွာခ်မ္းသာတာဆိုလို႔ ဆိုင္ကယ္နဲ႔ လုပ္ေပးခ်င္စိတ္ပဲ႐ွိတာ…

မၾကည့္ရက္လို႔ကူညီေနတာပါဗ်ာ ခဗ်ားတို႔ဗ်ာ က်ေတာ္က်တဲ့မ်က္ရည္ကေၾကာက္လို႔က်တဲ့မ်က္ရည္မဟုတ္ဘူး

အရမ္းဝမ္းနည္းရတယ္ လူေတြကိုမုန္းလာၿပီဗ်ာ က်ေတာ္ပင္ပန္းေနၿပီးသားပါ ” ေရးသားထားရာ ဖတ္ၿပီး စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲ ။

ပရိသတ္ႀကီး အတြက္ ဒီလူငယ္ေလးရဲ႕ စိတ္မေကာင္းစရာ အျဖစ္ေလးကို ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Photo Credit : Original Uploader

Credit to Myanmarload’s