News

မီးသဂြိုလ်ဖို့မနိုင်​တော့တာကြောင့် ကြမ်းပြင်မှာ ချထားရတဲ့ Dead Body များစွာကိုဗီဒီယိုရိုက်ပြီးပြသခဲ့တဲ့ ပြည်သူတစ်ဦး

မီးသဂြိုလ်ဖို့မနိုင်​တော့တာကြောင့် ကြမ်းပြင်မှာ ချထားရတဲ့ Dead Body များစွာကိုဗီဒီယိုရိုက်ပြီးပြသခဲ့တဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ တော်တော်လေးကို အခြေအနေဆိုးရွားနေတာ ဖြစ်ပါတယ်။

ထိန်းချုပ်ကာကွယ်လို့တောင် မရနိုင်တော့ဘဲ လူကြီးလူငယ်မရွေး နေ့စဉ်နဲ့အမျှ ကွယ်လွန်နေကြတာကိုဝမ်းနည်းစွာ မြင်တွေ့နေကြရပါတယ်…

ရေဝေးသုဿာန်မှာတွင်လည်း မနေ့က နေ့လည်ကနေ ညအထိ သဂြိုလ်စက်ရှေ့တွင် ကွယ်လွန်သွားကြသူများကို မီးသဂြိုလ်ဖို့ စောင့်ဆိုင်းနေကြသူတွေ ရာနဲ့ချီရှိနေပါတယ်။

ဒီလိုမြင်ကွင်းမျိုးဟာ မြန်မာနိုင်ငံတွင် တစ်ခါမှ မဖြစ်ဖူးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှလည်း သူ့ရဲ့ လူမှုကွန်ယက်တွင် မှောင်ရီစပျိုးချိန်အထိ သဂြိုလ်ဖို့ များစွာကျန်ရှိနေတာကြောင့်ကြမ်းပြင်မှာတောင်

ချထားရတဲ့အခြေအနေကို ကြေကွဲစွာ မြင်တွေ့ရမယ့် ဗီဒီယိုဖိုင်တစ်ခုကို ရိုက်ကူးဝေမျှထားတာ ဖြစ်ပါတယ်။ မနေ့ကတစ်နေ့တည်းနဲ့တင်

သဂြိုလ်ရတဲ့ အလောင်းအရေအတွက် (၂၀၀) ကျော်ရှိတယ်လို့လည်း ကနဦးသတင်းများအရ သိရှိရပါတယ်။

” မိခင်အသင်းဖြစ်​သော လူမှုကူညီ​ရေးအသင်း (ရန်ကုန်) တွင် မ​နေ့က နာ​ရေးကား​မောင်း ကုသိုလ် ပြုခဲ့ပါတယ်…

ရေ​ဝေး သုဿန် နှင့် ကျီစုသုဿန်များသို့ ပို​ဆောင်​ပေးခဲ့ပါသည်။နာ​ရေးပို့​ဆောင်သူ​တွေကို တစ်ဦးသာ ​စောင့်​ရှောက်ခွင့်​ပေးပါတယ် အနားကို အလာမခံ ပါဘူး။

ဆေးရုံ​ဆေးခန်း​တွေမှာ ​ကွယ်လွန် ကြတဲ့ သူများကို​တော့ အ​အေးခန်းထားခွင့်​ပေးပါတယ်။ နေအိမ်တွင် ကွယ်လွန်သွားရင်​တော့ ​နေ့ချင်း သဂြိုလ်ကြရပါတယ်..

အခုဆို အရင်ထက်ကွယ်လွန်သူ​တွေ များပြားနေတာ (5)ရက်​လောက်​တော့ ရှိ​နေပြီ ဒီ​နေ့လည်း ဘယ်​လောက်ဖြစ်မလည်း မသ်ပါဘူး…😭😭😭😭😭” ဆိုပြီး

သုဿာန်များတွင် လက်ရှိဖြစ်နေတဲ့ အခြေအနေများကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ရေးသား ဝေမျှထားပါတယ်။

ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတဲ့ Dead body များကို ထုတ်ပိုးတာလည်း အရမ်းစနစ်ကျဖို့ လိုသလို၊

သယ်ဆောင်သူဟာလည်း PPE ဝတ်ပုံ၊ချွတ်ပုံတွေ SOP အတိုင်း စနစ်တကျ လိုက်နာဖို့ လိုအပ်ပါတယ်။

Dead body နား အပြင်လူ သာမန်အဝတ်အစားတွေနဲ့ ကပ်မိရင်တောင် တော်တော်လေးကို အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီကာလမှာ ပြည်သူတွေအားလုံး အသက်ရှင်သန်ဖို့ အစွမ်းကုန် ကာကွယ်ကြဖို့ လိုပါတယ်…

လိုအပ်မှသာ အပြင်သွားလာကြဖို့ တိုက်တွန်းပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader

Zawgyi Version

မီးသၿဂိဳလ္ဖို႔မႏိုင္​ေတာ့တာေၾကာင့္ ၾကမ္းျပင္မွာ ခ်ထားရတဲ့ Dead Body မ်ားစြာကိုဗီဒီယို႐ိုက္ၿပီးျပသခဲ့တဲ့ ျပည္သူတစ္ဦး

ကိုဗစ္ေရာဂါကူးစက္ျပန္႔ပြားမႈေတြဟာ တစ္ေန႔ထက္တစ္ေန႔ ေတာ္ေတာ္ေလးကို အေျခအေနဆိုး႐ြားေနတာ ျဖစ္ပါတယ္။

ထိန္းခ်ဳပ္ကာကြယ္လို႔ေတာင္ မရႏိုင္ေတာ့ဘဲ လူႀကီးလူငယ္မေ႐ြး ေန႔စဥ္နဲ႔အမွ် ကြယ္လြန္ေနၾကတာကိုဝမ္းနည္းစြာ ျမင္ေတြ႕ေနၾကရပါတယ္။

ေရေဝးသုႆာန္မွာတြင္လည္း မေန႔က ေန႔လည္ကေန ညအထိ သၿဂိဳလ္စက္ေ႐ွ႕တြင္ ကြယ္လြန္သြားၾကသူမ်ားကို မီးသၿဂိဳလ္ဖို႔ ေစာင့္ဆိုင္းေနၾကသူေတြ ရာနဲ႔ခ်ီ႐ွိေနပါတယ္။

ဒီလိုျမင္ကြင္းမ်ိဳးဟာ ျမန္မာႏိုင္ငံတြင္ တစ္ခါမွ မျဖစ္ဖူးတဲ့ အေျခအေနတစ္ခု ျဖစ္ပါတယ္။

ပရဟိတလုပ္ေဆာင္ေနသူတစ္ဦးမွလည္း သူ႕ရဲ႕ လူမႈကြန္ယက္တြင္ ေမွာင္ရီစပ်ိဳးခ်ိန္အထိ သၿဂိဳလ္ဖို႔ မ်ားစြာက်န္႐ွိေနတာေၾကာင့္ၾကမ္းျပင္မွာေတာင္

ခ်ထားရတဲ့အေျခအေနကို ေၾကကြဲစြာ ျမင္ေတြ႕ရမယ့္ ဗီဒီယိုဖိုင္တစ္ခုကို ႐ိုက္ကူးေဝမွ်ထားတာ ျဖစ္ပါတယ္။ မေန႔ကတစ္ေန႔တည္းနဲ႔တင္

သၿဂိဳလ္ရတဲ့ အေလာင္းအေရအတြက္ (၂၀၀) ေက်ာ္႐ွိတယ္လို႔လည္း ကနဦးသတင္းမ်ားအရ သိ႐ွိရပါတယ္။

” မိခင္အသင္းျဖစ္​ေသာ လူမႈကူညီ​ေရးအသင္း (ရန္ကုန္) တြင္ မ​ေန႔က နာ​ေရးကား​ေမာင္း ကုသိုလ္ ျပဳခဲ့ပါတယ္။

ေရ​ေဝး သုႆန္ ႏွင့္ က်ီစုသုႆန္မ်ားသို႔ ပို​ေဆာင္​ေပးခဲ့ပါသည္။နာ​ေရးပို႔​ေဆာင္သူ​ေတြကို တစ္ဦးသာ ​ေစာင့္​ေ႐ွာက္ခြင့္​ေပးပါတယ္ အနားကို အလာမခံ ပါဘူး။

ေဆး႐ုံ​ေဆးခန္း​ေတြမွာ ​ကြယ္လြန္ ၾကတဲ့ သူမ်ားကို​ေတာ့ အ​ေအးခန္းထားခြင့္​ေပးပါတယ္။ ေနအိမ္တြင္ ကြယ္လြန္သြားရင္​ေတာ့ ​ေန႔ခ်င္း သၿဂိဳလ္ၾကရပါတယ္..

အခုဆို အရင္ထက္ကြယ္လြန္သူ​ေတြ မ်ားျပားေနတာ (5)ရက္​ေလာက္​ေတာ့ ႐ွိ​ေနၿပီ ဒီ​ေန႔လည္း ဘယ္​ေလာက္ျဖစ္မလည္း မသ္ပါဘူး…😭😭😭😭😭” ဆိုၿပီး

သုႆာန္မ်ားတြင္ လက္႐ွိျဖစ္ေနတဲ့ အေျခအေနမ်ားကို မ်က္ျမင္ကိုယ္ေတြ႕ ျမင္ခဲ့ရတဲ့ ပရဟိတလုပ္ေဆာင္ေနသူတစ္ဦးမွ ေရးသား ေဝမွ်ထားပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ကြယ္လြန္သြားတဲ့ Dead body မ်ားကို ထုတ္ပိုးတာလည္း အရမ္းစနစ္က်ဖို႔ လိုသလို၊

သယ္ေဆာင္သူဟာလည္း PPE ဝတ္ပုံ၊ခြၽတ္ပုံေတြ SOP အတိုင္း စနစ္တက် လိုက္နာဖို႔ လိုအပ္ပါတယ္။

Dead body နား အျပင္လူ သာမန္အဝတ္အစားေတြနဲ႔ ကပ္မိရင္ေတာင္ ေတာ္ေတာ္ေလးကို အႏၲရာယ္႐ွိတဲ့ အေနအထား ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဒီကာလမွာ ျပည္သူေတြအားလုံး အသက္႐ွင္သန္ဖို႔ အစြမ္းကုန္ ကာကြယ္ၾကဖို႔ လိုပါတယ္။

လိုအပ္မွသာ အျပင္သြားလာၾကဖို႔ တိုက္တြန္းေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Original Uploader