News

အာဏာရှင်လူတစ်စုကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မိုးရေထဲမြောပါသွားခဲ့ရတဲ့ ရင်နင့်စရာဖြစ်ရပ်

အာဏာရှင်လူတစ်စုကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မိုးရေထဲမြောပါသွားခဲ့ရတဲ့ ရင်နင့်စရာဖြစ်ရပ်

မြန်မာနိုင်ငံမှာ Covid – 19 ရောဂါကြောင့် တစ်နေ့ တစ်နေ့ အောက်ဆီဂျင် လိုအပ်သူတွေ နေ့ရော ၊ ညရောပါပဲ ။

လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာဆိုရင်လည်း အောက်ဆီဂျင် အရေးပေါ် လိုအပ်လို့ တောင်းခံနေကြရသူတွေ မနည်းပါဘူး ။

လိုင်းပေါ်တောင် ဒီလောက်များနေရင် အပြင်မှာဆို ကိုယ်မသိနိုင်ဘဲ လိုအပ်နေတာတွေ ဘယ်လောက်တောင် ရှိနေလိုက်မလည်း ။

အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေမှာဆိုရင်လည်း ပြည်သူတွေ ခမျာ မျှော်လင့်ချက်တွေ အပြည့်နဲ့ မိုးမလင်းခင် ကတည်းက

နေပူပူ မိုးရွာရွာ တန်းစီနေကြရပါတယ် ။ ဒီနေ့ဆိုရင်လည်း တောင်ဥက္ကလာစက်မှုဇုံ အောက်ဆီဂျင်စက်ရုံ အရှေ့မှာ

ပြည်သူတွေ အောက်ဆီဂျင်အိုး ကိုယ်စီနဲ့ ရေတွေ ပြည့်လျှံနေတဲ့ လမ်းမပေါ်မှာ စောင့်ဆိုင်းနေခဲ့ကြပါတယ် ။

မျှော်လင့်ချက်တွေ အပြည့်နဲ့ လာရောက်ယူဆောင်ကြပေမယ့် အာဏာရှင် လူတစ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ရက်အကန့်အသတ်မရှိ

စက်ရုံပိတ်လိုက်ရလို့ ပြည်သူတွေ ခမျာ အောက်ဆီဂျင်မရဘဲ ဝမ်းနည်းကြေကွဲစွာ အားလျော့ခဲ့ကြရပါတယ် ။

ဒီလို အခြေအနေတွေမှာ လူ့ အသက်တစ်ချောင်းတင် မဟုတ်ဘဲ လူများစွာရဲ့ အသက်တွေကို ဆုံးရှုံးနိုင်တာမို့ တကယ်ကို ရင်ကွဲစရာ မြင်ကွင်းတွေပါပဲ ။

လာရောက်တန်းစီနေကြတဲ့ မိသားစုတွေဆိုရင်လည်း ဘယ်လောက်တောင် ဒီလိုအချိန်မှာ ပူလောင်ကြရမလည်း ။

အောက်ဆီဂျင် အိုးလေးတွေ ရေထဲမှာ အစုလိုက် တန်းစီနေတဲ့ ပုံရိပ်တွေက တကယ် နာကျင်စရာပါပဲ ။

ပရိသတ်ကြီးအတွက် တောင်ဥက္ကလာစက်မှုဇုံ အောက်ဆီဂျင်စက်ရုံ အရှေ့က လက်ရှိ အခြေအနေတွေကို ပြန်လည်ဝေမျှပေးရင်း

ပြည်သူတွေလည်း ဒီအခက်အခဲတွေကို အမြန်ဆုံး ကျော်လွှားနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader

Source – mmload

Zawgyi Version

အာဏာ႐ွင္လူတစ္စုေၾကာင့္ ေအာက္ဆီဂ်င္လိုအပ္ေနတဲ့ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ မိုးေရထဲေျမာပါသြားခဲ့ရတဲ့ ရင္နင့္စရာျဖစ္ရပ္

ျမန္မာႏိုင္ငံမွာ Covid – 19 ေရာဂါေၾကာင့္ တစ္ေန႔ တစ္ေန႔ ေအာက္ဆီဂ်င္ လိုအပ္သူေတြ ေန႔ေရာ ၊ ညေရာပါပဲ ။

လူမႈကြန္ရက္ စာမ်က္ႏွာေတြ ထက္မွာဆိုရင္လည္း ေအာက္ဆီဂ်င္ အေရးေပၚ လိုအပ္လို႔ ေတာင္းခံေနၾကရသူေတြ မနည္းပါဘူး ။

လိုင္းေပၚေတာင္ ဒီေလာက္မ်ားေနရင္ အျပင္မွာဆို ကိုယ္မသိႏိုင္ဘဲ လိုအပ္ေနတာေတြ ဘယ္ေလာက္ေတာင္ ႐ွိေနလိုက္မလည္း ။

ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ ေနရာေတြမွာဆိုရင္လည္း ျပည္သူေတြ ခမ်ာ ေမွ်ာ္လင့္ခ်က္ေတြ အျပည့္နဲ႔ မိုးမလင္းခင္ ကတည္းက

ေနပူပူ မိုး႐ြာ႐ြာ တန္းစီေနၾကရပါတယ္ ။ ဒီေန႔ဆိုရင္လည္း ေတာင္ဥကၠလာစက္မႈဇုံ ေအာက္ဆီဂ်င္စက္႐ုံ အေ႐ွ႕မွာ

ျပည္သူေတြ ေအာက္ဆီဂ်င္အိုး ကိုယ္စီနဲ႔ ေရေတြ ျပည့္လွ်ံေနတဲ့ လမ္းမေပၚမွာ ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္ ။

ေမွ်ာ္လင့္ခ်က္ေတြ အျပည့္နဲ႔ လာေရာက္ယူေဆာင္ၾကေပမယ့္ အာဏာ႐ွင္ လူတစ္စုရဲ႕ ဖိအားေပးမႈေတြေၾကာင့္ ရက္အကန္႔အသတ္မ႐ွိ

စက္႐ုံပိတ္လိုက္ရလို႔ ျပည္သူေတြ ခမ်ာ ေအာက္ဆီဂ်င္မရဘဲ ဝမ္းနည္းေၾကကြဲစြာ အားေလ်ာ့ခဲ့ၾကရပါတယ္ ။

ဒီလို အေျခအေနေတြမွာ လူ႕ အသက္တစ္ေခ်ာင္းတင္ မဟုတ္ဘဲ လူမ်ားစြာရဲ႕ အသက္ေတြကို ဆုံး႐ႈံးႏိုင္တာမို႔ တကယ္ကို ရင္ကြဲစရာ ျမင္ကြင္းေတြပါပဲ ။

လာေရာက္တန္းစီေနၾကတဲ့ မိသားစုေတြဆိုရင္လည္း ဘယ္ေလာက္ေတာင္ ဒီလိုအခ်ိန္မွာ ပူေလာင္ၾကရမလည္း ။

ေအာက္ဆီဂ်င္ အိုးေလးေတြ ေရထဲမွာ အစုလိုက္ တန္းစီေနတဲ့ ပုံရိပ္ေတြက တကယ္ နာက်င္စရာပါပဲ ။

ပရိသတ္ႀကီးအတြက္ ေတာင္ဥကၠလာစက္မႈဇုံ ေအာက္ဆီဂ်င္စက္႐ုံ အေ႐ွ႕က လက္႐ွိ အေျခအေနေတြကို ျပန္လည္ေဝမွ်ေပးရင္း

ျပည္သူေတြလည္း ဒီအခက္အခဲေတြကို အျမန္ဆုံး ေက်ာ္လႊားႏိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Photo Credit : Original Uploader

Source – mmload