News

လမ်းပေါ်မှာ အသက်ရှုကြပ်ပြီး လဲကျနေတဲ့ အမျိုးသမီးတစ်ယောက်ကို ပြည်သူတွေက ထီးလေးတွေဆောင်းပေးပြီး ကူညီပေးနေကြတဲ့ ဗီဒီယို

လမ်းပေါ်မှာ အသက်ရှုကြပ်ပြီး လဲကျနေတဲ့ အမျိုးသမီးတစ်ယောက်ကို ပြည်သူတွေက ထီးလေးတွေဆောင်းပေးပြီး ကူညီပေးနေကြတဲ့ ဗီဒီယို

လတ်တလော ဖြစ်ပွားလာခဲ့တဲ့ တတိယလှိုင်းဗီဇပြောင်း ကိုဗစ်ရောဂါကြောင့်

မြန်မာပြည်သူတွေ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။

တစ်နေ့တခြား ကူးစက်ခံရသူဦးရေး နှင့် သေဆုံးသူဦးရေးတွေကတော့ အရင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်လှိုင်းတွေထက်

စံချိန်တင်လောက်အောင် သိသိသာသာမြင့်တက်လာခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်း သေဆုံးသူတွေအများအစုမှာ

အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မကြာခဏဆိုသလို လမ်းပေါ်မှာသွားလာရင်း အသက်ရှုကြပ်ပြီး မူးမေ့လဲနေတဲ့

လူနာများလည်းတွေလည်းရှိသလို တစ်ခါတည်း အသက်ဆုံးရှုံးသွားတဲ့ ဖြစ်ရပ်တွေလည်း

လူမှုကွန်ယက်မှာ စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ယခုမှာလည်း အမျိုးသမီးတစ်ယောက် လမ်းမပေါ်မှာသွားလာရင်း

အသက်ရှုကြပ်ပြီး မူးမေ့လဲနေတဲ့ ဗီဒီယိုလေးကလည်း ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။

ယခုတစ်ခါ ဖြစ်ပွားခဲ့တဲ့ နေရာကတော့ ရန်ကုန်မြို့၊ တာမွေ (၁၄၀)လမ်းထိပ်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီဗီဒီယိုဖိုင်ထဲမှာတော့ အသက်ရှုကြပ်ပြီး ရုတ်တရက်လဲကျနေတဲ့ အမျိုးသမီးတစ်ယောက်ကို

လမ်းသွားလမ်းသူတွေက ထီးလေးတွေကာမိုးပြီး အနားကနေ ကူညီပေးနေခဲ့တာ တွေ့ရပါတယ်။

ယခုအချိန်က ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့ အရမ်းကို ခက်ခဲနေတဲ့အနေအထားဖြစ်နေတာကြောင့်

ပရိသတ်တွေလည်း ဂရုတစိုက်သွားလာကြဖို့ အထူးလိုအပ်လှပါတယ်။

ဒီဗီဒီယိုလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပေမယ့် ပရိသတ်တွေပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး

Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://www.facebook.com/100008921313254/videos/2024159761081495/

သတင်းအရင်းမြစ်: MmLoad

Source -Original Upload

Zawgyi Version





















