News

တစ်အိမ်လုံး ကိုဗစ် ကူးစက်ခံထားရတာကြောင့် အလံဖြူလေးထောင်ကာ အကူအညီတောင်းခံလာတဲ့ စိတ်မကောင်းစရာဖြစ်ရပ်လေး

တစ်အိမ်လုံး ကိုဗစ် ကူးစက်ခံထားရတာကြောင့် အလံဖြူလေးထောင်ကာ အကူအညီတောင်းခံလာတဲ့ စိတ်မကောင်းစရာဖြစ်ရပ်လေး

တတိယလှိုင်း အနေနဲ့ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါက အရင် အခေါက်တွေထက် ပိုမိုပြင်းထန်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့်လည်း အခုဆိုရင် သေဆုံးသူတွေ တစ်နေ့ကို ရာချီလျက်ရှိတာပါ ။

အရင်ကဆိုရင် ကုသရမယ့်နေရာတွေလည်း အစုံအလင်ရှိတာမို့ ရောဂါကူးစက်ခံရပါက

စနစ်တကျလာရောက် ခေါ်ဆောင်ကာ ကုသပေးခဲ့တာပါ ။

ဒါ့အပြင် အိမ်က မိသားစုဝင်တွေကိုလည်း Stay Home ထားထားတာကြောင့် ရောဂါက ဆိုးဆိုးရွားရွား မပျံ့ပွားခဲ့ပါဘူး ။

အခုလက်ရှိမှာတော့ ရောဂါကူးစက်ရင် လာခေါ်ပေးမယ့် အဖွဲ့အစည်းကလည်းမရှိ

ဆေးရုံတွေကလည်း လူနာတွေများလို့ လက်မခံတာတွေကြောင့် အများစုက အိမ်မှာဘဲ ကုသရင်း

တစ်အိမ်သားလုံး ကူးစက်တာတွေ ရှိလာပါတယ် ။ တစ်ချို့ဆို မိသားစုလိုက် အကုန် ကူးစက်ပြီး သေဆုံးသွားတာကြောင့်

နီးစပ်ရာ ပရဟိတ အသင်းတွေကပဲ ကူညီ လုပ်ဆောင်ပေးခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို လည်းတွေ့ရပါတယ် ။

ဒီနေ့ဆိုရင်လည်း ရန်ကုန်မြို့ ဒေါပုံဘက်မှာ တစ်အိမ်လုံးက မိသားစု အကုန် ကိုဗစ်ကူးစက်ခံရပြီး ဖျာနာနေတာကြောင့်

အိမ်ရှေ့မှာ အလံဖြူလေးထောင်ကာ အကူအညီတောင်းနေတဲ့ စိတ်မကောင်းစရာ ပို့စ်လေးတစ်ခုကို တွေ့ရပါတယ် ။

ပြည်သူတွေကလည်း မကြည့်ရက်တာကြောင့် သွားရောက်ကူညီကြမယ့်သူတွေလည်း ရှိသလို

တစ်ချို့ကလည်း လိုအပ်တာတွေ လှူဒါန်းပေးမယ့် အဖွဲ့အစည်းတွေ မြင်အောင် ပြန်လည်မျှဝေဖော်ပြပေးခဲ့ကြပါတယ် ။

ပရိသတ်ကြီးအတွက် အလံဖြူထောင်ထားတဲ့ အိမ်တစ်အိမ် ရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader

Credit Mmload

Zawgyi Version

တစ္အိမ္လုံး ကိုဗစ္ ကူးစက္ခံထားရတာေၾကာင့္ အလံျဖဴေလးေထာင္ကာ အကူအညီေတာင္းခံလာတဲ့ စိတ္မေကာင္းစရာျဖစ္ရပ္ေလး

တတိယလိႈင္း အေနနဲ႔ တစ္ေက်ာ့ျပန္လည္ ျဖစ္ပြားေနတဲ့ ကိုဗစ္ ေရာဂါက အရင္ အေခါက္ေတြထက္ ပိုမိုျပင္းထန္တယ္လို႔ သိရပါတယ္။

ဒါ့ေၾကာင့္လည္း အခုဆိုရင္ ေသဆုံးသူေတြ တစ္ေန႔ကို ရာခ်ီလ်က္႐ွိတာပါ ။

အရင္ကဆိုရင္ ကုသရမယ့္ေနရာေတြလည္း အစုံအလင္႐ွိတာမို႔ ေရာဂါကူးစက္ခံရပါက

စနစ္တက်လာေရာက္ ေခၚေဆာင္ကာ ကုသေပးခဲ့တာပါ ။

ဒါ့အျပင္ အိမ္က မိသားစုဝင္ေတြကိုလည္း Stay Home ထားထားတာေၾကာင့္ ေရာဂါက ဆိုးဆိုး႐ြား႐ြား မပ်ံ႕ပြားခဲ့ပါဘူး ။

အခုလက္႐ွိမွာေတာ့ ေရာဂါကူးစက္ရင္ လာေခၚေပးမယ့္ အဖြဲ႕အစည္းကလည္းမ႐ွိ

ေဆး႐ုံေတြကလည္း လူနာေတြမ်ားလို႔ လက္မခံတာေတြေၾကာင့္ အမ်ားစုက အိမ္မွာဘဲ ကုသရင္း

တစ္အိမ္သားလုံး ကူးစက္တာေတြ ႐ွိလာပါတယ္ ။ တစ္ခ်ိဳ႕ဆို မိသားစုလိုက္ အကုန္ ကူးစက္ၿပီး ေသဆုံးသြားတာေၾကာင့္

နီးစပ္ရာ ပရဟိတ အသင္းေတြကပဲ ကူညီ လုပ္ေဆာင္ေပးခဲ့ရတဲ့ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြကို လည္းေတြ႕ရပါတယ္ ။

ဒီေန႔ဆိုရင္လည္း ရန္ကုန္ၿမိဳ႕ ေဒါပုံဘက္မွာ တစ္အိမ္လုံးက မိသားစု အကုန္ ကိုဗစ္ကူးစက္ခံရၿပီး ဖ်ာနာေနတာေၾကာင့္

အိမ္ေ႐ွ႕မွာ အလံျဖဴေလးေထာင္ကာ အကူအညီေတာင္းေနတဲ့ စိတ္မေကာင္းစရာ ပို႔စ္ေလးတစ္ခုကို ေတြ႕ရပါတယ္ ။

ျပည္သူေတြကလည္း မၾကည့္ရက္တာေၾကာင့္ သြားေရာက္ကူညီၾကမယ့္သူေတြလည္း ႐ွိသလို

တစ္ခ်ိဳ႕ကလည္း လိုအပ္တာေတြ လႉဒါန္းေပးမယ့္ အဖြဲ႕အစည္းေတြ ျမင္ေအာင္ ျပန္လည္မွ်ေဝေဖာ္ျပေပးခဲ့ၾကပါတယ္ ။

ပရိသတ္ႀကီးအတြက္ အလံျဖဴေထာင္ထားတဲ့ အိမ္တစ္အိမ္ ရဲ႕ စိတ္မေကာင္းစရာ အျဖစ္ေလးကို ေဖာ္ျပေပးလိုက္ပါတယ္ ။

Photo Credit : Original Uploader

Credit Mmload