News

ပရဟိတအလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ရောဂါကြောင့်သေဆုံးသွားခဲ့ရတဲ့ ကိုစွမ်းပြည့်ရဲ့နောက်ဆုံးခရီးပုံရိပ်များ

ပရဟိတအလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ရောဂါကြောင့်သေဆုံးသွားခဲ့ရတဲ့ ကိုစွမ်းပြည့်ရဲ့နောက်ဆုံးခရီးပုံရိပ်များ

ဒီကာလမှာ ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနေကြတဲ့သူတွေကတော့ ပြည်သူတွေပဲဖြစ်ပါတယ်။

တစ်ကိုယ်တော်ပရဟိတသမားတွေလည်း ထွက်ပေါ်လာပြီး စေတနာ၊မေတ္တာ၊ဂရုဏာတွေနဲ့

ပြည်သူအချင်းချင်းကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပရဟိတအဖွဲ့အစည်းတွေကလည်း ကိုယ်ကျိုးစွန့်အနစ်နာခံပြီး

ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေရှိပေးနေကြတာဖြစ်ပါတယ်။

ပရဟိတလူငယ်တွေကလက်ရှိအခြေအနေမှာ ကိုဗစ်နဲ့ကျည်ဆံတွေကို အံတုပြီး

ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ပရဟိတလူငယ်လေးတစ်ဦးဖြစ်တဲ့ ကိုစွမ်းပြည့်က မန္တလေးတိုင်း၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှာ

ပရဟိတလုပ်လာတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။စိတ်သဘောထားပြည့်ဝပြီး ကူညီချင်စိတ်ရှိတဲ့ကိုစွမ်းပြည့်က

အခုဆိုရင်တော့ ကိုဗစ်ကူးစက်ခံရပြီး အဲ့ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။

ကိုစွမ်းပြည့်နဲ့ရင်းနှီးခင်မင်တဲ့ မိတ်ဆွေ၊သူငယ်ချင်းတစ်ချို့ကလည်း ကျည်ဆန်တွေကြားမှမသေဘဲ ကိုဗစ်ကြောင့်သေသွားရလို့အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ကိုစွမ်းပြည့်ရဲ့ နောက်ဆုံးခရီးကိုလည်း မိတ်ဆွေအများအပြားက လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။

အသက်ရှိနေစဉ်ကာလတစ်လျှောက်လုံး အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ကိုစွမ်းပြည့်ကတော့ သူချစ်တဲ့ပရဟိတအလုပ်ကို စွန့်ခွါသွားခဲ့ပြီဖြစ်ပါတယ်။

အခုလိုမျိုး နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေတဲ့ ပရဟိတလူငယ်လေး ကိုစွမ်းပြည့် ကြွေလွင့်သွားတာကြောင့်

ပြည်သူတွေလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းနေရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Source – MMLoad

Zawgyi Version

ပရဟိတအလုပ္ေတြကို သက္စြန္႔ဆံဖ်ားလုပ္ေဆာင္ရင္း ကိုဗစ္ကူးစက္ေရာဂါေၾကာင့္ေသဆုံးသြားခဲ့ရတဲ့ ကိုစြမ္းျပည့္ရဲ႕ေနာက္ဆုံးခရီးပုံရိပ္မ်ား

ဒီကာလမွာ ျပည္သူေတြရဲ႕အခက္အခဲကို ကူညီေျဖ႐ွင္းေပးေနၾကတဲ့သူေတြကေတာ့ ျပည္သူေတြပဲျဖစ္ပါတယ္။

တစ္ကိုယ္ေတာ္ပရဟိတသမားေတြလည္း ထြက္ေပၚလာၿပီး ေစတနာ၊ေမတၱာ၊ဂ႐ုဏာေတြနဲ႔

ျပည္သူအခ်င္းခ်င္းကာကြယ္ေစာင့္ေ႐ွာက္ေပးေနၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ပရဟိတအဖြဲ႕အစည္းေတြကလည္း ကိုယ္က်ိဳးစြန္႔အနစ္နာခံၿပီး

ျပည္သူေတြအတြက္ တစ္ေထာင့္တစ္ေနရာကေန႐ွိေပးေနၾကတာျဖစ္ပါတယ္။

ပရဟိတလူငယ္ေတြကလက္႐ွိအေျခအေနမွာ ကိုဗစ္နဲ႔က်ည္ဆံေတြကို အံတုၿပီး

ပရဟိတအလုပ္ေတြကို လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ပရဟိတလူငယ္ေလးတစ္ဦးျဖစ္တဲ့ ကိုစြမ္းျပည့္က မႏၲေလးတိုင္း၊ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕မွာ

ပရဟိတလုပ္လာတာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္ပါတယ္။စိတ္သေဘာထားျပည့္ဝၿပီး ကူညီခ်င္စိတ္႐ွိတဲ့ကိုစြမ္းျပည့္က

အခုဆိုရင္ေတာ့ ကိုဗစ္ကူးစက္ခံရၿပီး အဲ့ဒီေရာဂါနဲ႔ပဲ ကြယ္လြန္သြား႐ွာၿပီျဖစ္ပါတယ္။

ကိုစြမ္းျပည့္နဲ႔ရင္းႏွီးခင္မင္တဲ့ မိတ္ေဆြ၊သူငယ္ခ်င္းတစ္ခ်ိဳ႕ကလည္း က်ည္ဆန္ေတြၾကားမွမေသဘဲ ကိုဗစ္ေၾကာင့္ေသသြားရလို႔အရမ္းဝမ္းနည္းေနၾကတာျဖစ္ပါတယ္။

ကိုစြမ္းျပည့္ရဲ႕ ေနာက္ဆုံးခရီးကိုလည္း မိတ္ေဆြအမ်ားအျပားက လိုက္ပါပို႔ေဆာင္ေပးၾကတာျဖစ္ပါတယ္။

အသက္႐ွိေနစဥ္ကာလတစ္ေလွ်ာက္လုံး အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ခဲ့တဲ့ ကိုစြမ္းျပည့္ကေတာ့ သူခ်စ္တဲ့ပရဟိတအလုပ္ကို စြန္႔ခြါသြားခဲ့ၿပီျဖစ္ပါတယ္။

အခုလိုမ်ိဳး ႏိုင္ငံအတြက္ တစ္ေထာင့္တစ္ေနရာကေန အက်ိဳးျပဳေနတဲ့ ပရဟိတလူငယ္ေလး ကိုစြမ္းျပည့္ ေႂကြလြင့္သြားတာေၾကာင့္

ျပည္သူေတြလည္း မိသားစုနဲ႔ထပ္တူ ဝမ္းနည္းေနရေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo Credit: Original Uploder

Source – MMLoad