News

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဘဝရဲ့နောက်ဆုံးအချိန်ကို တရားအားထုတ်ရင်း ငြိမ်းချမ်းစွာအနားယူသွားတဲ့ အဘိုးတစ်ယောက်ရဲ့ဗီဒီယိုဖိုင်

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဘဝရဲ့နောက်ဆုံးအချိန်ကို တရားအားထုတ်ရင်း ငြိမ်းချမ်းစွာအနားယူသွားတဲ့ အဘိုးတစ်ယောက်ရဲ့ဗီဒီယိုဖိုင်

ကိုဗစ်တတိယလှိုင်းကတော့ မြန်မာပြည်မှာ အခြေအနေတွေဆိုးရွားနေပြီး

ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးသူတွေ များပြားနေတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင် ပြတ်လပ်မှုတွေအပါအဝင် ဆေးကုသမှု မရတာတွေနဲ့

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြရတဲ့ လူနာတွေမှာ ရောဂါရဲ့ ဖိစီးမှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရတာပါ..။

ကိုဗစ်ရောဂါကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ လူနာတွေလည်းရှိပေမယ့် သေဆုံးမှုတွေဟာ များလွန်းတာကြောင့်

သဂြိုလ်ဖို့တောင် တန်းစီစောင့်ဆိုင်းနေကြရတဲ့ အနေအထားပါ..။

သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ ကူးစက်ခံရတဲ့အခါ စိုးရိမ်ရပြီး

အခုတစ်ခါမှာလည်း ရောဂါခံစားနေရတဲ့အဖိုးတစ်ယောက်ဟာ

သူ့ရဲ့နောက်ဆုံးအချိန်မှာ တရားအားထုတ်ရင်း ငြိမ်းချမ်းစွာ အနားယူသွားခဲ့ပါတယ်..။

အဖိုးကတော့ ရောဂါဝေဒနာရဲ့ ဖိစီးနှိပ်စက်မှုတွေကို အံတုရင်း သူ့ရဲ့နောက်ဆုံးအချိန်မှာ ဘုရားတရားကို အာရုံပြုကာ တရားအားထုတ်ရင်း

အေးချမ်းစွာ အနားယူသွားတာကြောင့် လေးစားစရာကောင်းသလို ချီးကျူးသာဓုခေါ်စရာလည်း ကောင်းလွန်းပါတယ်..။

ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းရင်း

အဖိုးရဲ့ ဗီဒီယိုင်လေးကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Original Uploader

Mmload

Zawgyi Version
















Mmload