လူသားချင်း စာနာစိတ်နဲ့ ကူညီပေးခဲ့ပေမယ့် အသိအမှတ် မပြုတဲ့အပြင် လူနာသေဆုံးတာ သူ့ကြောင့်ပါလို့ စွတ်စွဲခံခဲ့ရတဲ့ပြည်သူတစ်ဦး
ပြည်သူမှာ ပြည်သူပဲ ရှိလို့ ခုလို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါတွေနဲ့ ပတ်သက်ပြီး
အချင်ချင်း ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ် ။
ကိုယ်နဲ့ သွေးမတော် သားမစပ် ကြပေမယ့်လည်း ဒုက္ခရောက်နေသူတွေကို မကြည့်ရက်နိုင်တာကြောင့်
ကိုယ့်အခက်အခဲတွေကိုတောင် မေ့လျော့ပြီး အစွမ်းကုန် ကူညီပေးနေကြတာပါ ။
ပရဟိတ အသင်းတွေဆိုရင်လည်း နေ့မနား ညမနား တောက်လျှောက် ကိုဗစ်လူနာတွေကို လိုအပ်တာတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ် ။
တစ်ချို့ဆို ညသန်းခေါင်အချိန်အထိ အောက်ဆီဂျင် လိုအပ်သူတွေကြောင့် ညမထွက်ရအမိန့်တွေ ရှိနေတဲ့ ကြားက အရဲစွန့်ကာ
ကူညီပေးနေကြတာတကယ်ကို လေးစား စရာတွေပါပဲနော် ။
ဒါကြောင့်လည်း ဒီလို ကူညီပေးနေသူတွကို ပြည်သူတွေကလည်း ကျေးဇူးတင်နေရတာပါ ။
ဒီလို ကူညီပေးကြရမှာလည်း အမြဲတမ်းကြီး အဆင်ပြေ ချောမွေ့နိုင်တာတော့ မရှိပါဘူး ။
မနေ့ကဆိုရင်လည်း အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတစ်ဦးအတွက် ကူညီရှာဖွေပေးနေပေမယ့်လည်း လူနာက ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ် ။
ဒါကို လူနာရှင်က အချိန်မှီ မရောက်လာနိုင်လို့ဆိုပြီး ကူညီပေးသူကို စာပို့ပြီး အပြစ်တင်ပြောဆိုခံခဲ့ရတဲ့ စိတ်မကောင်းစရာ ပို့စ်လေးတစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။
ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Photo Credit : Original Uploader
Credit – MMload
Zawgyi Version
လူသားခ်င္း စာနာစိတ္နဲ႔ ကူညီေပးခဲ့ေပမယ့္ အသိအမွတ္ မျပဳတဲ့အျပင္ လူနာေသဆုံးတာ သူ႕ေၾကာင့္ပါလို႔ စြတ္စြဲခံခဲ့ရတဲ့ျပည္သူတစ္ဦး
ျပည္သူမွာ ျပည္သူပဲ ႐ွိလို႔ ခုလို ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ကိုဗစ္ေရာဂါေတြနဲ႔ ပတ္သက္ၿပီး
အခ်င္ခ်င္း ကူညီေစာင့္ေ႐ွာက္မႈေတြ ျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္ ။
ကိုယ္နဲ႔ ေသြးမေတာ္ သားမစပ္ ၾကေပမယ့္လည္း ဒုကၡေရာက္ေနသူေတြကို မၾကည့္ရက္ႏိုင္တာေၾကာင့္
ကိုယ့္အခက္အခဲေတြကိုေတာင္ ေမ့ေလ်ာ့ၿပီး အစြမ္းကုန္ ကူညီေပးေနၾကတာပါ ။
ပရဟိတ အသင္းေတြဆိုရင္လည္း ေန႔မနား ညမနား ေတာက္ေလွ်ာက္ ကိုဗစ္လူနာေတြကို လိုအပ္တာေတြ ေဆာင္႐ြက္ေပးလ်က္႐ွိပါတယ္ ။
တစ္ခ်ိဳ႕ဆို ညသန္းေခါင္အခ်ိန္အထိ ေအာက္ဆီဂ်င္ လိုအပ္သူေတြေၾကာင့္ ညမထြက္ရအမိန္႔ေတြ ႐ွိေနတဲ့ ၾကားက အရဲစြန္႔ကာ
ကူညီေပးေနၾကတာတကယ္ကို ေလးစား စရာေတြပါပဲေနာ္ ။
ဒါေၾကာင့္လည္း ဒီလို ကူညီေပးေနသူတြကို ျပည္သူေတြကလည္း ေက်းဇူးတင္ေနရတာပါ ။
ဒီလို ကူညီေပးၾကရမွာလည္း အၿမဲတမ္းႀကီး အဆင္ေျပ ေခ်ာေမြ႕ႏိုင္တာေတာ့ မ႐ွိပါဘူး ။
မေန႔ကဆိုရင္လည္း ေအာက္ဆီဂ်င္လိုအပ္ေနတဲ့ လူနာတစ္ဦးအတြက္ ကူညီ႐ွာေဖြေပးေနေပမယ့္လည္း လူနာက ႐ုတ္တရက္ကြယ္လြန္သြားခဲ့ပါတယ္ ။
ဒါကို လူနာ႐ွင္က အခ်ိန္မွီ မေရာက္လာႏိုင္လို႔ဆိုၿပီး ကူညီေပးသူကို စာပို႔ၿပီး အျပစ္တင္ေျပာဆိုခံခဲ့ရတဲ့ စိတ္မေကာင္းစရာ ပို႔စ္ေလးတစ္ခု ပ်ံ႕ႏွံ႔ခဲ့ပါတယ္ ။
ဒီအျဖစ္အပ်က္ေလးကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။
Photo Credit : Original Uploader