Cele News

သေရင်လည်းသေလိုက်ပါတော့လို့အော်ငိုရတဲ့အထိ ကိုဗစ်ရောဂါကို အလူးအလဲအံတုခံစားနေရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့မေမီကိုကို

သေရင်လည်းသေလိုက်ပါတော့လို့အော်ငိုရတဲ့အထိ ကိုဗစ်ရောဂါကို အလူးအလဲအံတုခံစားနေရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့မေမီကိုကို

MRTV-4 ရဲ့ သရုပ်ဆောင်မင်းသမီးချော မေမီကိုကိုကနော့ လက်ရှိမှာ Covid 19 ရောဂါ ကူးစက်ခံစားနေရတယ်လို့ သိရပါတယ်..။

ရောဂါကူးစက်ခံရတာကြောင့် နေမကောင်းဖြစ်နေတာ (၁၀)ရက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး

လက်ရှိမှာတော့ ဂရုစိုက်နေထိုင်စားသောက်နေရတာ ဖြစ်ပါတယ်..။

အဖျားဝင်ပြီး (၅)ရက်လောက် အစားမဝင်ခဲ့ပေမယ့် အနံ့စပျောက်တဲ့ နေ့ကတည်းက ကြိတ်မှိတ်စားသောက်နေပြီး

ရောဂါကို အလူးအလဲခံစားရတဲ့ အကြောင်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှပြောပြလာပါတယ်..။

ကိုယ်အလေးချိန်လည်း ကျသွားခဲ့ရပြီး လက်ရှိမှာတော့ အနံ့ပြန်ရနေကာ ပရိသတ်တွေကိုလည်း စိတ်ဓာတ်မကျဖို့နဲ့

အစားများများစားပြီး ကျန်းမာအောင် နေကြဖို့ တိုက်တွန်းထားပါသေးတယ်..။

 

“ရက်ပေါင်း၁၀ရက်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ပါပြီ….

စားတယ် ငိုတယ် အိပ်တယ်… ဒီသုံးမျိုးနဲ့ လည်ပတ်ခဲ့ပါတယ်…. စဖျားတုန်းက ၅ရက်လောက်အစားမဝင်ပါဘူး

အနံ့စပျောက်တဲ့နေ့တည်းက သေမှာမကြောက်ပေမဲ့ သေသွားမှာ စိုးတာနဲ့ အကုန်ပါးစပ်ထဲ ထည့်ပါတယ်…

အရင်က ဝိတ်ထိန်းတဲ့အနေနဲ့ ငါးပိရည်နဲ့ မစားပါဘူး ခုဆို ငါးပိရည်တစ်မျိုးတည်းနဲ့ ထမင်းကိုတွယ်ပါတယ်…

အစားလွန်ပြီး အိအိအအတွေ အော်ရတဲ့အထိစားမိပါတယ်😅…. အခန်းထဲပိတ်ပြီးနေပါတယ်…

လေဖြတ်ထားတဲ့အဖေ့ကို ကူးမှာစိုးလို့….အိပ်တာကလည်း တရားလွန်အိပ်ပစ်တယ်….

တချက်တချက်ကျရင် အသက်ရှုမရတော့လို့ လန့်ပြီး ငိုတယ်….ချောင်းတခါဆိုးရင် မေတ္တာပို့ပို့ပြီး အော်ငိုရတာလည်းအမော

(ငါလေ သေလည်း မသေနိုင်သေးဘူး သေရင်လည်း သေလိုက်တော့)ဆိုပြီး🤭 …ငိုပြီးရင်အားသာချက်က ပွင့်ထွက်သွားတယ်စိတ်တွေ နေလို့ကောင်းသွားတယ်…

ကျွန်တော့်အတွက် တစ်ခုရှိတာက ဖျားနေတဲ့အတွင်း ကြက်ပြုတ်လည်း မလိုအပ်ခဲ့သလို ကြက်ဥလည်း မစားခဲ့ပါဘူး….

ဖျားရင် ဒါတွေသောက်ရမှာ ထုံးစံလိုဖြစ်ပေမဲ့ ကျွန်တော်မစားနိုင်ခဲ့ဘူး(စားမဝင်လို့)…. ထမင်းစားက အစာမကြေတာတော့ အနည်းငယ်ဖြစ်တာပေါ့….

ဒါမဲ့ ကျွန်တော်ထမင်းပဲစားပါတယ်….ကျွန်တော်ကိုဘေးနားမှာ ပြစုပေးတဲ့အစ်မနှစ်ယောက်ဆို အမြဲလက်ဆေးနေတော့ သူတို့ကို မကူးခဲ့ဘူး…

သူတို့က သန်မာတဲ့သူတွေ😁….ဘာပဲပြောပြောထပ်မှာချင်တာကတော့စားပါ….အရမ်းစားပါနော်….ပြီးတော့

💊ဆေးကိုလည်း ပတ်လည်အောင် သောက်ကြပါနော်…စိတ်ဓာတ်မကျပါနဲ့ Fighting ပါ….💪🏻

ကျွန်တော့်ကို စိတ်ပူပေးကြတဲ့ သူတွေ အကုန်လုံးကို ကျေးဇူးမွချိပါလို့…🥰..” ဆိုပြီး မေမီကိုကိုက ပြောပြထားတာပါ..။

ပရိသတ်တွေကလည်း ကျန်းမာရေးမကောင်းတဲ့ သူမကို စိတ်ပူနေကြပြီး

လက်ရှိမှာ အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းနေတာကြောင့် အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: May Mi Ko Ko’s Fb Acc

Zawgyi Version

ေသရင္လည္းေသလိုက္ပါေတာ့လို႔ေအာ္ငိုရတဲ့အထိ ကိုဗစ္ေရာဂါကို အလူးအလဲအံတုခံစားေနရတဲ့အေၾကာင္း ရင္ဖြင့္ေျပာျပလာတဲ့ေမမီကိုကို

MRTV-4 ရဲ႕ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ ေမမီကိုကိုကေနာ့ လက္႐ွိမွာ Covid 19 ေရာဂါ ကူးစက္ခံစားေနရတယ္လို႔ သိရပါတယ္..။

ေရာဂါကူးစက္ခံရတာေၾကာင့္ ေနမေကာင္းျဖစ္ေနတာ (၁၀)ရက္ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး

လက္႐ွိမွာေတာ့ ဂ႐ုစိုက္ေနထိုင္စားေသာက္ေနရတာ ျဖစ္ပါတယ္..။

အဖ်ားဝင္ၿပီး (၅)ရက္ေလာက္ အစားမဝင္ခဲ့ေပမယ့္ အနံ႔စေပ်ာက္တဲ့ ေန႔ကတည္းက ႀကိတ္မွိတ္စားေသာက္ေနၿပီး

ေရာဂါကို အလူးအလဲခံစားရတဲ့ အေၾကာင္းေတြနဲ႔ ၾကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အၾကဳံေတြကို ေဝမွ်ေျပာျပလာပါတယ္..။

ကိုယ္အေလးခ်ိန္လည္း က်သြားခဲ့ရၿပီး လက္႐ွိမွာေတာ့ အနံ႔ျပန္ရေနကာ ပရိသတ္ေတြကိုလည္း စိတ္ဓာတ္မက်ဖို႔နဲ႔

အစားမ်ားမ်ားစားၿပီး က်န္းမာေအာင္ ေနၾကဖို႔ တိုက္တြန္းထားပါေသးတယ္..။

“ရက္ေပါင္း၁၀ရက္ကို ေအာင္ျမင္စြာျဖတ္ေက်ာ္ႏိုင္ပါၿပီ….

စားတယ္ ငိုတယ္ အိပ္တယ္… ဒီသုံးမ်ိဳးနဲ႔ လည္ပတ္ခဲ့ပါတယ္…. စဖ်ားတုန္းက ၅ရက္ေလာက္အစားမဝင္ပါဘူး

အနံ႔စေပ်ာက္တဲ့ေန႔တည္းက ေသမွာမေၾကာက္ေပမဲ့ ေသသြားမွာ စိုးတာနဲ႔ အကုန္ပါးစပ္ထဲ ထည့္ပါတယ္…

အရင္က ဝိတ္ထိန္းတဲ့အေနနဲ႔ ငါးပိရည္နဲ႔ မစားပါဘူး ခုဆို ငါးပိရည္တစ္မ်ိဳးတည္းနဲ႔ ထမင္းကိုတြယ္ပါတယ္…

အစားလြန္ၿပီး အိအိအအေတြ ေအာ္ရတဲ့အထိစားမိပါတယ္😅…. အခန္းထဲပိတ္ၿပီးေနပါတယ္…

ေလျဖတ္ထားတဲ့အေဖ့ကို ကူးမွာစိုးလို႔….အိပ္တာကလည္း တရားလြန္အိပ္ပစ္တယ္….

တခ်က္တခ်က္က်ရင္ အသက္႐ႈမရေတာ့လို႔ လန္႔ၿပီး ငိုတယ္….ေခ်ာင္းတခါဆိုးရင္ ေမတၱာပို႔ပို႔ၿပီး ေအာ္ငိုရတာလည္းအေမာ

(ငါေလ ေသလည္း မေသႏိုင္ေသးဘူး ေသရင္လည္း ေသလိုက္ေတာ့)ဆိုၿပီး🤭 …ငိုၿပီးရင္အားသာခ်က္က ပြင့္ထြက္သြားတယ္စိတ္ေတြ ေနလို႔ေကာင္းသြားတယ္…

ကြၽန္ေတာ့္အတြက္ တစ္ခု႐ွိတာက ဖ်ားေနတဲ့အတြင္း ၾကက္ျပဳတ္လည္း မလိုအပ္ခဲ့သလို ၾကက္ဥလည္း မစားခဲ့ပါဘူး….

ဖ်ားရင္ ဒါေတြေသာက္ရမွာ ထုံးစံလိုျဖစ္ေပမဲ့ ကြၽန္ေတာ္မစားႏိုင္ခဲ့ဘူး(စားမဝင္လို႔)…. ထမင္းစားက အစာမေၾကတာေတာ့ အနည္းငယ္ျဖစ္တာေပါ့….

ဒါမဲ့ ကြၽန္ေတာ္ထမင္းပဲစားပါတယ္….ကြၽန္ေတာ္ကိုေဘးနားမွာ ျပစုေပးတဲ့အစ္မႏွစ္ေယာက္ဆို အၿမဲလက္ေဆးေနေတာ့ သူတို႔ကို မကူးခဲ့ဘူး…

သူတို႔က သန္မာတဲ့သူေတြ😁….ဘာပဲေျပာေျပာထပ္မွာခ်င္တာကေတာ့စားပါ….အရမ္းစားပါေနာ္….ၿပီးေတာ့

💊ေဆးကိုလည္း ပတ္လည္ေအာင္ ေသာက္ၾကပါေနာ္…စိတ္ဓာတ္မက်ပါနဲ႔ Fighting ပါ….💪🏻

ကြၽန္ေတာ့္ကို စိတ္ပူေပးၾကတဲ့ သူေတြ အကုန္လုံးကို ေက်းဇူးမြခ်ိပါလို႔…🥰..” ဆိုၿပီး ေမမီကိုကိုက ေျပာျပထားတာပါ..။

ပရိသတ္ေတြကလည္း က်န္းမာေရးမေကာင္းတဲ့ သူမကို စိတ္ပူေနၾကၿပီး

လက္႐ွိမွာ အေကာင္းဆုံးရင္ဆိုင္ျဖတ္သန္းေနတာေၾကာင့္ အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: May Mi Ko Ko’s Fb Acc