ကိုဗစ်ကြောင့် အဖေ၊အမေနဲ့ အဒေါ် ၃ယောက်စလုံးကိုဆုံးရှုံးခဲ့ရတဲ့ အမြွှာလေးနှစ်ယောက်…
တမူးမြို့မှာ အမြွှာမောင်နှစ်မနှစ်ယောက်ရဲ့ အဖေ၊အမေနဲ့ အဒေါ်ပါ ကိုဗစ်ကြောင့် သေဆုံးခဲ့ရပါတယ်။
ကလေးနှစ်ယောက်ရဲ့ ဆရာမဖြစ်သူက ဒီအဖြစ်ဆိုးနဲ့ပတ်သက်လို့လူမူကွန်ယက်မှာ ရင်နင့်စရာရေးသားထားတာက…”
ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ရောဂါဆိုးကြီးရယ် အမြန်ပျောက်ကွယ်သွားပါတော့။
ကိုယ်စာသင်ပေးနေတဲ့ အမြွှာမောင်နှမလေး နှစ်ယောက်မေမေက အရင်ဆုံးပြီး
ဖေဖေနဲ့ အဒေါ်ဖြစ်သူတို့က မေမေရက်လည်တဲ့နေ့မှာ ထပ်ဆုံးတယ်။
သားနဲ့ သမီးကို စာလည်းသင်၊ လိမ္မာယဉ်ကျေးအောင်လည်း သင်ပေးပါ တီချယ်ဆိုပြီး
တဖွဖွပြောတတ်တဲ့ အစ်ကိုနဲ့အစ်မ။
တီချယ်ရေ..ဒါလေးပြောပေးပါဦး သားနဲ့သမီးက တီချယ်ပြောတာမှ နားထောင်တာဆိုပြီး
ဖြစ်စေချင်တာလေးတွေအမြဲပြောတတ်တဲ့ အစ်ကိုနဲ့အစ်မ။
ကလေးမြို့ ခဏပြန်ကြတော့ ….ဖုန်းခဏ ခဏ ဆက်ပြီး
ပြန်လာတော့(စာသင်ဖို့)ခေါ်တတ်တဲ့အစ်ကိုနဲ့အစ်မ။
ကိုယ့်သားသမီးတွေသင်ရုံသာမက..
တီချယ်ရေ ကျွန်မ သူငယ်ချင်းကလေးတွေ အတွက်လည်း တစ်ချိန်စာလေး လုပ်ပေးပါဦး။
ကျွန်တော့သူငယ်ချင်းကလေးတွေအတွက်လည်း ပြောထားသေးတယ် အချိန်ချန်ထားဦးနော် . ..ဆိုပြီး
sharing လုပ်ပေးတတ်တဲ့အစ်ကိုနဲ့အစ်မ။
သားနဲ့သမီးကိုချစ်လွန်းလို့ အရာရာဂရုတစိုက်အမြဲရှိတတ်တဲ့ အစ်ကိုနဲ့အစ်မ
ခုတော့….. စိတ်ချထားခဲ့ပြီလား။
အရွယ်နဲ့မမျှ ခံစားကြရရှာမှာတီချယ်ရင်နာလိုက်တာ ဇာနည်နဲ့ဇာခြည်ရယ်..
အားတင်းထားကြပါ ကလေးတို့ရယ်.”လို့ ရေးသားထားပါတယ်။
credit
Zawgyi Version
ကိုဗစ္ေၾကာင့္ အေဖ၊အေမနဲ႔ အေဒၚ ၃ေယာက္စလုံးကိုဆုံး႐ႈံးခဲ့ရတဲ့ အႁမႊာေလးႏွစ္ေယာက္…
တမူးၿမိဳ႕မွာ အႁမႊာေမာင္ႏွစ္မႏွစ္ေယာက္ရဲ႕ အေဖ၊အေမနဲ႔ အေဒၚပါ ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့ရပါတယ္။
ကေလးႏွစ္ေယာက္ရဲ႕ ဆရာမျဖစ္သူက ဒီအျဖစ္ဆိုးနဲ႔ပတ္သက္လို႔လူမူကြန္ယက္မွာ ရင္နင့္စရာေရးသားထားတာက…”
ဘယ္လိုမွ မခံစားႏိုင္ေတာ့ဘူး။ေရာဂါဆိုးႀကီးရယ္ အျမန္ေပ်ာက္ကြယ္သြားပါေတာ့။
ကိုယ္စာသင္ေပးေနတဲ့ အႁမႊာေမာင္ႏွမေလး ႏွစ္ေယာက္ေမေမက အရင္ဆုံးၿပီး
ေဖေဖနဲ႔ အေဒၚျဖစ္သူတို႔က ေမေမရက္လည္တဲ့ေန႔မွာ ထပ္ဆုံးတယ္။
သားနဲ႔ သမီးကို စာလည္းသင္၊ လိမၼာယဥ္ေက်းေအာင္လည္း သင္ေပးပါ တီခ်ယ္ဆိုၿပီး
တဖြဖြေျပာတတ္တဲ့ အစ္ကိုနဲ႔အစ္မ။
တီခ်ယ္ေရ..ဒါေလးေျပာေပးပါဦး သားနဲ႔သမီးက တီခ်ယ္ေျပာတာမွ နားေထာင္တာဆိုၿပီး
ျဖစ္ေစခ်င္တာေလးေတြအၿမဲေျပာတတ္တဲ့ အစ္ကိုနဲ႔အစ္မ။
ကေလးၿမိဳ႕ ခဏျပန္ၾကေတာ့ ….ဖုန္းခဏ ခဏ ဆက္ၿပီး
ျပန္လာေတာ့(စာသင္ဖို႔)ေခၚတတ္တဲ့အစ္ကိုနဲ႔အစ္မ။
ကိုယ့္သားသမီးေတြသင္႐ုံသာမက..
တီခ်ယ္ေရ ကြၽန္မ သူငယ္ခ်င္းကေလးေတြ အတြက္လည္း တစ္ခ်ိန္စာေလး လုပ္ေပးပါဦး။
ကြၽန္ေတာ့သူငယ္ခ်င္းကေလးေတြအတြက္လည္း ေျပာထားေသးတယ္ အခ်ိန္ခ်န္ထားဦးေနာ္ . ..ဆိုၿပီး
sharing လုပ္ေပးတတ္တဲ့အစ္ကိုနဲ႔အစ္မ။
သားနဲ႔သမီးကိုခ်စ္လြန္းလို႔ အရာရာဂ႐ုတစိုက္အၿမဲ႐ွိတတ္တဲ့ အစ္ကိုနဲ႔အစ္မ
ခုေတာ့….. စိတ္ခ်ထားခဲ့ၿပီလား။
အ႐ြယ္နဲ႔မမွ် ခံစားၾကရ႐ွာမွာတီခ်ယ္ရင္နာလိုက္တာ ဇာနည္နဲ႔ဇာျခည္ရယ္..
အားတင္းထားၾကပါ ကေလးတို႔ရယ္.”လို႔ ေရးသားထားပါတယ္။
credit