Health

ဒုက္ခရောက်နေရှာတဲ့ ကိုဗစ်လူနာတွေဆီကနေ အခ​ကြေးငွေမယူဘဲ ကိုယ်တိုင်အပင်ပန်းခံပြီး အောက်ဆီဂျင်ဖြည့်ပေးနေကြတဲ့ မြန်မာလူငယ်လေးများ

ဒုက္ခရောက်နေရှာတဲ့ ကိုဗစ်လူနာတွေဆီကနေ အခ​ကြေးငွေမယူဘဲ ကိုယ်တိုင်အပင်ပန်းခံပြီး အောက်ဆီဂျင်ဖြည့်ပေးနေကြတဲ့ မြန်မာလူငယ်လေးများ

ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေလည်း တိုးလာသလို သေဆုံးသွားတဲ့ ပြည်သူတွေလည်းနေ့စဥ်နဲ့အမျှများပြားလာနေတာ​ကြောင့်

Volunteersတွေအနေနဲ့လည်း နေ့မနားညမနားကူညီပေးနေကြပါတယ်။

မြန်မာပြည်သူတွေကလည်း ကိုဗစ်လူနာတွေကို အာဟာရရှိမယ့် စားသောက်ဖွယ်ရာတွေအိမ်ရှေ့အထိသွားရောက်ပို့ပေးပြီး ကူညီပေးနေကြပေမယ့်

တစ်ဖက်မှာလည်း တစ်ခြားသောအခက်အခဲတွေကိုရင်ဆိုင်နေရရှာပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ၊အိမ်အပြင်ထွက်ဖို့ အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအနေနဲ့ တန်းစီပြီး အောက်ဆီဂျင်ဖြည့်ဖို့အတွက် အခက်အခဲဖြစ်နေကြပါတယ်။

ယခုမှာတော့ အဆိုပါအခက်အခဲရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် မြန်မာလူငယ်လေးတွေက သူတို့တတ်နိုင်သလောက် ကူညီပေးလာခဲ့ပါတယ်။

အဆိုပါလူငယ်လေးတွေက အောက်ဆီဂျင်ဘူးခွံကို အိမ်အထိလာယူပေးပြီး တန်းစီကာ

အောက်ဆီဂျင်သွားဖြည့်ပေးတဲ့အပြင် အောက်ဆီဂျင်ဘူးကို ကိုယ်တိုင်ပြန်လာပို့ပေးကြတာဖြစ်ပါတယ်။

လူတိုင်းအခက်အခဲတွေ၊ပြဿနာတွေကြုံတွေ့နေရတဲ့ အခုလိုအချိန်မှာ အခကြေးငွေမယူဘဲ စိတ်စေတနာသန့်သန့်နဲ့ ကူညီပေးနေကြတဲ့

အဆိုပါလူငယ်လေးတွေရဲ့ လုပ်ရပ်ကို ပြည်သူအများအပြားက ချီးကျူးနေကြတာဖြစ်ပါတယ်။

ကူညီပေးနေတဲ့ အဆိုပါလူငယ်လေးတစ်ယောက်ကတော့ ” ခင်ဗျားတို့ တစ်မိသားစုလုံး (P) ဖြစ်နေလို့ဘဲဖြစ်ဖြစ် / အပြင်မှာထွက်ပြီး တန်းစီးဖို့ အဆင်မပြေလို့ဘဲဖြစ်ဖြစ်

အခက်အခဲတခုခုရှိပါက ဖုန်းလေးသာဆက်လိုက်ပါ ကျွန်တော်တို့က ခင်ဗျားတို့အိမ်အထိကိုယ်တိုင်လာပြီး oxygen အခွံလာယူပေးမယ်,

ကျွန်တော်တို့ကိုယ်တိုင် သွားတန်းစီးပြီး oxygen သွားဖြည့်ပေးမယ်, ပြီးရင် ကျွန်တော်တို့ကိုယ်တိုင် ခင်ဗျားအိမ်လာပြီး ဖြည့်ပြီးသား oxygen ကိုပြန်လာပို့ပေးပါမယ်ဗျာ့

ဝန်ဆောင်ခပေးစရာမလိုပါဗျာ့ အားလုံးကျန်းမာကြစေသား (09451378279) (09989104713) (09445873113) (09958868299) ” ဆိုပြီး

ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူငယ်လေးတွေတောင်အခုလိုကူညီပေးနေကြတဲ့အချိန်

ပြည်သူတွေအနေနဲ့လည်း ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့လူနာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder

Zawgyi Version


















