Health

ကိုဗစ်လူနာတွေပါလာတာ​​ကို မဆေးရုံထဲပေးမဝင်တဲ့အပြင် သေနတ်နဲ့ချိန်ထားခံရကြောင်း ပြောပြနေတဲ့Volunteerတစ်ဦးရဲ့ဗီဒီယိုဖိုင်

ကိုဗစ်လူနာတွေပါလာတာ​​ကို မဆေးရုံထဲပေးမဝင်တဲ့အပြင် သေနတ်နဲ့ချိန်ထားခံရကြောင်း ပြောပြနေတဲ့Volunteerတစ်ဦးရဲ့ဗီဒီယိုဖိုင်

ကိုဗစ်တတိယလှိုင်းကို ပြည်သူအများအပြားခံစားနေရပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုတွေကြောင့်

ပြည်သူတွေလည်း နေ့စဥ်အသက်သေဆုံးလျက်ရှိနေပါတယ်။ ယခင်အစိုးရလက်ထက်ကလို ကိုဗစ်ရောဂါကူးစက်မှုကို

စနစ်တကျကိုင်တွယ်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ပြည်သူအများအပြားက ဝေဖန်ပြောဆို​မှုတွေ ပြုလုပ်နေကြပါတယ်။

ကိုဗစ်လူနာတွေအနေနဲ့ ဆေးရုံမှာ ဆေးကုသခွင့်မရတဲ့ အခက်အခဲတွေ၊အောက်ဆီဂျင်မရရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

မနေ့ညကတော့ မြောက်ဥက္ကလာဆေးရုံမှာ လူအများစိတ်မကောင်းဖြစ်ဒေါသထွက်ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

အကြောင်းကတော့ ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေတင်ခေါ်လာတဲ့ ပရဟိတကားတွေကို ဆေးရုံထဲလုံးဝပေးမဝင်ဘဲ သေနတ်နဲ့ချိန်ထားခဲ့တာဖြစ်ပါတယ်။

ဆေးရုံဝန်းထဲပေးမဝင်တာကြောင့် လမ်းမပေါ်မှာ ပရဟိတကားတွေတန်းစီပြီး ဒုက္ခရောက်နေရတဲ့အကြောင်းကို

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Volunteerတစ်ဦးက ဗီဒီယိုရိုက်ကူးပြီး ပြည်သူတွေသိရှိအောင် မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါVolunteer တစ်ဦးက ” လုံးဝပေးမဝင်ပါဘူးခင်ဗျာ သေနတ်နဲ့ချိန်ထားပါတယ် အသေသတ်နေတာ ကျည်ဆံမကုန်ဘဲ အသေသတ်နေတာ”ဆိုပြီး ​ ပြောဆိုနေ​တာတွေ့ရပါတယ်။

အဆိုပါဗီဒီယိုဖိုင်ဟာ ကြည့်ရူသူတွေလည်း အလွန်များပြားနေပြီး ဆေးရုံထဲပေးမဝင်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးပါဘူး။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Volunteerတစ်ဦးကတော့ ” ယခု ည မြောက်ဥက္ကလာဆေးရုံ လူနာတင်ကားများ ပေးမဝင်ပဲ သေနတ် နဲ့ ချိန် ထား “ဆိုပြီး

အဆိုပါဗီဒီယိုဖိုင်နဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ဆေးရုံထဲပေးမဝင်တာ​ကြောင့် ဒုက္ခရောက်နေတဲ့ အခြေအနေကို ပြောပြနေတဲ့ Volunteerတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို

ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder

Zawgyi Version

ကိုဗစ္လူနာေတြပါလာတာ​​ကို မေဆး႐ုံထဲေပးမဝင္တဲ့အျပင္ ေသနတ္နဲ႔ခ်ိန္ထားခံရေၾကာင္း ေျပာျပေနတဲ့Volunteerတစ္ဦးရဲ႕ဗီဒီယိုဖိုင္

ကိုဗစ္တတိယလိႈင္းကို ျပည္သူအမ်ားအျပားခံစားေနရၿပီး ကိုဗစ္ေရာဂါကူးစက္ခံရမႈေတြေၾကာင့္

ျပည္သူေတြလည္း ေန႔စဥ္အသက္ေသဆုံးလ်က္႐ွိေနပါတယ္။ ယခင္အစိုးရလက္ထက္ကလို ကိုဗစ္ေရာဂါကူးစက္မႈကို

စနစ္တက်ကိုင္တြယ္ျခင္းမ႐ွိတာနဲ႔ပတ္သက္ၿပီး ျပည္သူအမ်ားအျပားက ေဝဖန္ေျပာဆို​မႈေတြ ျပဳလုပ္ေနၾကပါတယ္။

ကိုဗစ္လူနာေတြအေနနဲ႔ ေဆး႐ုံမွာ ေဆးကုသခြင့္မရတဲ့ အခက္အခဲေတြ၊ေအာက္ဆီဂ်င္မရ႐ွိတဲ့ အခက္အခဲေတြကို ရင္ဆိုင္ေနရပါတယ္။

မေန႔ညကေတာ့ ေျမာက္ဥကၠလာေဆး႐ုံမွာ လူအမ်ားစိတ္မေကာင္းျဖစ္ေဒါသထြက္ရတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ပြားသြားခဲ့ပါတယ္။

အေၾကာင္းကေတာ့ ကိုဗစ္ကူးစက္ခံရတဲ့လူနာေတြတင္ေခၚလာတဲ့ ပရဟိတကားေတြကို ေဆး႐ုံထဲလုံးဝေပးမဝင္ဘဲ ေသနတ္နဲ႔ခ်ိန္ထားခဲ့တာျဖစ္ပါတယ္။

ေဆး႐ုံဝန္းထဲေပးမဝင္တာေၾကာင့္ လမ္းမေပၚမွာ ပရဟိတကားေတြတန္းစီၿပီး ဒုကၡေရာက္ေနရတဲ့အေၾကာင္းကို

ကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရတဲ့ Volunteerတစ္ဦးက ဗီဒီယို႐ိုက္ကူးၿပီး ျပည္သူေတြသိ႐ွိေအာင္ မွ်ေဝေပးလာခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါVolunteer တစ္ဦးက ” လုံးဝေပးမဝင္ပါဘူးခင္ဗ်ာ ေသနတ္နဲ႔ခ်ိန္ထားပါတယ္ အေသသတ္ေနတာ က်ည္ဆံမကုန္ဘဲ အေသသတ္ေနတာ”ဆိုၿပီး ​ ေျပာဆိုေန​တာေတြ႕ရပါတယ္။

အဆိုပါဗီဒီယိုဖိုင္ဟာ ၾကည့္႐ူသူေတြလည္း အလြန္မ်ားျပားေနၿပီး ေဆး႐ုံထဲေပးမဝင္ရတဲ့အေၾကာင္းရင္းကိုေတာ့ လက္႐ွိအခ်ိန္ထိ မသိ႐ွိရေသးပါဘူး။

ကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရတဲ့ Volunteerတစ္ဦးကေတာ့ ” ယခု ည ေျမာက္ဥကၠလာေဆး႐ုံ လူနာတင္ကားမ်ား ေပးမဝင္ပဲ ေသနတ္ နဲ႔ ခ်ိန္ ထား “ဆိုၿပီး

အဆိုပါဗီဒီယိုဖိုင္နဲ႔အတူ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

ေဆး႐ုံထဲေပးမဝင္တာ​ေၾကာင့္ ဒုကၡေရာက္ေနတဲ့ အေျခအေနကို ေျပာျပေနတဲ့ Volunteerတစ္ဦးရဲ႕ ဗီဒီယိုဖိုင္ကို

ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ၿပီး အဆိုပါဗီဒီယိုဖိုင္ကို ေအာက္မွာၾကည့္ႏိုင္ပါတယ္။

Source : Original Uploder

Photo Credit: Original Uploder