ကြားသိရသမျှ

အာဇာနည်နေ့အခမ်းအနားကို စိတ်မကောင်းခြင်းများစွာဖြင့် အမှာစကားပြောကြားခဲ့တဲ့ အမေစု သားငယ် ကင်မ်ရဲ့ ဗီဒီယိုဖိုင်

အာဇာနည်နေ့အခမ်းအနားကို စိတ်မကောင်းခြင်းများစွာဖြင့် အမှာစကားပြောကြားခဲ့တဲ့ အမေစု သားငယ် ကင်မ်ရဲ့ ဗီဒီယိုဖိုင်

ဒီနေ့ကတော့ မြန်မာနိုင်ငံရဲ့ (၇၄) နှစ်မြောက် အာဇာနည်နေ့ရက်ပဲ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ကို ပဓာနမထားဘဲ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများအား

အောက်မေ့သတိရကြတဲ့အထိမ်းအမှတ်နေ့အဖြစ် ဇူလိုင်လ(၁၉)ရက်နေ့ကို သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာသာမကဘဲ ပြည်ပနိုင်ငံများတွင်လည်း

အာဇာနည်နေ့ လွမ်းဆွတ်အောက်မေ့ဖွယ် အလေးပြုတဲ့ အခမ်းအနားကို ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် မနေ့က ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အောက်မေ့သတိရအခမ်းအနားနဲ့ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားကြတဲ့

သူရဲကောင်းတို့အား ဂုဏ်ပြုတဲ့ အခမ်းအနားအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ကတော့ ဒီပွဲမှာအာဇာနည်နေ့နဲ့ပတ်သက်ပြီး အမှာစကားတစ်ချို့ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

မိခင်ရဲ့ ကျန်းမာရေးအခြေအနေတွေကို စိုးရိမ်နေတဲ့ သားဖြစ်သူရဲ့ ညှိုးငယ် နေတဲ့ မျက်နှာလေးကို မြင်တွေ့လိုက်ရတာကြောင့်

ပြည်သူများက စိတ်မကောင်း ဖြစ်နေခဲ့ကြရတာ ဖြစ်ပါတယ်။

ကင်မ်ဟာ အာဇာနည်နေ့အခမ်းအနားအား လည်ကတုံးအင်္ကျီ၊ ကချင်ရိုးရာပုဆိုးနဲ့ ကတ္တီပါဖိနပ်လေးကို ဝတ်ဆင်ပြီး ရိုးရှင်းစွာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးခေါင်းထက်မှာလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်ခေါင်းပေါင်းလေးကို ဆောင်းထားတာကို မြင်တွေ့ခဲ့ရသဖြင့်

ပြည်သူတွေအားလုံးက ကင်မ်နဲ့ထပ်တူဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ လန်ဒန်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့

ပြည်ပရောက်မြန်မာများကလည်း ကင်မ် မိန့်ခွန်းပြောနေတာအား မှတ်တမ်းဗီဒီယို ရိုက်ကူးထားကြပြီး သူတို့ရဲ့ လူမှုကွန်ယက်များတွင် ဝေမျှထားကြတာ ဖြစ်ပါတယ်။

အမေစုအမြန်ဆုံး လွတ်မြောက်ပြီး ချစ်ရတဲ့မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Original Uploader

Credit – Myanmarload

Zawgyi Version

အာဇာနည္ေန႔အခမ္းအနားကို စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ အမွာစကားေျပာၾကားခဲ့တဲ့ အေမစု သားငယ္ ကင္မ္ရဲ႕ ဗီဒီယိုဖိုင္

ဒီေန႔ကေတာ့ ျမန္မာႏိုင္ငံရဲ႕ (၇၄) ႏွစ္ေျမာက္ အာဇာနည္ေန႔ရက္ပဲ ျဖစ္ပါတယ္။

တိုင္းျပည္နဲ႔လူမ်ိဳးအတြက္အသက္ကို ပဓာနမထားဘဲ ေပးဆပ္ခဲ့ၾကတဲ့ အာဇာနည္သူရဲေကာင္းမ်ားအား

ေအာက္ေမ့သတိရၾကတဲ့အထိမ္းအမွတ္ေန႔အျဖစ္ ဇူလိုင္လ(၁၉)ရက္ေန႔ကို သတ္မွတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အနယ္နယ္အရပ္ရပ္မွာသာမကဘဲ ျပည္ပႏိုင္ငံမ်ားတြင္လည္း

အာဇာနည္ေန႔ လြမ္းဆြတ္ေအာက္ေမ့ဖြယ္ အေလးျပဳတဲ့ အခမ္းအနားကို က်င္းပခဲ့ၾကတာလည္း ျဖစ္ပါတယ္။

အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕တြင္ မေန႔က က်င္းပျပဳလုပ္တဲ့ အာဇာနည္ေန႔ ေအာက္ေမ့သတိရအခမ္းအနားနဲ႔ ေႏြဦးေတာ္လွန္ေရးတြင္ က်ဆုံးသြားၾကတဲ့

သူရဲေကာင္းတို႔အား ဂုဏ္ျပဳတဲ့ အခမ္းအနားအား ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သားငယ္ ကင္မ္လည္း တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ကင္မ္ကေတာ့ ဒီပြဲမွာအာဇာနည္ေန႔နဲ႔ပတ္သက္ၿပီး အမွာစကားတစ္ခ်ိဳ႕ေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

မိခင္ရဲ႕ က်န္းမာေရးအေျခအေနေတြကို စိုးရိမ္ေနတဲ့ သားျဖစ္သူရဲ႕ ညိႇဳးငယ္ ေနတဲ့ မ်က္ႏွာေလးကို ျမင္ေတြ႕လိုက္ရတာေၾကာင့္

ျပည္သူမ်ားက စိတ္မေကာင္း ျဖစ္ေနခဲ့ၾကရတာ ျဖစ္ပါတယ္။

ကင္မ္ဟာ အာဇာနည္ေန႔အခမ္းအနားအား လည္ကတုံးအက်ႌ၊ ကခ်င္႐ိုးရာပုဆိုးနဲ႔ ကတၱီပါဖိနပ္ေလးကို ဝတ္ဆင္ၿပီး ႐ိုး႐ွင္းစြာ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ဦးေခါင္းထက္မွာလည္း ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ အနက္ေရာင္ေခါင္းေပါင္းေလးကို ေဆာင္းထားတာကို ျမင္ေတြ႕ခဲ့ရသျဖင့္

ျပည္သူေတြအားလုံးက ကင္မ္နဲ႔ထပ္တူဝမ္းနည္းေနၾကတာ ျဖစ္ပါတယ္။ လန္ဒန္မွာ ျပဳလုပ္တဲ့ အာဇာနည္ေန႔အခမ္းအနားကို တက္ေရာက္ခဲ့ၾကတဲ့

ျပည္ပေရာက္ျမန္မာမ်ားကလည္း ကင္မ္ မိန္႔ခြန္းေျပာေနတာအား မွတ္တမ္းဗီဒီယို ႐ိုက္ကူးထားၾကၿပီး သူတို႔ရဲ႕ လူမႈကြန္ယက္မ်ားတြင္ ေဝမွ်ထားၾကတာ ျဖစ္ပါတယ္။

အေမစုအျမန္ဆုံး လြတ္ေျမာက္ၿပီး ခ်စ္ရတဲ့မိသားစုနဲ႔ ျပန္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ရပါတယ္။

Source and Photo Crd-Original Uploader

Credit – Myanmarload