အပူပင်တွေများတဲ့ လူ့ဘဝကိုခဏတာစွန့်လွှတ်လိုက်တဲ့ မော်ဒယ်စူးရှထက်…
ပရိသတ်ကြီးရေ စူးရှထက်ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့
ပရိသတ်အချစ်တော် မော်လ်ဒယ် တစ်ယောက်ပဲဖြစ်ပါတယ်။
မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့လည်း အနုပညာအလုပ်တွေနဲ့ပက်သက်ရင် ကြိုးစားခဲ့သူလေး ဖြစ်ပါတယ်.။
သူမကိုတော့ အဆိုတော်အစ္စဏီရဲ့ ချစ်သူတစ်ယောက်အနေနဲ့ လူသိများလာခဲ့ပြီး
သူတို့နှစ်ယောက်ရဲ့ ကြားက လူမှုရေးပြသနာတွေကြောင့်လည်း ဝေဖန်မှုများစွာကို ခံခဲ့ရသူလေးဖြစ်ပါတယ်။
စူးရှထက်ကတော့ ဇူလိုင်လ (၁၈)ရက်နေ့မှာတော့ သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့ကြောင်း
သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေအတွက်မျှဝေဖော်ပြထားခဲ့ပါတယ်။
စူးရှထက်ကတော့ အခုတစ်ခေါက်နဲ့ဆိုရင် သာသနာ့ဘောင်ကို ဝင်ရောက်တာ နှစ်ကြိမ်တိုင်တိုင်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။
အခုတစ်ခေါက်မှာတော့ သူကိုယ်တိုင်လည်း သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ ကုသိုလ်လေးအပြင်
သူ့ရဲ့ညီမအငယ်လေးရယ် တူမလေးနှစ်ယောက်ရယ်ကိုပါ သီလရှင်အဖြစ် ဝတ်ပေးခွင့်ရခဲ့တာကြောင့်
ကြည်နူးပီတိဖြစ်နေခဲ့ကြောင်းလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။
ဆရာလေးဝတ်အနေနဲ့လည်း သူတတ်နိုင်သလောက်အလှူတွေကို လူဝတ်နဲ့တုန်းကလိုပဲ
လှူဒါန်းမှုတွေလည်း ဆက်လက်လှူဒါန်းသွားဦးမှာပါတဲ့။
Cele World ပရိသတ်ကြီးရေ
ပရိသတ်အချစ်တော် စူးရှထက်တစ်ယောက် သာသနာ့ဘောင်ကို ဝင်ရောက်သွားတဲ့ သီတင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Zar Chi
Categories အနုပညာ
Zawgyi Version
Source – Zar Chi
Categories အနုပညာ