ကြားသိရသမျှ

သဂြိုလ်ဖို့တောင်မနိုင်တော့တဲ့ထိဆိုးရွားနေတဲ့ ထိန်ပင်သုသာန်က Dead Body များရဲ့လက်ရှိအခြေအနေ

သဂြိုလ်ဖို့တောင်မနိုင်တော့တဲ့ထိဆိုးရွားနေတဲ့ ထိန်ပင်သုသာန်က Dead Body များရဲ့လက်ရှိအခြေအနေ

ကိုဗစ် ရောဂါ ကူးစက်ခံရသူတွေ များပြားလျက်ရှိသလို

သေဆုံးသူတွေလည်း တစ်နေ့ထက် တစ်နေ့ တိုးတိုးလာလျက်ရှိပါတယ် ။

ဒါ့ကြောင့်လည်း ခုဆို ရေဝေး သုသာန်တွေမှာ Dead Body တွေကို

မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့လောက်အောင်အထိ ဆိုးရွားလျက်ရှိပါတယ် ။

ကိုယ့်မိသားစု​ဝင် အသက်ဆုံးရှုံးရလို့ ပူလောင်မှုကတစ်မျိုး

ချက်ချင်း မ သင်္ဂြိုဟ်နိုင်တဲ့ အခက်အခဲတွေက တစ်မျိုးနဲ့ ဘယ်လောက်စိတ်သောက ရောက်ကြမလဲ ။

မနေ့ကဆိုရင်လည်း ထိန်ပင် သုသာန်မှာ တစ်ခါ မီးသင်္ဂြိုဟ်ရင် ၂ လောင်း ပြိုင်တူ ထည့်ရတဲ့ အခြေအနေတွေ ရှိနေပြီး

ဒါတောင် မပြီးလို့ အကုန်လုံး စုထားရတာတွေကို ပုံထဲမှာ တွေ့မြင်ရမှာပါ ။

တစ်ချို့ဆို သေသေချာချာ ထုတ်ပိုးထားတာမျိုး မဟုတ်ဘဲ

ဒီတိုင်း လာချထားတာတွေတောင် ရှိတယ်လို့ လည်း သိရပါတယ် ။

တကယ်ကို မစည်ကားသင့်တဲ့ နေရာတွေမှာ စည်ကားနေတာ မမြင်ရက်စရာတွေပါပဲ။

ခုလိုမျိုး အခြေအနေတွေ ဒီထက်ပို မဆိုးရအောင် ပြည်သူတွေ အနေနဲ့ အရမ်းကို ဂရုစိုက်နေထိုင်သင့်ပါတယ် ။

ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ ထိခိုက် ဆုံးရှုံးရမယ်ဆိုရင်

တကယ်ကို တစ်သက်လုံး ဖြေဆည်မရနိုင်တဲ့ ဖြစ်ရပ်တွေပါ ။

ရာဂါ ကူးစက်ခံရရင်တောင်မှ သေချာ ဂရုတစိုက် နေထိုင်ဖို့ အရမ်းလိုအပ်ပါတယ် ။

ပရိသတ်ကြီးအတွက် လက်ရှိ ထိန်ပင် သုသာန်က ဖြစ်ရပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

credit

Categories ကျမ္မာရေး ဗဟုသုတ

Zawgyi Version


















credit

Categories က်မ္မာရေး ဗဟုသုတ