ဆန်အလှူဒါနလုပ်နေစဉ် ကားထိုးရပ်ပြီး လက်အုပ်လေးချီကာပြောလိုက်တဲ့ လူတစ်ယောက်ရဲ့စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ပြည်သူတစ်ဦး
ကိုဗစ်တတိယလှိုင်းကြောင့် အသက်ရှူကျပ်ပြီး နေ့စဉ်အသက်သေဆုံးလျက်ရှိနေကြသလို
ပြည်သူအများအပြားဟာလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် အပြင်ထွက်မရဘဲ စားဝတ်နေရေးခက်ခဲတဲ့ ပြဿနာကို ရင်ဆိုင်နေရရှာပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေအပါအဝင် ကိုဗစ်ရောဂါတွေကြောင့် ဒုက္ခရောက်နေသူတွေကို
ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြပြီး လှူဒါန်းမှုတွေပြုလုပ်ပေးကြပါတယ်။
Julyလ(18)ရက်နေ့ မနေ့ကတော့ ပြည်သူတစ်ယောက်ဟာ မိုးရွာရွာထဲမှာ လမ်းသွားလမ်းလာတွေကိုတားပြီး ဆန်တွေအလကားပေးဝေနေခဲ့ပါတယ်။
ကိုဗစ်ကူးစက်မှုတွေကြောင့် လူစုလူဝေးဖြစ်မှာစိုးလို့ မကြေငြာဘဲ လမ်းမှာတွေ့တဲ့ ပြည်သူတွေကိုဆန်တွေပေးဝေနေခဲ့တာပဲဖြစ်ပါတယ်။
သွားလာလှုပ်ရှားနေကြသူတွေကို အခုလိုဆန်တွေပေးလှူနေတုန်း ကားထိုးရပ်ပြီး လက်အုပ်လေးချီကာ မေးမြန်းလိုက်တဲ့
လူတစ်ယောက်ရဲ့ မေးခွန်းလေးတစ်ခုကြောင့် ဆန်ဝေနေတဲ့ အမျိုးသမီးဟာ အလွန်စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။
အဆိုပါလူတစ်ယောက်က အသံတုန်တုန်ရီရီလေးနဲ့ အောင်ဆီဂျင်ပေးတဲ့နေရာလေး လမ်းညွှန်ပေးပါဆိုပြီး
ရိုရိုသေသေပြောလိုက်တဲ့စကားလေးကြောင့် ဆန်ဝေနေတဲ့အမျိုးသမီးဟာ အလိုလိုမျက်ရည်တွေကျခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။
ဆန်အလှူဒါနပြုလုပ်နေတဲ့ အမျိုးသမီးက ” ဆန်ဝေတဲ့အချိန် လမ်းကလူတွေ တားပြီးပေးတုန်း
ဒီကား ထိုးရပ်လာတယ်လက်အုပ်လေးချီပြီး ဘာပြောလဲ သိလား…အောင်ဆီဂျင်ပေးတဲ့နေရာလေးလမ်းညွှန်ပါတဲ့
အသံတွေလည်း တုန်လို့ငါ အပိုမပြောဘူးပုံကို ကြည့်လက်အုပ်လေး ချီထားတာငါ ဘာကို ဆဲရမလဲမဆဲနိုင်တော့ဘူး ငါလုပ်တတ်တာ မျက်ရည်ပဲကျတတ်တော့တယ် “ဆိုပြီး
လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
အောက်ဆီဂျင်စက်ရှာရခက်ခဲတဲ့ လက်ရှိမြေပြင်အခြေအနေကို ပေါ်လွင်စေတဲ့ အဆိုပါစာလေးကိုဖတ်ပြီး ပြည်သူအများအပြားကလည်းစိတ်မကောင်းဖြစ်ကာဝမ်းနည်းနေကြပါတယ်။
Source: Original Uploder
Categories အေထြအေထြဗဟုသုတ
Zawgyi Version
ဆန္အလႉဒါနလုပ္ေနစဥ္ ကားထိုးရပ္ၿပီး လက္အုပ္ေလးခ်ီကာေျပာလိုက္တဲ့ လူတစ္ေယာက္ရဲ႕စကားေလးေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ျပည္သူတစ္ဦး
ကိုဗစ္တတိယလိႈင္းေၾကာင့္ အသက္႐ွဴက်ပ္ၿပီး ေန႔စဥ္အသက္ေသဆုံးလ်က္႐ွိေနၾကသလို
ျပည္သူအမ်ားအျပားဟာလည္း ကိုဗစ္ကူးစက္မႈေတြေၾကာင့္ အျပင္ထြက္မရဘဲ စားဝတ္ေနေရးခက္ခဲတဲ့ ျပႆနာကို ရင္ဆိုင္ေနရ႐ွာပါတယ္။
ႏိုင္ငံေရးမတည္ၿငိမ္မႈေတြအပါအဝင္ ကိုဗစ္ေရာဂါေတြေၾကာင့္ ဒုကၡေရာက္ေနသူေတြကို
ျပည္သူေတြကလည္း တတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးေနၾကၿပီး လႉဒါန္းမႈေတြျပဳလုပ္ေပးၾကပါတယ္။
Julyလ(18)ရက္ေန႔ မေန႔ကေတာ့ ျပည္သူတစ္ေယာက္ဟာ မိုး႐ြာ႐ြာထဲမွာ လမ္းသြားလမ္းလာေတြကိုတားၿပီး ဆန္ေတြအလကားေပးေဝေနခဲ့ပါတယ္။
ကိုဗစ္ကူးစက္မႈေတြေၾကာင့္ လူစုလူေဝးျဖစ္မွာစိုးလို႔ မေၾကျငာဘဲ လမ္းမွာေတြ႕တဲ့ ျပည္သူေတြကိုဆန္ေတြေပးေဝေနခဲ့တာပဲျဖစ္ပါတယ္။
သြားလာလႈပ္႐ွားေနၾကသူေတြကို အခုလိုဆန္ေတြေပးလႉေနတုန္း ကားထိုးရပ္ၿပီး လက္အုပ္ေလးခ်ီကာ ေမးျမန္းလိုက္တဲ့
လူတစ္ေယာက္ရဲ႕ ေမးခြန္းေလးတစ္ခုေၾကာင့္ ဆန္ေဝေနတဲ့ အမ်ိဳးသမီးဟာ အလြန္စိတ္မေကာင္းျဖစ္သြားခဲ့ရပါတယ္။
အဆိုပါလူတစ္ေယာက္က အသံတုန္တုန္ရီရီေလးနဲ႔ ေအာင္ဆီဂ်င္ေပးတဲ့ေနရာေလး လမ္းၫႊန္ေပးပါဆိုၿပီး
႐ို႐ိုေသေသေျပာလိုက္တဲ့စကားေလးေၾကာင့္ ဆန္ေဝေနတဲ့အမ်ိဳးသမီးဟာ အလိုလိုမ်က္ရည္ေတြက်ခဲ့ရေၾကာင္း ေျပာျပလာခဲ့ပါတယ္။
ဆန္အလႉဒါနျပဳလုပ္ေနတဲ့ အမ်ိဳးသမီးက ” ဆန္ေဝတဲ့အခ်ိန္ လမ္းကလူေတြ တားၿပီးေပးတုန္း
ဒီကား ထိုးရပ္လာတယ္လက္အုပ္ေလးခ်ီၿပီး ဘာေျပာလဲ သိလား…ေအာင္ဆီဂ်င္ေပးတဲ့ေနရာေလးလမ္းၫႊန္ပါတဲ့
အသံေတြလည္း တုန္လို႔ငါ အပိုမေျပာဘူးပုံကို ၾကည့္လက္အုပ္ေလး ခ်ီထားတာငါ ဘာကို ဆဲရမလဲမဆဲႏိုင္ေတာ့ဘူး ငါလုပ္တတ္တာ မ်က္ရည္ပဲက်တတ္ေတာ့တယ္ “ဆိုၿပီး
လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။
ေအာက္ဆီဂ်င္စက္႐ွာရခက္ခဲတဲ့ လက္႐ွိေျမျပင္အေျခအေနကို ေပၚလြင္ေစတဲ့ အဆိုပါစာေလးကိုဖတ္ၿပီး ျပည္သူအမ်ားအျပားကလည္းစိတ္မေကာင္းျဖစ္ကာဝမ္းနည္းေနၾကပါတယ္။
Source: Original Uploder
Categories ေအၾထေအၾထဗဟုသုတ