အသက်ရှုဖို့ခက်ခဲနေခဲ့တဲ့ဖခင်အတွက် လေထိုးတံလေးကိုတွန်းဖိပြီး အသက်ရှုနိုင်အောင် အမြဲကူညီပေးနေခဲ့တဲ့ 6နှစ်အရွယ်ကလေးမလေး(ရုပ်သံ)
ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်လျက်ရှိတဲ့CatherineCadienteအမည်ရှိတဲ့
6နှစ်သားအရွယ်ကလေးမလေးရဲ့ မိသားစုဟာအတော်လေးကို ဆင်းရဲတဲ့လူတန်းစားထဲ ပါဝင်နေခဲ့ပါတယ်။
သူမရဲ့ဖခင်ဟာအသက်ရှုဖို့အတော်လေးကိုခက်ခဲတဲ့ အဆုတ်အားမကောင်းတဲ့ရောဂါဝေဒနာမျိုးခံစားနေရတာပါ။
အောက်စီဂျင်စက်ဝယ်ဖို့ ငွေကြေးမလုံလောက်လို့ အခုလို လေထိုးတံနဲ့ တွန်းဖိပြီးအသက်ရှူနိုင်အောင် ကြံဖန်ကြိုးစားနေကြရတာပါ ။
မိခင်ဖြစ်သူက အပြင်ထွက်ပြီး ငွေရှာနေရတာမို့ Catherine နဲ့ သူမရဲ့အစ်ကို့ဖစ်သူတို့ဟာ
တစ်လှည့်စီ ဖခင်အသက်ရှုနိုင်ဖို့အတွက် လေထိုးတံကို ဖိတွန်းပြီး အနီးကပ်ပြုစုစောင့်ရှောက်နေရတာပါ ။
သို့ပေမဲ့လည်း အရွယ်နဲ့မလိုက်အောင်သိတတ်လွန်းတဲ့ Catherine လေးဟာ
ပင်ပန်းပေမဲ့လည်း ဖခင်အတွက်စိတ်ရှည်ပြီး အပြုံးမပျက်ခဲ့ပါဘူး ။
သူတို့မိသားစုရဲ့အကြောင်းကို လူသိများလာတော့ ဆေးစရိတ်တွေ ၊ အသက်ရှုစက်တွေ လှူဒါန်းပေးခဲ့တဲ့ စေတနာရှင်မျိုး တွေ့ရှိခဲ့ပါတယ်။
အစားအသောက်တွေကိုလည်း ထောက်ပံ့ကူညီပေးခြင်းမျိုး လက်ခံရရှိခဲ့ကြောင်းလည်း သိရှိရပါတယ် ။
Jasmine (kbdailynews) Reference : gtgoodtimes
Zawgyi Version