ကြားသိရသမျှ

အတူေနတဲ့ဖခင္က ကိုဗစ္နဲ႔ဆုံးပါးသြားလို႔ ေနစရာ၊စားစရာမ႐ွိဘဲ အခက္ၾကဳံရၿပီျဖစ္တဲ့ ကေလးသုံးေယာက္ရဲ႕ရင္နင့္စရာအျဖစ္

အတူေနတဲ့ဖခင္က ကိုဗစ္နဲ႔ဆုံးပါးသြားလို႔ ေနစရာ၊စားစရာမ႐ွိဘဲ အခက္ၾကဳံရၿပီျဖစ္တဲ့ ကေလးသုံးေယာက္ရဲ႕ရင္နင့္စရာအျဖစ္

ကိုဗစ္တတိယလိႈင္းမွာေတာ့ ေန႔စဥ္နဲ႔အမွ် အသက္ဆုံး႐ႈံးေနရတဲ့ ျပည္သူဦးေရက

တစ္ေန႔ထက္တစ္ေန႔ ပိုမိုမ်ားျပားလာတာကို ေတြ႕ေနရတာပဲ ျဖစ္ပါတယ္ ။

အရင္ကလိုမ်ိဳး ေဆးကုသရန္မလြယ္ကူေတာ့တဲ့ အေျခအေနမွာ ျပည္သူေတြအေနနဲ႔

ေအာက္ဆီဂ်င္ လုံေလာက္စြာမရ႐ွိတာေၾကာင့္ အမ်ားဆုံး ေသဆုံးေနရတာ ျဖစ္ပါတယ္ ။

သုသာန္ေတြမွာဆိုရင္လည္း မီးသၿဂႋဳဟ္ဖို႔အတြက္ တန္းစီေစာင့္ေနတဲ့ ႐ုပ္အေလာင္းေတြက အျပည့္ေနရာယူထားတာ ျဖစ္ပါတယ္ ။

အခုဆိုရင္လည္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕က တာဝန္႐ွိသူတစ္ဦးက ကိုဗစ္ေၾကာင့္ ေသဆုံးသြားတဲ့ ျပည္သူတစ္ဦးရဲ႕႐ုပ္အေလာင္းကို သြားသယ္ေပးရင္းနဲ႔

ၾကဳံေတြ႕ခဲ့ရတဲ့အျဖစ္ကို ဖြင့္ဟထားပါတယ္။ ပုလဲအရန္မီးသတ္တပ္ဖြဲ႕က လာသယ္မယ့္သူမ႐ွိလို႔ အခက္ေတြ႕ေနတဲ့

သုဝဏၰသဃၤန္းကြၽန္းဘက္က အမ်ိဳးသားတစ္ဦးရဲ႕႐ုပ္အေလာင္းကို သြားေရာက္ကူညီၿပီး သုသာန္ကိုပို႔ေပးခဲ့တာ ျဖစ္ပါတယ္ ။

ေသဆုံးသူအမ်ိဳးသားမွာေတာ့ ကေလးသုံးေယာက္ က်န္ရစ္ခဲ့ၿပီး အခုေတာ့ ကေလးေတြခမ်ာ ေနစရာမ႐ွိဘဲ ဒုကၡေရာက္ရ႐ွာၿပီ ျဖစ္ပါတယ္ ။

သားအႀကီးဆုံးျဖစ္တဲ့ေကာင္ေလးက အလုပ္လုပ္ၿပီး သူ႕ရဲ႕ဖခင္ကို ေဆးကုေပးခဲ့ေသးတာလည္း ျဖစ္ပါတယ္ ။

အခုေတာ့ ဖခင္မဲ့သြားၿပီျဖစ္တဲ့ ဒီကေလးေတြရဲ႕ေ႐ွ႕ေရးကိုေတြးၿပီး အေတာ္ေလးကို စိတ္မေကာင္းျဖစ္မိေၾကာင္း

ပုလဲအရန္မီးသတ္ရဲ႕တာဝန္႐ွိသူက လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားမွ်ေဝခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဖခင္ရဲ႕႐ုပ္အေလာင္းသယ္သြားတာကို အေဝးကေနၾကည့္ၿပီး ႏႈတ္ဆက္ေနၾကတဲ့

ကေလးသုံးေယာက္ရဲ႕ျမင္ကြင္းကလည္း တကယ့္ကို ဝမ္းနည္းေၾကကြဲစရာေကာင္းေနတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Htin Lin Aung’s FB Acc

Photo Credit-Htin Lin Aung’s FB Acc

Unicode Version

အတူနေတဲ့ဖခင်က ကိုဗစ်နဲ့ဆုံးပါးသွားလို့ နေစရာ၊စားစရာမရှိဘဲ အခက်ကြုံရပြီဖြစ်တဲ့ ကလေးသုံးယောက်ရဲ့ရင်နင့်စရာအဖြစ်

ကိုဗစ်တတိယလှိုင်းမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူဦးရေက

တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာကို တွေ့နေရတာပဲ ဖြစ်ပါတယ် ။

အရင်ကလိုမျိုး ဆေးကုသရန်မလွယ်ကူတော့တဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့

အောက်ဆီဂျင် လုံလောက်စွာမရရှိတာကြောင့် အများဆုံး သေဆုံးနေရတာ ဖြစ်ပါတယ် ။

သုသာန်တွေမှာဆိုရင်လည်း မီးသင်္ဂြိုဟ်ဖို့အတွက် တန်းစီစောင့်နေတဲ့ ရုပ်အလောင်းတွေက အပြည့်နေရာယူထားတာ ဖြစ်ပါတယ် ။

အခုဆိုရင်လည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးရဲ့ရုပ်အလောင်းကို သွားသယ်ပေးရင်းနဲ့

ကြုံတွေ့ခဲ့ရတဲ့အဖြစ်ကို ဖွင့်ဟထားပါတယ်။ ပုလဲအရန်မီးသတ်တပ်ဖွဲ့က လာသယ်မယ့်သူမရှိလို့ အခက်တွေ့နေတဲ့

သုဝဏ္ဏသင်္ဃန်းကျွန်းဘက်က အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို သွားရောက်ကူညီပြီး သုသာန်ကိုပို့ပေးခဲ့တာ ဖြစ်ပါတယ် ။

သေဆုံးသူအမျိုးသားမှာတော့ ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး အခုတော့ ကလေးတွေခမျာ နေစရာမရှိဘဲ ဒုက္ခရောက်ရရှာပြီ ဖြစ်ပါတယ် ။

သားအကြီးဆုံးဖြစ်တဲ့ကောင်လေးက အလုပ်လုပ်ပြီး သူ့ရဲ့ဖခင်ကို ဆေးကုပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။

အခုတော့ ဖခင်မဲ့သွားပြီဖြစ်တဲ့ ဒီကလေးတွေရဲ့ရှေ့ရေးကိုတွေးပြီး အတော်လေးကို စိတ်မကောင်းဖြစ်မိကြောင်း

ပုလဲအရန်မီးသတ်ရဲ့တာဝန်ရှိသူက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖခင်ရဲ့ရုပ်အလောင်းသယ်သွားတာကို အဝေးကနေကြည့်ပြီး နှုတ်ဆက်နေကြတဲ့

ကလေးသုံးယောက်ရဲ့မြင်ကွင်းကလည်း တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Htin Lin Aung’s FB Acc

Photo Credit-Htin Lin Aung’s FB Acc