News

ေရေဝးသုႆာန္တြင္ မီးသၿဂိဳလ္ရတဲ့ပုံစံမ်ားနဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ၾကဳံေတြ႕လာခဲ့ရတဲ့ အေျခအေနအား ေဝမွ်ေပးလာတဲ့ ျပည္သူတစ္ဦး(ရုပ္သံ)

ေရေဝးသုႆာန္တြင္ မီးသၿဂိဳလ္ရတဲ့ပုံစံမ်ားနဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ၾကဳံေတြ႕လာခဲ့ရတဲ့ အေျခအေနအား ေဝမွ်ေပးလာတဲ့ ျပည္သူတစ္ဦး(ရုပ္သံ)

ကိုဗစ္ေရာဂါကူးစက္ခံထားရၿပီး ေအာက္ဆီဂ်င္ျပတ္လပ္မႈျပသနာမ်ားေၾကာင့္ သုႆာန္မ်ားတြင္ ေန႔စဥ္ သၿဂိဳလ္ေနရတဲ့ လူဦးေရ ရာနဲ႔ခ်ီၿပီး ႐ွိေနပါတယ္။

မနက္ကေန ညအထိ မီးသၿဂိဳလ္စက္ေ႐ွ႕မွာ သၿဂိဳလ္ဖို႔ ေစာင့္ဆိုင္းေနရတဲ့ အေလာင္းေတြ မ်ားစြာျဖစ္ေနတာေၾကာင့္

ဒီအေျခအေနဆိုးႀကီးကို အျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္ေနၾကတာျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း

ေရေဝးသုႆာန္တြင္ မီးသၿဂိဳလ္ရတဲ့အေျခအေနနဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ၾကဳံေတြ႕လာခဲ့ရပုံေတြအား ျပည္သူတစ္ဦးရဲ႕ လူမႈကြန္ယက္တြင္ အခုလို ေရးသားေဝမွ်ေပးလာတာ ျဖစ္ပါတယ္။

သုႆာန္မ်ားတြင္ သၿဂိဳလ္ဖို႔ စာရင္းသြင္းတဲ့ ေနရာတြင္ လူေပါင္းမ်ားစြာ တန္းစီေနၾကရၿပီး ညေနပိုင္းအထိ သၿဂိဳလ္ဖို႔

အေရအတြက္မွာ (၃၅၀)ေက်ာ္ေလာက္႐ွိေနေၾကာင္း ေရးသားထားပါတယ္။ တစ္ခ်ိဳ႕အေလာင္းမ်ားကို ပလပ္စတစ္ျဖင့္ ပတ္လာၾကၿပီး

တစ္ခ်ိဳ႕မွာေတာ့ ဖ်ာလိပ္မ်ားနဲ႔သာ ပတ္လာၾကတာကိုလည္း စိတ္မေကာင္းစြာ ျမင္ေတြ႕ခဲ့ရပါတယ္။

အေခါင္းပါတဲ့ အေလာင္းတစ္ေလာင္းကိုသာ ေတြ႕ခဲ့ရေၾကာင္းကိုလည္း ေရးသားထားပါတယ္။

မီးသၿဂိဳလ္စက္ထဲ ထည့္တဲ့အခါ ဓာတ္ပုံမ႐ိုက္ဖို႔ႏွင့္ အျပင္တြင္ ႀကိဳက္သေလာက္ ႐ိုက္ကူးႏိုင္ေၾကာင္း တာဝန္႐ွိသူမ်ားမွမွာၾကားထားပါတယ္။

မီးသၿဂိဳလ္စက္ထဲသို႔ သြင္းၾကသူမ်ားကလည္း PPE ဝတ္စုံ၊ လက္အိတ္နဲ႔ ႏွာေခါင္းစည္းေတာင္ မပါၾကဘဲ သာမန္ဝတ္စုံမ်ားျဖင့္သာ အေလာင္းမ်ားကို သယ္ယူေနၾကရတာ ျဖစ္ပါတယ္။

အလုပ္သမားမ်ားကလည္း သူတို႔အရမ္းကို ပင္ပန္းေနေၾကာင္း ညည္းတြားေနတာကိုလည္း ၾကားခဲ့ရေၾကာင္းကိုလည္း စိတ္မေကာင္းစြာျဖင့္ ျပန္လည္ေရးသား မွ်ေဝထားတာ ျဖစ္ပါတယ္။

အခုလက္႐ွိအေျခအေနေတြမွာ သုႆာန္မ်ားတြင္ အရင္လို အေလာင္းပုံလို႔မရေတာ့ဘဲ သၿဂိဳလ္ၿပီးစီးတဲ့အထိ ေစာင့္ဆိုင္းၿပီးမွသာ

ေနာက္ထပ္ dead body ေတြကို သြားသယ္ရတယ္လို႔ပရဟိတလုပ္ေဆာင္ေနသူတစ္ဦးမွ ေျပာၾကားထားပါတယ္။

ပရိသတ္ေတြလည္း ဒီအေျခအေနဆိုးႀကီးကို သိ႐ွိႏိုင္ေစဖို႔ ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Original Uploader

Unicode Version

ရေဝေးသုဿာန်တွင် မီးသဂြိုလ်ရတဲ့ပုံစံများနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့လာခဲ့ရတဲ့ အခြေအနေအား ဝေမျှပေးလာတဲ့ ပြည်သူတစ်ဦး(ရုပ်သံ)

ကိုဗစ်ရောဂါကူးစက်ခံထားရပြီး အောက်ဆီဂျင်ပြတ်လပ်မှုပြသနာများကြောင့် သုဿာန်များတွင် နေ့စဉ် သဂြိုလ်နေရတဲ့ လူဦးရေ ရာနဲ့ချီပြီး ရှိနေပါတယ်။

မနက်ကနေ ညအထိ မီးသဂြိုလ်စက်ရှေ့မှာ သဂြိုလ်ဖို့ စောင့်ဆိုင်းနေရတဲ့ အလောင်းတွေ များစွာဖြစ်နေတာကြောင့်

ဒီအခြေအနေဆိုးကြီးကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ လိုအပ်နေကြတာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း

ရေဝေးသုဿာန်တွင် မီးသဂြိုလ်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့လာခဲ့ရပုံတွေအား ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် အခုလို ရေးသားဝေမျှပေးလာတာ ဖြစ်ပါတယ်။

သုဿာန်များတွင် သဂြိုလ်ဖို့ စာရင်းသွင်းတဲ့ နေရာတွင် လူပေါင်းများစွာ တန်းစီနေကြရပြီး ညနေပိုင်းအထိ သဂြိုလ်ဖို့

အရေအတွက်မှာ (၃၅၀)ကျော်လောက်ရှိနေကြောင်း ရေးသားထားပါတယ်။ တစ်ချို့အလောင်းများကို ပလပ်စတစ်ဖြင့် ပတ်လာကြပြီး

တစ်ချို့မှာတော့ ဖျာလိပ်များနဲ့သာ ပတ်လာကြတာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရပါတယ်။

အခေါင်းပါတဲ့ အလောင်းတစ်လောင်းကိုသာ တွေ့ခဲ့ရကြောင်းကိုလည်း ရေးသားထားပါတယ်။

မီးသဂြိုလ်စက်ထဲ ထည့်တဲ့အခါ ဓာတ်ပုံမရိုက်ဖို့နှင့် အပြင်တွင် ကြိုက်သလောက် ရိုက်ကူးနိုင်ကြောင်း တာဝန်ရှိသူများမှမှာကြားထားပါတယ်။

မီးသဂြိုလ်စက်ထဲသို့ သွင်းကြသူများကလည်း PPE ဝတ်စုံ၊ လက်အိတ်နဲ့ နှာခေါင်းစည်းတောင် မပါကြဘဲ သာမန်ဝတ်စုံများဖြင့်သာ အလောင်းများကို သယ်ယူနေကြရတာ ဖြစ်ပါတယ်။

အလုပ်သမားများကလည်း သူတို့အရမ်းကို ပင်ပန်းနေကြောင်း ညည်းတွားနေတာကိုလည်း ကြားခဲ့ရကြောင်းကိုလည်း စိတ်မကောင်းစွာဖြင့် ပြန်လည်ရေးသား မျှဝေထားတာ ဖြစ်ပါတယ်။

အခုလက်ရှိအခြေအနေတွေမှာ သုဿာန်များတွင် အရင်လို အလောင်းပုံလို့မရတော့ဘဲ သဂြိုလ်ပြီးစီးတဲ့အထိ စောင့်ဆိုင်းပြီးမှသာ

နောက်ထပ် dead body တွေကို သွားသယ်ရတယ်လို့ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ပြောကြားထားပါတယ်။

ပရိသတ်တွေလည်း ဒီအခြေအနေဆိုးကြီးကို သိရှိနိုင်စေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader