Cele News





ဧရာဝတီ၊ ဇူလိုင် ၂၁ ၊ ၂၀၂၁ ။











Unicode Version

ကိုဗစ်ကြောင့် အနုပညာရှင်တစ်ယောက် ကွယ်လွန်ရပြန်ပြီ…

ကိုဗစ်ကြောင့် ကွယ်လွန်သွားပြန်တဲ့ သရုပ်ဆောင် ကောင်းခန့်ကျော်

သရုပ်ဆောင် ကောင်းခန့်ကျော် (ခ) ငြိမ်းချမ်း COVID-19 ကြောင့် ကွယ်လွန်

ဧရာဝတီ၊ ဇူလိုင် ၂၁ ၊ ၂၀၂၁ ။

သရုပ်ဆောင် ကောင်းခန့်ကျော် (ခ) ငြိမ်းချမ်းဟာ

ယနေ့၊ ဇူလိုင်လ ၂၀ ရက်နေ့၊ မနက် ၂ နာရီ ၂၈ မိနစ် အချိန်ခန့်က

COVID-19 ရောဂါကြောင့် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

“သူငယ်ချင်းတယောက်တော့ နှုတ်ဆက် ထွက်ခွာသွားပြန်ပြီဗျာ။

ဝမ်းနည်းရုံ ထိုင်ကြည့်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူးဗျာ။

သရုပ်ဆောင် ကောင်းခန့်ကျော် (ခ) ငြိမ်းချမ်းဝင်း ဆုံးသွားပါပြီ”လို့

ကောင်းခန့်ကျော်ရဲ့ မိတ်ဆွေတဦးက စိတ်မကောင်းစွာ ပြောထားပါတယ်။

ဓာတ်ပုံ – Kaung Khant Kyaw’s Facebook

မြန်မာပြည်ကြီး ကပ်ရောဂါဘေးမှ အမြန်ဆုံး လွတ်မြောက်နိုင်ပြီး

အရင်လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘ၀တွေ ဖြတ်သန်းနိုင်ကြပါစေ…။