၄၅၀၀၀၀ေပးၿပီး လူနာအတြက္ ဝယ္လာတဲ့ေအာက္ဆီဂ်င္အိုးကို မသကၤာလို႔ေဖာက္စစ္ၾကည့္လိုက္ရာ…(ရုပ္သံ)
ေအာက္ဆံုးတြင္ ရုပ္သံဖိုင္ထည႔္ေပးထားပါသည္။
ကိုဗစ္ေရာဂါအေျခအေနကေတာ့ တစ္ေန႔ထက္တစ္ေန႔ အေျခအေနပိုဆိုးေနတာေၾကာင့္
ျပည္သူလူထုလည္း အိမ္ထဲကအိမ္ျပင္ သိပ္မထြက္ဘဲ ကာကြယ္ေနၾကရတာျဖစ္ပါတယ္။
တစ္မိသားစုလုံး ကိုဗစ္ကူးစက္ခံရလို႔ အခက္အခဲျဖစ္ေနတဲ့အိမ္ေတြကိုလည္း
ရပ္ကြက္ေနျပည္သူေတြက ေဆးနဲ႔စားစရာေတြ ပို႔ေဆာင္ေပးၾကတာျဖစ္ပါတယ္။
လတ္တေလာမွာေတာ့ ေအာက္ဆီဂ်င္ကိုလည္း ကိုဗစ္လူနာေတြအတြက္ မရမက႐ွာေဖြဝယ္ယူေနရတဲ့အေျခအေနပဲျဖစ္ပါတယ္။
ေအာက္ဆီဂ်င္ေပးတဲ့ေနရာမွာလည္း ျပည္သူေတြအမ်ားအျပားက တန္းစီၿပီး ေစာင့္ဆိုင္းေနရတာျဖစ္ပါတယ္။
တခ်ိဳ႕စီးပြါးေရးသမားေတြကလည္း ဒီကာလမွာေတာင္ ေအာက္ဆီဂ်င္ေစ်းႏႈန္းကို အဆမတန္ျမႇင့္တက္ၿပီးေရာင္းခ်ေနတာကို ၾကားသိရပါတယ္
။အခုဆိုရင္ေတာ့ ျပည္သူတစ္ဦးက ကိုဗစ္လူနာအတြက္ ေအာက္ဆီဂ်င္အိုးကို ေလးသိန္းခြဲေပးဝယ္လာၿပီး
မသကၤာလို႔ ေဖာက္စစ္ၾကည့္လိုက္တဲ့အခါ ေရနဲ႔သံေခ်းေတြသာထြက္လာတာကိုေတြ႕ရပါတယ္။
ကိုဗစ္လူနာက ေအာက္ဆီဂ်င္တစ္နာရီေလာက္ပဲ ႐ွဴရၿပီး ကုန္သြားတာေၾကာင့္ ေဖာက္စစ္ၾကည့္လိုက္တာျဖစ္ပါတယ္။
အဲ့ဒီျပည္သူကေတာ့ ေအာက္ဆီဂ်င္အိုးကို စက္႐ုံတစ္႐ုံက ဝယ္လာခဲ့တာျဖစ္ပါတယ္။
ဒီလိုေအာက္ဆီဂ်င္မ်ိဳးေတြကို လူနာ႐ွဴမိခဲ့လို႔ ေသဆုံးသြားခဲ့ရင္ dead body က ႏႈတ္ခမ္းေတြျပာ၊အသားေတြျပာၿပီး အဆုတ္ကြဲတယ္လို႔ သိရပါတယ္။
ဒါ့ေၾကာင့္ တခ်ိဳ႕စီးပြါးေရးသမားေတြရဲ႕ လုပ္ရပ္ကို သတိထားရေအာင္လို႔
ကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရတဲ့ ျပည္သူက ဗီဒီယို႐ိုက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာေပၚ တင္ေပးလာတာျဖစ္ပါတယ္။
Source&Video Credit: Original Uploder
Mmload
Unicode Version
၄၅၀၀၀၀ပေးပြီး လူနာအတွက် ဝယ်လာတဲ့အောက်ဆီဂျင်အိုးကို မသင်္ကာလို့ဖောက်စစ်ကြည့်လိုက်ရာ…(ရုပ်သံ)
အောက်ဆုံးတွင် ရုပ်သံဖိုင်ထည့်ပေးထားပါသည်။
ကိုဗစ်ရောဂါအခြေအနေကတော့ တစ်နေ့ထက်တစ်နေ့ အခြေအနေပိုဆိုးနေတာကြောင့်
ပြည်သူလူထုလည်း အိမ်ထဲကအိမ်ပြင် သိပ်မထွက်ဘဲ ကာကွယ်နေကြရတာဖြစ်ပါတယ်။
တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံရလို့ အခက်အခဲဖြစ်နေတဲ့အိမ်တွေကိုလည်း
ရပ်ကွက်နေပြည်သူတွေက ဆေးနဲ့စားစရာတွေ ပို့ဆောင်ပေးကြတာဖြစ်ပါတယ်။
လတ်တလောမှာတော့ အောက်ဆီဂျင်ကိုလည်း ကိုဗစ်လူနာတွေအတွက် မရမကရှာဖွေဝယ်ယူနေရတဲ့အခြေအနေပဲဖြစ်ပါတယ်။
အောက်ဆီဂျင်ပေးတဲ့နေရာမှာလည်း ပြည်သူတွေအများအပြားက တန်းစီပြီး စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
တချို့စီးပွါးရေးသမားတွေကလည်း ဒီကာလမှာတောင် အောက်ဆီဂျင်ဈေးနှုန်းကို အဆမတန်မြှင့်တက်ပြီးရောင်းချနေတာကို ကြားသိရပါတယ်
။အခုဆိုရင်တော့ ပြည်သူတစ်ဦးက ကိုဗစ်လူနာအတွက် အောက်ဆီဂျင်အိုးကို လေးသိန်းခွဲပေးဝယ်လာပြီး
မသင်္ကာလို့ ဖောက်စစ်ကြည့်လိုက်တဲ့အခါ ရေနဲ့သံချေးတွေသာထွက်လာတာကိုတွေ့ရပါတယ်။
ကိုဗစ်လူနာက အောက်ဆီဂျင်တစ်နာရီလောက်ပဲ ရှူရပြီး ကုန်သွားတာကြောင့် ဖောက်စစ်ကြည့်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီပြည်သူကတော့ အောက်ဆီဂျင်အိုးကို စက်ရုံတစ်ရုံက ဝယ်လာခဲ့တာဖြစ်ပါတယ်။
ဒီလိုအောက်ဆီဂျင်မျိုးတွေကို လူနာရှူမိခဲ့လို့ သေဆုံးသွားခဲ့ရင် dead body က နှုတ်ခမ်းတွေပြာ၊အသားတွေပြာပြီး အဆုတ်ကွဲတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် တချို့စီးပွါးရေးသမားတွေရဲ့ လုပ်ရပ်ကို သတိထားရအောင်လို့
ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူက ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပေးလာတာဖြစ်ပါတယ်။
Source&Video Credit: Original Uploder
Mmload