ကြားသိရသမျှ

အေရးေပၚလိုအပ္ေနတဲ့ ေအာက္ဆီဂ်င္ကိုအျပင္ထြက္႐ွာေပးရင္း စတီးႀကိဳးနဲ႔ ႐ိုက္ႏွက္စစ္ေမးတာခံလိုက္ရတဲ့ ျပည္သူတစ္ဦး

အေရးေပၚလိုအပ္ေနတဲ့ ေအာက္ဆီဂ်င္ကိုအျပင္ထြက္႐ွာေပးရင္း စတီးႀကိဳးနဲ႔ ႐ိုက္ႏွက္စစ္ေမးတာခံလိုက္ရတဲ့ ျပည္သူတစ္ဦး

ကိုဗစ္ေရာဂါကူးစက္မႈေတြက တစ္ေန႔တစ္ျခားပိုမိုဆိုး႐ြားလာေနၿပီး ေပ်ာက္ကင္းသြားတဲ့ လူနာေတြလည္း႐ွိေပမယ့္

ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူေတြဟာလည္း ေန႔စဥ္နဲ႔အမွ်တိုးလာေနပါတယ္။ အသက္႐ွဴၾကပ္လူနာေတြ၊ကိုဗစ္ကူးစက္ခံထားရတဲ့လူနာေတြဟာ

အခ်ိန္မေ႐ြးေအာက္ဆီဂ်င္လိုအပ္ၾကတာေၾကာင့္ မိသားစုဝင္ေတြ၊ပရဟိတသမားေတြဟာ ေန႔ညမေ႐ြးေအာက္ဆီဂ်င္ထြက္႐ွာေပးရတာမ်ိဳး၊

ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ဆိုင္ေတြမွာတန္းစီရတာမ်ိဳးေတြ႐ွိေနပါတယ္။ ယခုမွာေတာ့ မႏၲေလးၿမိဳ႕က အျပစ္မဲ့ျပည္သူတစ္ေယာက္ဟာ

ေအာက္ဆီဂ်င္ထြက္႐ွာရင္း ေသနတ္နဲ႔ဝိုင္းခ်ိန္ခံရၿပီး စတီးႀကိဳးနဲ႔ ရက္ရက္စက္စက္႐ိုက္ႏွက္တာခံလိုက္ရပါတယ္။

အဆိုပါျပည္သူက မိသားစုဝင္တစ္ေယာက္အတြက္ ေအာက္ဆီဂ်င္အေရးေပၚလိုအပ္တာေၾကာင့္

ညနက္ႀကီးမွာေအာက္ဆီဂ်င္ထြက္႐ွာေပးရင္း အခုလို႐ိုက္ႏွက္ၿပီးစစ္ေဆးေမးျမန္းတာခံခဲ့ရတာျဖစ္ပါတယ္။

ေအာက္ဆီဂ်င္ထြက္႐ွာေပးတာကို ႐ိုး႐ိုးတန္းတန္းမစစ္ေမးဘဲ ညိဳမဲစြဲဒဏ္ရာရ႐ွိတဲ့အထိ ႐ိုက္ႏွက္စစ္ေမးခဲ့တဲ့ အဆိုပါအျဖစ္အပ်က္ကိုၾကည့္ၿပီး

ျပည္သူေတြက စိတ္မေကာင္းျဖစ္ကာ ေဒါသထြက္ေနၾကပါတယ္။ ႐ိုက္ႏွက္ခံခဲ့ရတဲ့ ျပည္သူတစ္ဦးရဲ႕ သူငယ္ခ်င္းျဖစ္သူက

ကိုယ့္မိသားစုအေရးေပၚျဖစ္ေနခ်ိန္မွာေတာင္ ဘာမွမလုပ္ေပးဘဲ အိမ္မွာဘဲထိုင္ေနရမွာလားဆိုၿပီး အဆိုပါအျဖစ္အပ်က္ကို ဖြင့္ဟေျပာျပလာခဲ့တာျဖစ္ပါတယ္။

႐ိုက္ႏွက္ခံလိုက္ရတဲ့ ျပည္သူတစ္ဦးရဲ႕ သူငယ္ခ်င္းျဖစ္သူက ” မေန႔ညက မန္းေလးက က်ေနာ့္ သူငယ္ခ်င္း သူ႕မိသားစုအတြက္ ေအာက္စီဂ်င္ အေရးေပၚလိုလို႔

ည (၁၂)ထြက္႐ွာတာ မအလ ေတြက လူလိုေမးမစစ္ဘူး ေသနတ္ေတြနဲ႔ ဝိုင္းခ်ိန္ၿပီး စတီးႀကိဳးနဲ႔ ႐ိုက္တာ ဘယ္လိုလုပ္ၾကမလဲ..

ကိုယ့္မိသားစု တစ္ခုခု အေရးေပၚျဖစ္လာရင္ ဒီအတိုင္း အိမ္ထဲကေန ထိုင္ၾကည့္ေနရေတာ့မွာလား ဆဲခ်င္တာထက္ ဆဲဖို႔ နက္နဲတဲ့ စကားလုံးကို႐ွာလို႔မရေတာ့ဘူး “ဆိုၿပီး

လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။႐ိုက္ႏွက္စစ္ေမးခံရမႈေၾကာင့္

ေက်ာျပင္မွာညိဳမဲစြဲဒဏ္ရာေတြရ႐ွိသြားတဲ့ ျပည္သူတစ္ဦးရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source : Original Uploder

Photo Credit: Original Uploder

Unicode Version

အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်ကိုအပြင်ထွက်ရှာပေးရင်း စတီးကြိုးနဲ့ ရိုက်နှက်စစ်မေးတာခံလိုက်ရတဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်မှုတွေက တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပြီး ပျောက်ကင်းသွားတဲ့ လူနာတွေလည်းရှိပေမယ့်

ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေဟာလည်း နေ့စဉ်နဲ့အမျှတိုးလာနေပါတယ်။ အသက်ရှူကြပ်လူနာတွေ၊ကိုဗစ်ကူးစက်ခံထားရတဲ့လူနာတွေဟာ

အချိန်မရွေးအောက်ဆီဂျင်လိုအပ်ကြတာကြောင့် မိသားစုဝင်တွေ၊ပရဟိတသမားတွေဟာ နေ့ညမရွေးအောက်ဆီဂျင်ထွက်ရှာပေးရတာမျိုး၊

အောက်ဆီဂျင်ဖြည့်ပေးတဲ့ဆိုင်တွေမှာတန်းစီရတာမျိုးတွေရှိနေပါတယ်။ ယခုမှာတော့ မန္တလေးမြို့က အပြစ်မဲ့ပြည်သူတစ်ယောက်ဟာ

အောက်ဆီဂျင်ထွက်ရှာရင်း သေနတ်နဲ့ဝိုင်းချိန်ခံရပြီး စတီးကြိုးနဲ့ ရက်ရက်စက်စက်ရိုက်နှက်တာခံလိုက်ရပါတယ်။

အဆိုပါပြည်သူက မိသားစုဝင်တစ်ယောက်အတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်တာကြောင့်

ညနက်ကြီးမှာအောက်ဆီဂျင်ထွက်ရှာပေးရင်း အခုလိုရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတာခံခဲ့ရတာဖြစ်ပါတယ်။

အောက်ဆီဂျင်ထွက်ရှာပေးတာကို ရိုးရိုးတန်းတန်းမစစ်မေးဘဲ ညိုမဲစွဲဒဏ်ရာရရှိတဲ့အထိ ရိုက်နှက်စစ်မေးခဲ့တဲ့ အဆိုပါအဖြစ်အပျက်ကိုကြည့်ပြီး

ပြည်သူတွေက စိတ်မကောင်းဖြစ်ကာ ဒေါသထွက်နေကြပါတယ်။ ရိုက်နှက်ခံခဲ့ရတဲ့ ပြည်သူတစ်ဦးရဲ့ သူငယ်ချင်းဖြစ်သူက

ကိုယ့်မိသားစုအရေးပေါ်ဖြစ်နေချိန်မှာတောင် ဘာမှမလုပ်ပေးဘဲ အိမ်မှာဘဲထိုင်နေရမှာလားဆိုပြီး အဆိုပါအဖြစ်အပျက်ကို ဖွင့်ဟပြောပြလာခဲ့တာဖြစ်ပါတယ်။

ရိုက်နှက်ခံလိုက်ရတဲ့ ပြည်သူတစ်ဦးရဲ့ သူငယ်ချင်းဖြစ်သူက ” မနေ့ညက မန်းလေးက ကျနော့် သူငယ်ချင်း သူ့မိသားစုအတွက် အောက်စီဂျင် အရေးပေါ်လိုလို့

ည (၁၂)ထွက်ရှာတာ မအလ တွေက လူလိုမေးမစစ်ဘူး သေနတ်တွေနဲ့ ဝိုင်းချိန်ပြီး စတီးကြိုးနဲ့ ရိုက်တာ ဘယ်လိုလုပ်ကြမလဲ..

ကိုယ့်မိသားစု တစ်ခုခု အရေးပေါ်ဖြစ်လာရင် ဒီအတိုင်း အိမ်ထဲကနေ ထိုင်ကြည့်နေရတော့မှာလား ဆဲချင်တာထက် ဆဲဖို့ နက်နဲတဲ့ စကားလုံးကိုရှာလို့မရတော့ဘူး “ဆိုပြီး

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ရိုက်နှက်စစ်မေးခံရမှုကြောင့်

ကျောပြင်မှာညိုမဲစွဲဒဏ်ရာတွေရရှိသွားတဲ့ ပြည်သူတစ်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder