ကြားသိရသမျှ

ပင္ပင္ပန္းပန္း ပရဟိတလုပ္ျပီး ဗိုက္ဆာလို႔ ထမင္းဝယ္မိေသာအခါ…

ပင္ပင္ပန္းပန္း ပရဟိတလုပ္ျပီး ဗိုက္ဆာလို႔ ထမင္းဝယ္မိေသာအခါ…

ယခုလက္႐ွိ ကိုဗစ္တတိယလိႈင္းမွာေတာ့ ျပည္သူကျပည္သူကို အျပန္အလွန္ကူညီၿပီး ေ႐ွ႕ဆက္ေနရတာပဲ ျဖစ္ပါတယ္ ။

အိမ္တစ္အိမ္မွာ မိသားစုလိုက္ ကိုဗစ္ကူးစက္ခံရၿပီဆိုတာနဲ႔ အလံေထာင္ၿပီး အကူအညီေတာင္း႐ုံနဲ႔တင္

ျပည္သူေတြက လိုအပ္တာေတြပို႔ေပးေနၾကတာ ျဖစ္ပါတယ္ ။

ထို႔အတူ ပရဟိတသမားေတြကလည္း သူတို႔ရဲ႕အသက္ကိုေတာင္ရင္းၿပီး

ကိုဗစ္ကူးစက္ခံရတဲ့လူနာေတြကို ေဖးမကူညီေပးေနၾကတာလည္း ျဖစ္ပါတယ္ ။

ပဲခူးၿမိဳ႕႐ွိ သက်ႏြယ္ လူမႈကူညီေရးအသင္းက ပရဟိတလူငယ္တစ္ဦးကေတာ့

သူကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္တစ္ခုကို ရင္ဖြင့္လာခဲ့ပါတယ္။

သူက Positive လူနာသီးသန္႔ပို႔ေဆာင္ေရးအဖြဲ႕မွာ တာဝန္ထမ္းေဆာင္ၿပီး ျပည္သူေတြကို ကူညီေနတာ ျဖစ္ပါတယ္ ။

မေန႔ကေတာ့ သူတို႔အဖြဲ႕က ဗိုက္ဆာလို႔ ထမင္းဆိုင္ေ႐ွ႕မွာကားရပ္ၿပီးဆင္းဝယ္တာကို

ဆိုင္႐ွင္က ေၾကာက္လို႔မေရာင္းရဲဘူးဆိုၿပီးေျပာတာ ခံလိုက္ရတာပဲ ျဖစ္ပါတယ္ ။

ထမင္းေရာ ဟင္းပါအမ်ားႀကီး႐ွိေပမယ့္လည္း သူတို႔ကို မေရာင္းရဲဘူးေျပာတာေၾကာင့္

တစ္ဖြဲ႕လုံး ဘာလုပ္ရမွန္းမသိျဖစ္ၿပီး အခက္ၾကဳံခဲ့ရတာပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ ပါဆယ္ေလးေတာ့ ေရာင္းေပးပါဆိုၿပီး ဆိုင္ပိုင္႐ွင္ကို ေတာင္းေတာင္းပန္ပန္နဲ႔ ဝယ္ခဲ့ရပုံကို

အဲ့ဒီလူငယ္ေလးက ရင္ဖြင့္ေျပာျပထားတာ ျဖစ္ပါတယ္ ။

သူတို႔အေနနဲ႔လည္း ကိုယ့္စရိတ္ကိုယ္စားၿပီး ျပည္သူေတြကို ကူညီေပးေနတဲ့ ပရဟိတသမားေတြျဖစ္တာေၾကာင့္ “ကြၽန္ေတာ္တို႔လည္း အသက္အပိုမပါပါဘူးဗ်ာ…

အသက္ေတြရင္းၿပီးကူညီေပးေနၾကတာပါ… ျပန္ကူညီေပးၾကပါလို႔ ေျပာပါရေစ….” ဆိုၿပီး ေတာင္းဆိုထားတာ ေတြ႕ရပါတယ္။

Source & Photo Credit-Thura Aung’s FB Acc

mmload

Unicode Version ျဖင္႔ဖတ္ရန္

ပင်ပင်ပန်းပန်း ပရဟိတလုပ်ပြီး ဗိုက်ဆာလို့ ထမင်းဝယ်မိသောအခါ…

ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ် ။

အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင်

ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ် ။

ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး

ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ် ။

ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့

သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။

သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ် ။

မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို

ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။

ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့်

တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို

အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ် ။

သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် “ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာ…

အသက်တွေရင်းပြီးကူညီပေးနေကြတာပါ… ပြန်ကူညီပေးကြပါလို့ ပြောပါရစေ….” ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။

Source & Photo Credit-Thura Aung’s FB Acc

mmload