News

မုန္တိုင္းဝင္ၿပီး ေရႀကီးေရလွ်ံမႈေတြ ဆက္တိုက္ျဖစ္ေနတာေၾကာင့္ ထိတ္လန္႔စရာအေျခအေနနဲ႔ၾကဳံေတြ႕ေနရတဲ့တ႐ုတ္ျပည္သူေတြရဲ႕ဗီဒီယိုဖိုင္

မုန္တိုင္းဝင္ၿပီး ေရႀကီးေရလွ်ံမႈေတြ ဆက္တိုက္ျဖစ္ေနတာေၾကာင့္ ထိတ္လန္႔စရာအေျခအေနနဲ႔ၾကဳံေတြ႕ေနရတဲ့တ႐ုတ္ျပည္သူေတြရဲ႕ဗီဒီယိုဖိုင္

အခုခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလိႈင္း စတင္ျဖစ္ပြားေနၿပီး ေန႔စဥ္နဲ႔အမွ် ျပည္သူေတြ အသက္ဆုံး႐ႈံးေနရတာ ျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာဆိုရင္လည္း မိုး႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံအလယ္ပိုင္းမွာ ေလမုန္တိုင္းတိုက္ခတ္ၿပီး စံခ်ိန္တင္မိုး႐ြာသြန္းခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ေ႐ွာင္က်ိဳးအပါအဝင္

ဟန္နယ္ျပည္နယ္အတြင္းက ၿမိဳ႕ေတြမွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္ ။

ယခုလက္႐ွိ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာဆိုရင္လည္း တ႐ုတ္ႏိုင္ငံမွာ ေရႀကီးေရလွ်ံမႈျဖစ္ပြားေနတဲ့ ျမင္ကြင္းဗီဒီယိုေတြက ပ်ံ႕ႏွံ႔ေနတာ ေတြ႕ရပါတယ္။

ဒီဗီဒီယိုဖိုင္ေတြအရ တ႐ုတ္ႏိုင္ငံအလယ္ပိုင္းက ၿမိဳ႕တစ္ခ်ိဳ႕မွာ လမ္းမေပၚေတြအထိ ေရေတြဖုံးလႊမ္းၿပီး ကားေတြနဲ႔လူေတြ နစ္ျမဳပ္ေနတာကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ ။

တ႐ုတ္ေရေဘးေၾကာင့္ လူ (၁၂)ဦးခန္႔ေသဆုံးၿပီး လူေပါင္းသိန္းခ်ီ ခန္႔ ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေနရေၾကာင္း ႏိုင္ငံတကာသတင္းမီဒီယာေတြမွာ ေဖာ္ျပထားတာလည္း ေတြ႕ရပါတယ္။

တစ္ခ်ိဳ႕ေတြေနရာေတြမွာဆိုရင္ ေရစီးနဲ႔အတူ လူေတြေမ်ာပါသြားတာမ်ိဳးေတြ႐ွိသလို ေရႀကီးေရလွ်ံမႈေၾကာင့္ ေျမေအာက္ရထားမွာ လူေတြပိတ္မိေနလို႔ ကယ္ထုတ္ေနရတာလည္း ေတြ႕ရပါတယ္။

တ႐ုတ္ျပည္သူေတြကေတာ့ အခုခ်ိန္မွာ ထိတ္လန္႔စရာေကာင္းတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနရတာပဲ ျဖစ္ပါတယ္ ။

တ႐ုတ္ႏိုင္ငံအလယ္ပိုင္းမွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားေနတဲ့ ျမင္ကြင္းဗီဒီယိုဖိုင္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source & Video Credit-Original Uploader

(ဗီဒီယိုၾကည့္ရန္အတြက္ ေအာက္ပါလင့္ကို ပုံထဲကအတိုင္း Select လုပ္ပါ။ ၿပီးလွ်င္ ‌ေပၚလာသည့္ Facebook (သို႔မဟုတ္) Browser ဆိုတဲ့စကားလုံးကိုႏွိပ္၍ ၾကည့္႐ႈႏိုင္ပါသည္။ )

https://www.facebook.com/106559704436097/posts/335152401576825/?

app=fblhttps://www.facebook.com/106559704436097/posts/335152751576790/?app=fbl

MMLOAD

Unicode Version

မုန်တိုင်းဝင်ပြီး ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထိတ်လန့်စရာအခြေအနေနဲ့ကြုံတွေ့နေရတဲ့တရုတ်ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားနေပြီး နေ့စဉ်နဲ့အမျှ ပြည်သူတွေ အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာဆိုရင်လည်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်းမှာ လေမုန်တိုင်းတိုက်ခတ်ပြီး စံချိန်တင်မိုးရွာသွန်းခဲ့ပြီးနောက် မြို့တော်ရှောင်ကျိုးအပါအဝင်

ဟန်နယ်ပြည်နယ်အတွင်းက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

ယခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာထက်မှာဆိုရင်လည်း တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြင်ကွင်းဗီဒီယိုတွေက ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒီဗီဒီယိုဖိုင်တွေအရ တရုတ်နိုင်ငံအလယ်ပိုင်းက မြို့တစ်ချို့မှာ လမ်းမပေါ်တွေအထိ ရေတွေဖုံးလွှမ်းပြီး ကားတွေနဲ့လူတွေ နစ်မြုပ်နေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။

တရုတ်ရေဘေးကြောင့် လူ (၁၂)ဦးခန့်သေဆုံးပြီး လူပေါင်းသိန်းချီ ခန့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရကြောင်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

တစ်ချို့တွေနေရာတွေမှာဆိုရင် ရေစီးနဲ့အတူ လူတွေမျောပါသွားတာမျိုးတွေရှိသလို ရေကြီးရေလျှံမှုကြောင့် မြေအောက်ရထားမှာ လူတွေပိတ်မိနေလို့ ကယ်ထုတ်နေရတာလည်း တွေ့ရပါတယ်။

တရုတ်ပြည်သူတွေကတော့ အခုချိန်မှာ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ် ။

တရုတ်နိုင်ငံအလယ်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ မြင်ကွင်းဗီဒီယိုဖိုင်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Original Uploader

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/106559704436097/posts/335152401576825/?

app=fblhttps://www.facebook.com/106559704436097/posts/335152751576790/?app=fbl

MMLOAD