News


















credit

unicode version

ကိုဗစ် တတိယလှိုင်းမှာ ဆုံးရှုံးမှုတွေများခဲ့တဲ့ ပြည်သူတွေရဲ့ ရင်နင့်စရာ မြင်ကွင်းများ(ရုပ်သံ)

Covid -19 ရောဂါဆိုးကြီးကတော့ မြန်မာနိုင်ငံကို တတိယလှိုင်းအနေနဲ့ ထပ်မံ ရောက်ရှိခဲ့ပါတယ် ။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ဖြစ်ပွားချိန်မှာ ကုသစရာနေရာတွေ လည်း အလုံအလောက်ရှိသလို

သေသေချာချာ စီမံဆောင်ရွက်မှုတွေကြောင့် လူနာတွေရဲ့ အသက်ဆုံးရှုံးမှု နည်းခဲ့သလို

ရောဂါပျံ့ပွားမှုတွေလည်း အရမ်း မဆိုးရွားခဲ့တာကို တွေ့ရပါတယ် ။

ခုတတိယလှိုင်းမှာတော့ ရုတ်တရက် ပြောင်းလဲသွားတဲ့ အုပ်ချုပ်ရေး စနစ်တွေကြောင့် ပြည်သူတွေ ခမျာ

ရောဂါကူးစက်ခံရရင်တောင် ပြစရာ ဆေးရုံတွေကမရှိ အိမ်မှာပဲ ကုသနေရပါတယ် ။

ဒီလိုအခြေအနေတွေမှာ အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေပါ ထပ်မံရင်ဆိုင်ရပြီး

မသေသင့်ဘဲ သေဆုံးသွားရတဲ့ သူတွေ မနည်းပါဘူး ။

မိသားစုဝင်တွေ ဆုံးရှုံးရလို့ သောကရောက်နေရတဲ့ ပြည်သူတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတာ အမှန်ပါပဲ ။

ခုလည်း မန္တလေးက ပြည်သူတစ်ဦးက ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့ရသူတွေရဲ့

ရင်နင့်စရာ မြင်ကွင်းတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ဝေမျှထားတာတွေ့ရပါတယ် ။

ပုံတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိသလို ကိုဗစ်ရောဂါကြောင့် ပြည်သူတွေအနေနဲ့ ခုချိန်မှာ ဆုံးရှုံးမှုတွေ အရမ်းများလို့

ဒီထက်ပိုပြီးလည်း မဆိုးရွားစေချင်တော့တာကြောင့်

အားလုံးဂရုတစိုက်နေထိုင်ဖို့ အယောက်စီတိုင်းကို တိုက်တွန်းလိုက်ပါရစေ ။

credit