အလွအပအတြက္ ဘက္စုံအသုံးဝင္တဲ့ ရွားေစာင္းလက္ပတ္ …
အသားေျခာက္တတ္တဲ့သူ၊ ဝက္ၿခံေပါက္ၿပီး အမာရြတ္က်ခဲ့တဲ့သူေတြနဲ႔
အသားအေရ တင္းတင္းရင္းရင္းေလး ျဖစ္ခ်င္တဲ့သူေတြအတြက္ေတာ့ ရွားေစာင္းလက္ပတ္က ဆရာတစ္ဆူပါပဲ။
အခုေနာက္ပိုင္း (၉၉%) ရွားေစာင္းလက္ပတ္နဲ႔ ျပဳလုပ္ထားတဲ့
ဂ်ယ္လ္ေတြလည္း ေဈးကြက္ထဲ ေဈးသက္သက္သာသာနဲ႔ အလြယ္တကူ ဝယ္လို႔ရေနၿပီမို႔ အရမ္းအဆင္ေျပလာပါတယ္။
ဆိုေတာ့ သင္မသိေလာက္ေသးတဲ့ ရွားေစာင္းလက္ပပ္ရဲ့ ဘက္စုံ အသုံးဝင္ပုံေတြကို
ဒီေဆာင္းပါးေလးကေန တစ္ဆင့္ ေျပာျပေပးခ်င္ပါတယ္။ ဆက္ၾကည့္လိုက္ၾကရေအာင္ပါ။
ေနေလာင္ကြက္ေတြအတြက္
ေနေလာင္ကြက္ေတြအတြက္ခ်ည္းပဲ မဟုတ္ပါဘူး။
ရွားေစာင္းလက္ပတ္ကို အသားအေရ ဖူးေရာင္ နီရဲတာမ်ိဳးနဲ႔ အသားအေရ ယားယံတဲ့အခါမ်ိဳးေတြမွာလည္း သုံးလို႔ရပါတယ္။
ရွားေစာင္းလက္ပတ္အႏွစ္ကို ေရနဲ႔ေရာၿပီး ေရခဲတုံးေလးေတြ ျပဳလုပ္ေပးလိုက္ပါ။
ၿပီးရင္ေတာ့ မိမိ ႏွစ္သက္ရာေနရာမွာ ပြတ္လိမ္းေပးလို႔ရပါတယ္။
အေညာင္းအညာေျပၿပီး ေခ်ာမြတ္သြားတဲ့ အထိအေတြ႕ကို ခံစားရေစနိုင္ပါတယ္။
ေဗာက္ေပ်ာက္ခ်င္ရင္
သံပရာရည္နဲ႔ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို ေရာၿပီး ေဗာက္ျဖစ္ေနတဲ့
ဦးေရျပားေပၚမွာ လိမ္းေပးျခင္းျဖင့္လည္း ေဗာက္ေတြကို ဖယ္ရွားေပးလို႔ရပါတယ္။
ေခါင္းမေလၽွာ္ခင္ ၎အေရာအေႏွာကို ဦးေရျပားေပၚ မိနစ္ (၃၀) ေလာက္လိမ္းထားၿပီး ေရေဆးခ်လိုက္႐ုံပါပဲ။
ဝက္ၿခံ
ညအိပ္ယာမဝင္ခင္ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို မ်က္ႏွာေပၚက ေခၽြးေပါက္က်ယ္တဲ့ ေနရာေတြနဲ႔
ဝက္ၿခံ၊ အမာရြတ္ က်န္ခဲ့တဲ့ ေနရာေတြကို ခပ္မ်ားမ်ားေလး လိမ္းေပးျခင္းျဖင့္
ဝက္ၿခံေတြကို သိသိသာသာ ေလ်ာ့ပါးလာေစၿပီး အသားအေရ တင္းရင္းလာေစပါတယ္။
ေျခဖဝါးကြဲတတ္သူေတြအတြက္
ေျခဖဝါးကြဲၿပီး ၾကမ္းရွရွျဖစ္ေနလို႔ စိတ္ညစ္လွၿပီ။ ေဘဘီေလးေတြလို ႏူးညံ့ၿပီး ေခ်ာေမြ႕တဲ့ ေျခဖဝါးတစ္စုံကို ပိုင္ဆိုင္ခ်င္လွၿပီဆိုရင္ေတာ့
ရွားေစာင္းလက္ပတ္ အႏွစ္နဲ႔ သံပရာရည္ အေရာအေႏွာကို ေျခဖဝါးေလးေတြမွာ ပြတ္လိမ္းေပးပါ။
(၂-၃) မိနစ္ေလာက္ ပြတ္လိမ္းေပးၿပီးရင္ေတာ့ (၁၀) မိနစ္ေလာက္ထားၿပီး ေရေႏြးေလးနဲ႔ ေဆးခ်လို႔ရပါၿပီ။
ဆံပင္လည္း အရွည္ျမန္ေစပါတယ္
သိသိသာသာ ဆံပင္ အရွည္ျမန္ခ်င္တယ္။ ေပ်ာ့ေျပာင္း ႏူးညံ့ၿပီး ေတာက္ပတဲ့ ဆံေကသာကို
ပိုင္ဆိုင္ခ်င္တယ္ ဆိုရင္ေတာ့ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကိုပဲ ပုံမွန္ေလး အသုံးျပဳေပးပါ။
ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို ေခါင္းမေလၽွာ္ခင္ ဆံသားမွာ နာရီဝက္ေလာက္ လိမ္းထားၿပီး ေရေႏြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။
Ref: Pinterest “5 BEST BEAUTY TIPS USING ALOE VERA”
Po Mo Htoo Aung (ရိုးရာေလး)
===============
UNICODE Version
အလှအပအတွက် ဘက်စုံအသုံးဝင်တဲ့ ရှားစောင်းလက်ပတ် …
အသားခြောက်တတ်တဲ့သူ၊ ဝက်ခြံပေါက်ပြီး အမာရွတ်ကျခဲ့တဲ့သူတွေနဲ့
အသားအရေ တင်းတင်းရင်းရင်းလေး ဖြစ်ချင်တဲ့သူတွေအတွက်တော့ ရှားစောင်းလက်ပတ်က ဆရာတစ်ဆူပါပဲ။
အခုနောက်ပိုင်း (၉၉%) ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့
ဂျယ်လ်တွေလည်း ဈေးကွက်ထဲ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်လို့ရနေပြီမို့ အရမ်းအဆင်ပြေလာပါတယ်။
ဆိုတော့ သင်မသိလောက်သေးတဲ့ ရှားစောင်းလက်ပပ်ရဲ့ ဘက်စုံ အသုံးဝင်ပုံတွေကို
ဒီဆောင်းပါးလေးကနေ တစ်ဆင့် ပြောပြပေးချင်ပါတယ်။ ဆက်ကြည့်လိုက်ကြရအောင်ပါ။
နေလောင်ကွက်တွေအတွက်
နေလောင်ကွက်တွေအတွက်ချည်းပဲ မဟုတ်ပါဘူး။
ရှားစောင်းလက်ပတ်ကို အသားအရေ ဖူးရောင် နီရဲတာမျိုးနဲ့ အသားအရေ ယားယံတဲ့အခါမျိုးတွေမှာလည်း သုံးလို့ရပါတယ်။
ရှားစောင်းလက်ပတ်အနှစ်ကို ရေနဲ့ရောပြီး ရေခဲတုံးလေးတွေ ပြုလုပ်ပေးလိုက်ပါ။
ပြီးရင်တော့ မိမိ နှစ်သက်ရာနေရာမှာ ပွတ်လိမ်းပေးလို့ရပါတယ်။
အညောင်းအညာပြေပြီး ချောမွတ်သွားတဲ့ အထိအတွေ့ကို ခံစားရစေနိုင်ပါတယ်။
ဗောက်ပျောက်ချင်ရင်
သံပရာရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရောပြီး ဗောက်ဖြစ်နေတဲ့
ဦးရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့်လည်း ဗောက်တွေကို ဖယ်ရှားပေးလို့ရပါတယ်။
ခေါင်းမလျှော်ခင် ၎င်းအရောအနှောကို ဦးရေပြားပေါ် မိနစ် (၃၀) လောက်လိမ်းထားပြီး ရေဆေးချလိုက်ရုံပါပဲ။
ဝက်ခြံ
ညအိပ်ယာမဝင်ခင် ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်နှာပေါ်က ချွေးပေါက်ကျယ်တဲ့ နေရာတွေနဲ့
ဝက်ခြံ၊ အမာရွတ် ကျန်ခဲ့တဲ့ နေရာတွေကို ခပ်များများလေး လိမ်းပေးခြင်းဖြင့်
ဝက်ခြံတွေကို သိသိသာသာ လျော့ပါးလာစေပြီး အသားအရေ တင်းရင်းလာစေပါတယ်။
ခြေဖဝါးကွဲတတ်သူတွေအတွက်
ခြေဖဝါးကွဲပြီး ကြမ်းရှရှဖြစ်နေလို့ စိတ်ညစ်လှပြီ။ ဘေဘီလေးတွေလို နူးညံ့ပြီး ချောမွေ့တဲ့ ခြေဖဝါးတစ်စုံကို ပိုင်ဆိုင်ချင်လှပြီဆိုရင်တော့
ရှားစောင်းလက်ပတ် အနှစ်နဲ့ သံပရာရည် အရောအနှောကို ခြေဖဝါးလေးတွေမှာ ပွတ်လိမ်းပေးပါ။
(၂-၃) မိနစ်လောက် ပွတ်လိမ်းပေးပြီးရင်တော့ (၁၀) မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလို့ရပါပြီ။
ဆံပင်လည်း အရှည်မြန်စေပါတယ်
သိသိသာသာ ဆံပင် အရှည်မြန်ချင်တယ်။ ပျော့ပြောင်း နူးညံ့ပြီး တောက်ပတဲ့ ဆံကေသာကို
ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ရှားစောင်းလက်ပတ်ဂျယ်လ်ကိုပဲ ပုံမှန်လေး အသုံးပြုပေးပါ။
ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခေါင်းမလျှော်ခင် ဆံသားမှာ နာရီဝက်လောက် လိမ်းထားပြီး ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။
Ref: Pinterest “5 BEST BEAUTY TIPS USING ALOE VERA”
Po Mo Htoo Aung (ရိုးရာလေး)
===============