အကြောတွေ တက်နေတယ်။
TZM Day 3
ကောင်းထက်ဇော်
လပြည့်ကဗျာ
Credit – All Sources
Unicode Version
လက်ရှိ ကိုဗစ်ရောဂါခံစားနေရတဲ့ အနုပညာရှင်များ…
ကိုဗစ်ရောဂါခံစားနေရတဲ့ အနုပညာရှင်များ
“သရုပ်ဆောင်ဒေါင်းဝေ ကိုဗစ်ရောဂါခံစားနေရ”
သရုပ်ဆောင်ဒေါင်းဝေ ကိုဗစ်ရောဂါခံစားနေရတယ်လို့သိရပါတယ်။
သူဟာနေမကောင်းဖြစ်နေတာ ၆ရက်ရှိနေပြီလည်းဖြစ်ပါတယ်။
သူဟာ ဂရုစိုက်နေတဲ့ကြားက P ဖြစ်တာလို့ပြောပြပြီး ပရိသတ်တွေလည်းဂရုစိုက်ကြပါလို့ပြောပါတယ်။
“ဘယ်မှလည်းကျတော်မသွားပါဘူး ။
စားစရာထွက်ဝယ်တာတောင် သေသေ ချာချာဂရုစိုက်ပြီးမှသွားတာ
ခုဖြစ်နေတဲ့ လက္ခဏာက ကိုဗစ်လိုမျိုး တစ်ချက်တစ်ချက် အသက်ရှူမဝဘူး ။
အောက်စီဂျင်တိုင်းတဲ့ဟာလေးဝယ်ထားတာ။အတုဖြစ်နေတယ်။
ဒါပေမယ့် လည်းစိတ်တော့ချမ်းသာအောင် သူအတုထုတ်ထားပေးတာနေမယ် ။
အောက်စီဂျင်က သူနဲ့တိုင်းရင်မကျဘူး ။
ဘာမှတော့ အထွေအထူးမဖြစ်ပါဘူး ။ညရောက်ရင် တော့ကိုက်ခဲပြီးဖျားတယ် ။အခုတော့သက်သာလာပါပြီ”
လို့ ဒေါင်းဝေကပြောပြပါတယ်။
လူရွှင်တော် ငြိမ်းချမ်း
လူရွှင်တော် ငြိမ်းချမ်း အနံ့ပျောက်ကာ ကိုဗစ်ဝေဒနာ ခံစားနေရ 😔
ဟာသ သရုပ်ဆောင်၊ လူရွှင်တော် ငြိမ်းချမ်းဟာ
ဇူလိုင်လ ၂၂ ရက်နေ့မှာ အနံ့ပျောက်ပြီး နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။
“ဒီနေ့ အနံ့ပျောက်သွားပြီး ဖျားနေပြီ။
ကိုယ်ခန္ဓာ တခုလုံး အသားတွေ နာတယ်။
အကြောတွေ တက်နေတယ်။
ငါမရှိလို့မဖြစ်၊ ငါ့မိသားစုအတွက် ငါနေကောင်းရမယ်။
အကောင်းဆုံး ကျော်ဖြတ်နိုင်ရမယ်”လို့ ငြိမ်းချမ်းက ဆိုပါတယ်။
လူရွှင်တော် ငြိမ်းချမ်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းက မျက်နှာ လေတခြမ်း ဖြတ်သွားခဲ့ပြီး၊
ကျန်းမာရေး ပြန်ကောင်းလာပြီးနောက် မိသားစုနဲ့အတူ
အွန်လိုင်းမှာ အဝတ်အထည်များ Live Sale ရောင်းချနေသူ ဖြစ်ပါတယ်။
သားအမိနှစ်ယောက်လုံး ကိုဗစ်ကူးစက်ခံထားရတဲ့ အဆိုတော် တင်ဇာမော်
မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း ကိုဗစ်ကူးစက်ခံထားရတဲ့ အဆိုတော် တင်ဇာမော်
မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေရင်း တေးသံရှင် တင်ဇာမော် ပါကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။
ကိုဗစ်ကူးစက်ခံရတာ နဲ့ပတ်သတ်ပြီး တေးသံရှင် တင်ဇာမော် က….”ဒီနေ့ တစ်နေကုန် မနက်ကနေ ညနေအထိ
တောက်လျှောက်မနားတမ်း လုပ်နေရင်းက တီတီခိုင့်သတင်းကြားတော့.
ခဏလောက်တော့ ထိုင်ချလိုက်ရတယ်.။
ညနေ ရောက်တော့ ကိုယ့်ဘာသာ ဝယ်ထားတဲ့ Test kit ကိုသုံးပြီး ဆရာမလေးတစ်ယောက်ကို အကူအညီတောင်း
နှာခေါင်းနှိုက်ပြီးစစ်တော့ကျမဆီ ဧည့်သည် ရောက်နေပါရောလား.။
TZM Day 3
မေမေ အမြန်ဆုံးသက်သာပါစေ.။
မမေ့အတွက် အောက်ဆီဂျင်တတ်နိုင်သမျှ ကူညီပေးကြတဲ့ မိတ်ဆွေများရော ကူညီကြတဲ့ မိတ်ဆွေများရော အားလုံးကို
ကျေးဇူး အထူး အထူးတင်ပါတယ်ရှင်” လို့ သူမရဲ့ လူမှုကွန်ယက် မှာ ရေးသားထားပါတယ်။
ကောင်းထက်ဇော်
ပရိတ်သတ်ကြီးရေ….အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့
ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။
ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီး
တစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။
လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံနေရပြီး
အောက်စီဂျင်အရေးပေါ်လိုအပ်နေတဲ့အတွက် ကောင်းထက်ဇော်ရဲ့အစ်မက အခုလိုပဲ အကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်နော်။
အဲ့ဒါကတော့”ကျွန်မမောင်လေး ကောင်းထက်ဇော်အတွက် အရေးတကြီး Oxygen လိုနေပါတယ်။
လှူတာပဲဖြစ်ဖြစ် ၊ရောင်းတာပဲဖြစ်ဖြစ်အသိမိတ်ဆွေလေးများရှိ ရင် ပြောပေးကြပါလက်လှမ်းမီသလောက်လေးကူညီပေးကြပါ
Share ပြီးကူညီပေးကြပါရန်နှင့် ရရှိခဲ့ရင်လည်း 09762711950 လေးကိုဆက်သွယ်ပေးကြပါ “ လို အမဖြစ်သူက ပြောကြားလာခဲ့ပါတယ်။
ကိုကောင်းကြီးတစ်ယောက် ကိုဗစ်ရာဂါကပ်ဆိုးကြီးကို အမြန်ဆုံးအံတုကျော်လွှားနိုင်ပါစေလို့ဆုတောင်းရင်း
ခုနှစ်ရက်သားသမီးအားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးမှအမြန်ဆူံလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖတ်ရှုပေးတဲ့ Celebtiry Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိတယ်။
လပြည့်ကဗျာ
မြန်မာပြည်သူတွေအနေနဲ့ လတ်တလောအချိန်မှာ စစ်ဘေးဒုက္ခတွေအပြင် Covid 19 ကူးစက်ရောဂါတွေကြောင့်
လူတိုင်းလိုလို စိုးရိမ်ပူပန်မှုတွေနဲ့ သောကရောက်နေကြရတာ ဖြစ်ပါတယ်..။
ရောဂါကူးစက်မှုတွေများပြားနေပြီး သရုပ်ဆောင်လမင်းကဗျာကလည်း သူမအပါအဝင် မိသားစုဝင်တွေ
ကိုဗစ်ရောဂါကူးစက်ခံထားရလို့ မိဘတွေအတွက် စိတ်ပူနေတဲ့အကြောင်းတွေ ပြောပြလာပါတယ်..။
မိသားစု(၄)ယောက်မှာ သူမနဲ့မိခင်ဖြစ်သူအပါအဝင်(၃)ယောက်က ကူးစက်ခံထားရပြီး အသက်(၇၀)ကျော် ဖခင်ဖြစ်သူမှာ
ကူးစက်မခံရသေးပေမယ့် TB ရောဂါဖြစ်ဖူးလို့ အဆုတ်မကောင်းတဲ့အတွက် စိတ်ပူနေတာ ဖြစ်ပါတယ်..။
လက်ရှိမှာ ဖခင်ကြီးကို ကိုဗစ်ကူးစက်ခံထားရသူတွေနဲ့ ခွဲထားဖို့ စီစဉ်ပေမယ့်လည်း မိသားစုတွေနဲ့သာ အတူနေချင်တဲ့
ဖခင်ရဲ့ စိတ်ဆန္ဒကြောင့် ခွဲထားလို့အဆင်မပြေတဲ့အကြောင်းတွေကိုလည်း လမင်းကဗျာက ပြောပြထားပါသေးတယ်..။
“မိသားစု ၄ယောက်မှာ 3ယောက် ဖြစ်သွားပီ
အသက် ၇၀ ကျော် အဖေကို ဘယ်နားသွားထားရမလဲ မသိဘူး Hotel နေမလားဆိုတော့လဲ မနေဘူးတဲ့
ဖေကြီး ဖြစ်လို့မရဘူး သူက TB ဖြစ်ဖူးတယ် အဆုတ်လုံးဝမကောင်းဘူး😫
ငါရူးချင်ပီ🤧..” ဆိုပြီး လမင်းကဗျာက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးသူမိတ်ဆွေတချို့ကလည်း အကြံပေးရင်း
အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
ကျန်သေးတယ်နော် အများကြီးကူးစက်နေပီ
ကိုဗစ်ကို မပေါ့ကြပါနဲ့ …။ ကိုဗစ်ရဲ့ မာယာတွေအောက်မှာ အသက်တွေ မဆုံးရှုံးပါစေနဲ့
Credit – All Sources