ေႂကြ႐ုပ္ေလးလို ၾကည္လင္လွပတဲ့ မ်က္ႏွာေလးပိုင္ဆိုင္ခ်င္တယ္ဆိုရင္ ဒါေလးေတြလုပ္ၾကည့္ေနာ္
ၿပီးျပည့္စုံလွပတဲ့မ်က္ႏွာေလးကိုပိုင္ဆိုင္ခ်င္ၾကတာ မိန္းကေလးတိုင္းရဲ႕အိပ္မက္ပါ။
အဲ့ဒါေၾကာင့္ပဲ မ်က္ႏွာေလး ၾကည္လင္လွပေစဖို႔ ေပါင္းတင္တာ၊ေခ်းခြၽတ္တာေတြအမ်ိဳးမ်ိဳးလုပ္ေနၾကတာေပ့ါ။
ဒါေပမဲ့ လွခ်င္လြန္းလို႔ဆိုၿပီးခဏခဏလုပ္ေနမယ္ဆိုရင္မ်က္ႏွာအသားအရည္ကိုပိုၿပီးေတာင္ ပ်က္စီးေစပါတယ္တဲ့။
ၾကည္လင္သန္႔စင္တဲ့မ်က္ႏွာေလးပိုင္ဆိုင္ခ်င္တယ္ဆိုရင္သတိထားရမယ့္အခ်က္ေလးေတြကေတာ့…
(၁) မ်က္ႏွာကပ္ခြာေပါင္းတင္တဲ့အခါ…
တစ္လကို အမ်ားဆုံး ၂ခါေလာက္ပဲေပါင္းတင္ကပ္ခြာေတြသုံးေပးသင့္ၿပီးကပ္ခြာကပ္ထားတဲ့အခါမွာ လည္း
၁၅ မိနစ္ထက္ ပိုၿပီးမထားသင့္ပါဘူး။ကပ္ခြာကပ္ၿပီးတစ္ညလုံးအိပ္လို႔မရပါဘူး။ ဒါကိုသတိထားဖို႔လိုပါတယ္။
၁၅မိနစ္ျပည့္ရင္မေမ့မေလ်ာ့ခြာေပးပါ။မ်က္ႏွာေပါင္းတင္ကပ္ခြာသုံးတဲ့အခါမွာလည္း
ကိုယ့္ရဲ႕အသားအရည္ကအဆီျပန္တာလား၊ေျခာက္ေသြ႕တာလားဆိုတာ သတိထားၿပီး သင့္ေတာ္တဲ့ကပ္ခြာကိုသုံးေပးပါ။
(၂) သဘာဝပစၥည္းေတြနဲ႔ေပါင္းတင္တဲ့အခါ…
သဘာဝပစၥည္းေတြနဲ႔ေပါင္းတင္တာကိုေတာ့ တစ္လကို၃ခါေလာက္လုပ္ေပးႏိုင္ပါတယ္။ဒါကလည္း ပစၥည္းအေပၚမူတည္ပါတယ္။
အသီးအႏွံေတြနဲ႔လုပ္မယ္ဆိုရင္တစ္ပတ္ကို တစ္ခါေလာက္လုပ္ေပးႏိုင္ၿပီး ပ်ားရည္နဲ႔သံပုရာရည္ေရာၿပီး
မ်က္ႏွာေပါင္းတင္ခ်င္တဲ့အခါ တစ္လကို သုံးခါေလာက္ပဲလုပ္ေပးသင့္ပါတယ္။
သံပုရာရည္ခ်ည္းပဲသီးသန္႔ေပါင္းတင္တာကိုေတာ့မလုပ္ဖို႔အၾကံေပးခ်င္ပါတယ္။
သံပုရာရည္က အခ်ဥ္ဓာတ္ပါလို႔ အေရျပားပါးတဲ့သူဆိုရင္မ်က္ႏွာအသားအရည္ ထိခိုက္ႏိုင္ပါတယ္။
(၃) မ်က္ႏွာေခ်းခြၽတ္တဲ့အခါ…
ပုံမွန္မ်က္ႏွာသစ္ေဆးသုံး႐ုံနဲ႔ မ်က္ႏွာအတြင္းပိုင္အထိသန္႔စင္မေပးႏိုင္ပါဘူး။
အဲ့ဒါေၾကာင့္ ေခြၽးေပါက္ေတြထဲကအညစ္အေၾကးေတြကိုဖယ္ထုတ္ဖို႔မ်က္ႏွာေခ်းခြၽတ္သန္႔စင္ေပးရပါတယ္။
တစ္ခ်ိဳ႕ကလည္းဆိုင္မွာေခ်းခြၽတ္သန္႔စင္ေလ့႐ွိသလို တစ္ခ်ိဳ႕ကလည္းအိမ္မွာပဲ ေခ်းခြၽတ္သန္႔စင္ေလ့႐ွိပါတယ္။
အဓိကကေတာ့ ေခြၽးေပါက္ထဲက မိတ္ကပ္အႂကြင္းအက်န္ေတြ၊ အညစ္အေၾကးေတြထြက္လာဖို႔ေပါ့။
တကယ္လို႔ဆိုင္မွာလုပ္မယ္ဆိုရင္လည္း ကိုယ့္ရဲ႕အသားအရည္ကထိခိုက္လြယ္ေနတာမ်ိဳး၊
မ်က္ႏွာမွာ ဝက္ျခံေတြ႐ွိေနတာမ်ိဳးဆို Scrub မသုံးပဲ ေခ်းခြၽတ္ကရင္မ္လိုမ်ိဳးသုံးေပးသင့္ပါတယ္။
Scrub က မ်က္ႏွာထက္စာရင္ခႏၶာကိုယ္အတြက္ ပိုၿပီးေကာင္းပါတယ္။
အိမ္မွာမ်က္ႏွာေခ်းခြၽတ္ခ်င္တယ္ဆိုရင္လည္းနည္းလမ္းေလးေျပာျပေပးပါမယ္။
ပထမဆုံး ေရေႏြးပူတည္ပါ။ၿပီးရင္ ေခါင္းမွာသဘက္ျဖစ္ျဖစ္အုပ္ထားၿပီး ၁၀မိနစ္ေလာက္ ေရေႏြးေငြ႕ခံေပးပါ။
ေရေႏြးေငြ႕ခံၿပီးရင္ ေခြၽးေပါက္ထဲကအညစ္အေၾကးေတြထြက္လာပါလိမ့္မယ္။
ေနာက္ထပ္ ၅မိနစ္ေလာက္ေနရင္ မ်က္ႏွာသစ္ပါ။ၿပီးရင္ ပ်ားရည္နဲ႔သံပုရာရည္၊သၾကားအနည္းငယ္ ဆတူေရာစပ္ၿပီးမ်က္ႏွာမွာလိမ္းပါ။
၁၅မိနစ္ေလာက္ထားၿပီးရင္ေတာ့ေရေအးေအးေလး နဲ႔ျပန္ၿပီးသစ္ခ်ပါ။ေရခဲေရဆိုပိုေကာင္းပါတယ္။
အားလုံးၿပီးရင္ေတာ့ အစိုဓာတ္ထိန္းကရင္မ္ေလးတစ္ခုခုလိမ္းဖို႔မေမ့နဲ႔ေနာ္။
(၄) အစားအေသာက္စားတဲ့အခါ…
အေပၚယံအေရျပားကိုျပဳျပင္ေျပာင္းလဲဖို႔ဆိုတာ ေန႔တိုင္းစားေသာက္ေနတဲ့အစားအစာေတြနဲ႔လည္း သက္ဆိုင္ပါေသးတယ္။
အဓိကကေတာ့ ေရဓာတ္ေပါ့။ခႏၶာကိုယ္ထဲမွာေရဓာတ္အျပည့္အဝ႐ွိေနရင္
အသားအရည္ေျခာက္ေသြ႕တာေတြ မျဖစ္ေတာ့ပဲအသားအရည္ေလးကစိုျပည္ေနမွာပါ။
အခုေႏြရာသီလည္းေရာက္ေနေတာ့ ေရမ်ားမ်ားေသာက္ေပးဖို႔နဲ႔ ေရဓာတ္ျပည့္ဝတဲ့ အသီးအႏွံေတြမ်ားမ်ားစားေပးဖို႔မေမ့နဲ႔ေနာ္။
ၾကည္လင္လွပတဲ့အသားအရည္ေလး ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ အပူအစပ္ေတြေလွ်ာ့စားေပးဖို႔လည္းလိုပါတယ္။
(၅) ညဘက္အိပ္တဲ့အခါ…
အေရးႀကီးဆုံးသတိထားရမွာကေတာ့ မိတ္ကပ္ေတြလိမ္းၿပီးညဘက္မဖ်က္ပဲအိပ္တာပါပဲ။
ဒါက ဝက္ျခံ၊တင္းတိပ္ေတြျဖစ္လာျခင္းရဲ႕အစပါပဲ။မိတ္ကပ္မဖ်က္ပဲအိပ္တဲ့အခါမိတ္ကပ္သားေတြက ေခြၽးေပါက္ထဲမွာပိတ္ေနၿပီး
အညစ္အေၾကးေတြ၊ဝက္ျခံေတြျဖစ္လာေစပါတယ္။ညဘက္ဆို ဆဲလ္ေတြေျပာင္းလဲတဲ့အတြက္ဒီအခ်ိန္က မ်က္ႏွာအားျဖည့္ဖို႔အေရးႀကီးဆုံးပါ။
အဲ့ဒါေၾကာင့္ မိတ္ကပ္ေတြကို အိမ္ျပန္ေရာက္တာနဲ႔ဖ်က္ဖို႔မေမ့ပါနဲ႔။မိတ္ကပ္ဖ်က္တဲ့အခါမွာလည္းမ်က္ႏွာသစ္ေဆးတစ္မ်ိဳးတည္းနဲ႔မၿပီးဘူးေနာ္။
မ်က္ႏွာသစ္ေဆးတစ္မ်ိဳးတည္းနဲ႔ဆိုမိတ္ကပ္ေတြမေျပာင္စင္ပါဘူး။ အဲ့ဒါေၾကာင့္မိတ္ကပ္ဖ်က္ေဆးရည္ နဲ႔အရင္ဖ်က္ၿပီးမွ မ်က္ႏွာသစ္ေဆးကိုသုံးေပးပါ။
ခရက္ဒစ္
Unicode Version
ကြွေရုပ်လေးလို ကြည်လင်လှပတဲ့ မျက်နှာလေးပိုင်ဆိုင်ချင်တယ်ဆိုရင် ဒါလေးတွေလုပ်ကြည့်နော်
ပြီးပြည့်စုံလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ချင်ကြတာ မိန်းကလေးတိုင်းရဲ့အိပ်မက်ပါ။
အဲ့ဒါကြောင့်ပဲ မျက်နှာလေး ကြည်လင်လှပစေဖို့ ပေါင်းတင်တာ၊ချေးချွတ်တာတွေအမျိုးမျိုးလုပ်နေကြတာပေါ့။
ဒါပေမဲ့ လှချင်လွန်းလို့ဆိုပြီးခဏခဏလုပ်နေမယ်ဆိုရင်မျက်နှာအသားအရည်ကိုပိုပြီးတောင် ပျက်စီးစေပါတယ်တဲ့။
ကြည်လင်သန့်စင်တဲ့မျက်နှာလေးပိုင်ဆိုင်ချင်တယ်ဆိုရင်သတိထားရမယ့်အချက်လေးတွေကတော့…
(၁) မျက်နှာကပ်ခွာပေါင်းတင်တဲ့အခါ…
တစ်လကို အများဆုံး ၂ခါလောက်ပဲပေါင်းတင်ကပ်ခွာတွေသုံးပေးသင့်ပြီးကပ်ခွာကပ်ထားတဲ့အခါမှာ လည်း
၁၅ မိနစ်ထက် ပိုပြီးမထားသင့်ပါဘူး။ကပ်ခွာကပ်ပြီးတစ်ညလုံးအိပ်လို့မရပါဘူး။ ဒါကိုသတိထားဖို့လိုပါတယ်။
၁၅မိနစ်ပြည့်ရင်မမေ့မလျော့ခွာပေးပါ။မျက်နှာပေါင်းတင်ကပ်ခွာသုံးတဲ့အခါမှာလည်း
ကိုယ့်ရဲ့အသားအရည်ကအဆီပြန်တာလား၊ခြောက်သွေ့တာလားဆိုတာ သတိထားပြီး သင့်တော်တဲ့ကပ်ခွာကိုသုံးပေးပါ။
(၂) သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်တဲ့အခါ…
သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်တာကိုတော့ တစ်လကို၃ခါလောက်လုပ်ပေးနိုင်ပါတယ်။ဒါကလည်း ပစ္စည်းအပေါ်မူတည်ပါတယ်။
အသီးအနှံတွေနဲ့လုပ်မယ်ဆိုရင်တစ်ပတ်ကို တစ်ခါလောက်လုပ်ပေးနိုင်ပြီး ပျားရည်နဲ့သံပုရာရည်ရောပြီး
မျက်နှာပေါင်းတင်ချင်တဲ့အခါ တစ်လကို သုံးခါလောက်ပဲလုပ်ပေးသင့်ပါတယ်။
သံပုရာရည်ချည်းပဲသီးသန့်ပေါင်းတင်တာကိုတော့မလုပ်ဖို့အကြံပေးချင်ပါတယ်။
သံပုရာရည်က အချဉ်ဓာတ်ပါလို့ အရေပြားပါးတဲ့သူဆိုရင်မျက်နှာအသားအရည် ထိခိုက်နိုင်ပါတယ်။
(၃) မျက်နှာချေးချွတ်တဲ့အခါ…
ပုံမှန်မျက်နှာသစ်ဆေးသုံးရုံနဲ့ မျက်နှာအတွင်းပိုင်အထိသန့်စင်မပေးနိုင်ပါဘူး။
အဲ့ဒါကြောင့် ချွေးပေါက်တွေထဲကအညစ်အကြေးတွေကိုဖယ်ထုတ်ဖို့မျက်နှာချေးချွတ်သန့်စင်ပေးရပါတယ်။
တစ်ချို့ကလည်းဆိုင်မှာချေးချွတ်သန့်စင်လေ့ရှိသလို တစ်ချို့ကလည်းအိမ်မှာပဲ ချေးချွတ်သန့်စင်လေ့ရှိပါတယ်။
အဓိကကတော့ ချွေးပေါက်ထဲက မိတ်ကပ်အကြွင်းအကျန်တွေ၊ အညစ်အကြေးတွေထွက်လာဖို့ပေါ့။
တကယ်လို့ဆိုင်မှာလုပ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့အသားအရည်ကထိခိုက်လွယ်နေတာမျိုး၊
မျက်နှာမှာ ဝက်ခြံတွေရှိနေတာမျိုးဆို Scrub မသုံးပဲ ချေးချွတ်ကရင်မ်လိုမျိုးသုံးပေးသင့်ပါတယ်။
Scrub က မျက်နှာထက်စာရင်ခန္ဓာကိုယ်အတွက် ပိုပြီးကောင်းပါတယ်။
အိမ်မှာမျက်နှာချေးချွတ်ချင်တယ်ဆိုရင်လည်းနည်းလမ်းလေးပြောပြပေးပါမယ်။
ပထမဆုံး ရေနွေးပူတည်ပါ။ပြီးရင် ခေါင်းမှာသဘက်ဖြစ်ဖြစ်အုပ်ထားပြီး ၁၀မိနစ်လောက် ရေနွေးငွေ့ခံပေးပါ။
ရေနွေးငွေ့ခံပြီးရင် ချွေးပေါက်ထဲကအညစ်အကြေးတွေထွက်လာပါလိမ့်မယ်။
နောက်ထပ် ၅မိနစ်လောက်နေရင် မျက်နှာသစ်ပါ။ပြီးရင် ပျားရည်နဲ့သံပုရာရည်၊သကြားအနည်းငယ် ဆတူရောစပ်ပြီးမျက်နှာမှာလိမ်းပါ။
၁၅မိနစ်လောက်ထားပြီးရင်တော့ရေအေးအေးလေး နဲ့ပြန်ပြီးသစ်ချပါ။ရေခဲရေဆိုပိုကောင်းပါတယ်။
အားလုံးပြီးရင်တော့ အစိုဓာတ်ထိန်းကရင်မ်လေးတစ်ခုခုလိမ်းဖို့မမေ့နဲ့နော်။
(၄) အစားအသောက်စားတဲ့အခါ…
အပေါ်ယံအရေပြားကိုပြုပြင်ပြောင်းလဲဖို့ဆိုတာ နေ့တိုင်းစားသောက်နေတဲ့အစားအစာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။
အဓိကကတော့ ရေဓာတ်ပေါ့။ခန္ဓာကိုယ်ထဲမှာရေဓာတ်အပြည့်အဝရှိနေရင်
အသားအရည်ခြောက်သွေ့တာတွေ မဖြစ်တော့ပဲအသားအရည်လေးကစိုပြည်နေမှာပါ။
အခုနွေရာသီလည်းရောက်နေတော့ ရေများများသောက်ပေးဖို့နဲ့ ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေများများစားပေးဖို့မမေ့နဲ့နော်။
ကြည်လင်လှပတဲ့အသားအရည်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင် အပူအစပ်တွေလျှော့စားပေးဖို့လည်းလိုပါတယ်။
(၅) ညဘက်အိပ်တဲ့အခါ…
အရေးကြီးဆုံးသတိထားရမှာကတော့ မိတ်ကပ်တွေလိမ်းပြီးညဘက်မဖျက်ပဲအိပ်တာပါပဲ။
ဒါက ဝက်ခြံ၊တင်းတိပ်တွေဖြစ်လာခြင်းရဲ့အစပါပဲ။မိတ်ကပ်မဖျက်ပဲအိပ်တဲ့အခါမိတ်ကပ်သားတွေက ချွေးပေါက်ထဲမှာပိတ်နေပြီး
အညစ်အကြေးတွေ၊ဝက်ခြံတွေဖြစ်လာစေပါတယ်။ညဘက်ဆို ဆဲလ်တွေပြောင်းလဲတဲ့အတွက်ဒီအချိန်က မျက်နှာအားဖြည့်ဖို့အရေးကြီးဆုံးပါ။
အဲ့ဒါကြောင့် မိတ်ကပ်တွေကို အိမ်ပြန်ရောက်တာနဲ့ဖျက်ဖို့မမေ့ပါနဲ့။မိတ်ကပ်ဖျက်တဲ့အခါမှာလည်းမျက်နှာသစ်ဆေးတစ်မျိုးတည်းနဲ့မပြီးဘူးနော်။
မျက်နှာသစ်ဆေးတစ်မျိုးတည်းနဲ့ဆိုမိတ်ကပ်တွေမပြောင်စင်ပါဘူး။ အဲ့ဒါကြောင့်မိတ်ကပ်ဖျက်ဆေးရည် နဲ့အရင်ဖျက်ပြီးမှ မျက်နှာသစ်ဆေးကိုသုံးပေးပါ။
ခရက်ဒစ်