ကြားသိရသမျှ

















Credit – အေအေစီရဲမင်း

Unicode version

ဖခင်ပီသသော အဖေနှင့် သစ္စာမဲ့သောမိန်းမ ကျန်ခဲ့တာက အပြစ်မဲ့ ကလေးနှစ်ဦး…

ဖခင် ပီသသော အဖေနှင့် သစ္စာမဲ့သောမိန်းမ

ကျန်ခဲ့တာက အပြစ်မဲ့သူ ကလေးနှစ်ဦးတို့ရဲ့ မြဝတီမြို့ကအဖြစ်

အလုပ်ရှာမရ နေစရာမရှိ မိန်းမဖြစ်သူက နောက်ယောကျာင်္းယူသွား

လူမမယ်သမီးလေးနှစ်ဦးနဲ့ ဒုက္ခရောက်နေတဲ့ သားအဖသုံးဦးကိုတတ်နိုင်သလောက် ကူညီပေးခဲ့။

ကိုဗစ်ကာလတစ်မြို့လုံး နေရာအနှံလိုက်သွားထားသော သားအဖသုံးဦးကို မြို့နေလူထု အတွက်ရော

ခလေးငယ်နှစ်ဦးအတွက်ပါ စိုးရိမ်ရလို့

ရွှေမြဝတီ Q စခန်းတာဝန်ခံ အရှေ့တောင်တံခါးခံစစ်မှူးကြီးဒေါက်တာစောဌေးမြင့်၏ လမ်းညွှန်မှုဖြင့်

လူမှုဝန်ထမ်းဦးစီးဌာနထံ ဝင်ရောက်သတင်းပို့ပြီး ရွှေမြဝတီ FQC သို့ လိုက်ပို့ပေးခဲ့ပါသည်

ကိုဘီဝမ်း(တစ်ကိုယ်တော်လူမှုကူညီရေး)စောလမင်းနှင့် AAC ရဲမင်း တို့ သုံးဦးမှ

၎င်းတို့သားအဖ ဧရာဝတီတိုင်းကို ပြန်နိုင်ရန်လမ်းစရိတ် ကျပ်လေးသောင်းခွဲ ကူညီပေးခဲ့ပါသည်။

သူ့သမီးလေးတွေအပေါ်မှာ ဖခင်တာဝန်ကျေတဲ့ မွေးစားဖို့တောင်းကြတာ လုံးဝမပေးပဲ

သူ့သမီးတွေကို သူ့အသက်နဲ့လဲ စောင့်ရှောက်ကျွေးမွေးမယ်ဆိုတဲ့ လူစိတ်ရှိသော

လူတစ်ဦးကိုလမ်းသွားရင် တွေ့လို့ ကူညီခွင့်ရတဲ့ ကာလဒါနလေးအတွက် မဖြစ်စလောက်ဆိုပေမယ့်

သူတို့သားအဖေတွေ ဒီည လမ်းဘေးမအိပ်ရတော့ပဲ စားစရာနဲ့ အိပ်စရာအဆင်ပြေသွားလို့ အထူးပီတိဖြစ်မိပါသည်။

Credit – အေအေစီရဲမင်း