ေဈးတက္ေနတဲ့ ၾကက္ဥေတြကို ဒီေန႔ကစၿပီး အခမဲ့ လႉဒါန္းေပးမယ့္ ေစတနာ႐ွင္ျပည္သူတစ္ဦး…
ဒီကာလေတြမွာ ၾကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို ျပည္သူအခ်င္းခ်င္း မၾကည့္ရက္လို႔
ကိုယ္တတ္ႏိုင္တဲ့ ေနရာေတြကေန ကူညီေဖးမလ်က္႐ွိၾကပါတယ္ ။
ႏိုင္ငံေရး အေျခအေနေတြေရာ ၊ ကိုဗစ္ေရာဂါျဖစ္ပြားမႈေတြေရာ ဆုံသြားတာေၾကာင့္
အေတာ္ေလး အဆင္မေျပၾကတဲ့ ျပည္သူေတြ ေနရာတိုင္းမွာ မ်ားစြာ႐ွိေနပါတယ္ ။
လက္လုပ္လက္စား ျပည္သူေတြဆို ပိုလို႔ေတာင္ စားဝတ္ေနေရး အခက္အခဲေတြကို ၾကဳံေတြ႕ေနရပါတယ္ ။
ဒီလို အေျခအေနေတြမွာ တစ္ခ်ိဳ႕ေတြက အခြင့္ေကာင္းယူကာ ကုန္ေဈးႏႈန္းေတြ ၊ ေဆးဝါေတြကို
မတန္တဆေတြတင္ကာ ေရာင္းခ်ေနၾကတာကို စိတ္မခ်မ္းေျမ့စြာေတြ႕ရပါတယ္ ။
ဒါမ်ိဳးက မျဖစ္သင့္သလို မလုပ္သင့္တဲ့ အရာေတြပါ ။
ဒီလို အတၱသမားေတြေၾကာင့္ ခုဆို တကယ္ကို စာနာစိတ္အျပည့္႐ွိတဲ့ ေစတနာ႐ွင္ျပည္သူေတြ ပူးေပါင္းၿပီး
လႉဒါန္းမႈေတြ ေနရာ အစုံမွာ ျပဳလုပ္လာၾကပါတယ္ ။
အခုလည္း အဆမတန္ ေဈးတက္ေနတဲ့ ၾကက္ဥေတြေၾကာင့္ ဝယ္မစားႏိုင္တဲ့ ျပည္သူေတြ မ်ားစြာ႐ွိေနမွာပါ ။
ဒါ့ေၾကာင့္ ျပည္သူတစ္ဦးက မနက္ဖန္ကစၿပီး လူတစ္ဦးကို ၾကက္ဥ ငါးလုံးစီ ေဝမယ့္အၾကာင္းေလး ေဖာ္ျပလာပါတယ္ ။
ေဝေပးမယ့္ေနရာက ရန္ကုန္မွာျဖစ္ၿပီး လိပ္စာအျပည့္အစုံကေတာ့
” ေန႔လည္ ၁ နာရီမွာ Suzuki KL Seven ႐ြာမေကြ႕ Showroom ေ႐ွ႕ ” မွာလို႔ သိရပါတယ္။
လိုအပ္သူတိုင္း လာေရာက္ယူေဆာင္ႏိုင္ရန္ ရည္႐ြယ္ကာ ျပန္လည္ေဝမွ်ေပးရင္း
အလႉ႐ွင္လည္း ဒီထက္မက လႉႏိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။
Source & Photo Credit : Kyi Thar Han Facebook Account
Credit – Mmload
Unicode Version ျဖင္႔ဖတ္ရန္
ဈေးတက်နေတဲ့ ကြက်ဥတွေကို ဒီနေ့ကစပြီး အခမဲ့ လှူဒါန်းပေးမယ့် စေတနာရှင်ပြည်သူတစ်ဦး…
ဒီကာလတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့
ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။
နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့်
အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။
လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။
ဒီလို အခြေအနေတွေမှာ တစ်ချို့တွေက အခွင့်ကောင်းယူကာ ကုန်ဈေးနှုန်းတွေ ၊ ဆေးဝါတွေကို
မတန်တဆတွေတင်ကာ ရောင်းချနေကြတာကို စိတ်မချမ်းမြေ့စွာတွေ့ရပါတယ် ။
ဒါမျိုးက မဖြစ်သင့်သလို မလုပ်သင့်တဲ့ အရာတွေပါ ။
ဒီလို အတ္တသမားတွေကြောင့် ခုဆို တကယ်ကို စာနာစိတ်အပြည့်ရှိတဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းပြီး
လှူဒါန်းမှုတွေ နေရာ အစုံမှာ ပြုလုပ်လာကြပါတယ် ။
အခုလည်း အဆမတန် ဈေးတက်နေတဲ့ ကြက်ဥတွေကြောင့် ဝယ်မစားနိုင်တဲ့ ပြည်သူတွေ များစွာရှိနေမှာပါ ။
ဒါ့ကြောင့် ပြည်သူတစ်ဦးက မနက်ဖန်ကစပြီး လူတစ်ဦးကို ကြက်ဥ ငါးလုံးစီ ဝေမယ့်အကြာင်းလေး ဖော်ပြလာပါတယ် ။
ဝေပေးမယ့်နေရာက ရန်ကုန်မှာဖြစ်ပြီး လိပ်စာအပြည့်အစုံကတော့
” နေ့လည် ၁ နာရီမှာ Suzuki KL Seven ရွာမကွေ့ Showroom ရှေ့ ” မှာလို့ သိရပါတယ်။
လိုအပ်သူတိုင်း လာရောက်ယူဆောင်နိုင်ရန် ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးရင်း
အလှူရှင်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Source & Photo Credit : Kyi Thar Han Facebook Account
Credit – Mmload