Lifestyle














 



 


Bam Bam (Gabar News)

Unicode Version

ချစ်စရာကောင်းတဲ့သမီးလေးကို အဖိုးအဖွားဆီမှာအပ်ထားခဲ့ရာက၊ ပုံစံပြောင်းသွားခဲ့တဲ့သမီးလေးကြောင့် ဖခင်ဖြစ်သူအံ့သြခဲ့ရတဲ့အဖြစ်…

တရုတ်နိုင်ငံက ဖခင်တစ်ယောက်ဟာ၊ တစ်နယ်တကျေးမှာအလုပ်လုပ်ကိုင်ရမှာဖြစ်လို့၊

သမီးငယ်လေးကိုတောရွာမှာရှိတဲ့အဖိုးအဖွားဆီမှာလပေါင်းများစွာ အပ်ထားခဲ့ဖို့အကြောင်း ဖန်လာခဲ့ပါတယ်။

၎င်းအမျိုးသားရဲ့သမီးလေးဟာအလွန်ချစ်စရာကောင်းပီး၊ မျက်လုံးဝိုင်းဝိုင်း၊ပါးသွယ်သွယ်နဲ့ ပိုးသားလိုနူးညံ့တဲ့ဆံပင်ပုံစံကြောင့်၊

ဖခင်ဖြစ်သူဟာသမီးလေးကိုprincessတစ်ယောက်လို၊ အမြဲဝတ်စားစေခဲ့ပါတယ်။

တနေ့မှာတော့၎င်းအမျိုးသားဟာ၊အလုပ်ခရီးရှည်သွားရမှာဖြစ်လို့သမီးလေးကို၊အဖိုးအဖွားရှိတဲ့တောရွာမှာလပိုင်းလောက်သွားထားခဲ့ပါတယ်။

ထိုအဖိုးအဖွားများကလဲ၊မြေးဦးလေးဖြစ်လို့ အချစ်တွေပိုခဲ့ကြပါတယ်။

တောရွာထဲကသဘာဝအတိုင်းသန့်ရှင်းလတ်ဆတ်တဲ့အစားစာတွေကို၊ အဖွားဖြစ်သူကအမြဲတစေ ချက်ကျွေးခဲ့ပါတယ်။

ထို့နောက်၎င်းအမျိုးသားဟာ၊အလုပ်ခရီးကပြန်ရောက်တဲ့အချိန်မှာသမီးဖြစ်သူကိုသွားပြန်ခေါ်ခဲ့ပါတယ်။

သမီးငယ်လေးကိုတွေ့လိုက်တဲ့အချိန်မှာ၊သမီးလေးရဲ့အရင်လိုမျက်နှာ၊ အဝတ်စားတွေကအစပြောင်းလဲသွားခဲ့တဲ့ပုံစံကြောင့်ဖခင်ခမျာအံ့သြတကြီးရယ်မောခဲ့ပါတယ်။

အကြောင်းကတော့၎င်းရဲ့သမီးလေးဟာ၊ယခင်လိုသေးသေးသွယ်သွယ်မျက်နှာလေးနဲ့၊ဝိုင်းဝန်းတဲ့မျက်လုံးလေးတွေတောင်ပျောက်ခဲ့ပီး၊

ယခုအခါမှာတော့မျက်နှာဝိုင်းကစ်ပီးပါးကွဲထွက်တော့မဲ့အတိုင်းဖောင်းကားလာနေပီး၊ အရမ်းကိုဝတုတ်လို့လာခဲ့တာကြောင့်ပါ။

အဖိုးအဖွားအနေနဲ့ကတစ်ဦးတည်းသောမြေးလေးမို့အလိုလိုက်ပီး၊ စားချင်တာမှန်သမျှကျွေးတော့သမီးလေးခမျာဘုတ်အီးမလေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

ထို့နောက်အိမ်ခေါ်ပြန်လာတဲ့အခါမှာတော့၊ ဖခင် ဖြစ်သူကသမီး​လေးဟာ မနက်စောစောတောင် ထမင်းတောင်းစားတတ်နေပီလို့ဆိုပါတယ်။

အဖိုးအဖွားအချစ်လွန်လို့၊ဘုတ်အီးမလေးဖြစ်ခဲ့ပေမဲ့လဲ၊ပိုချစ်ဖို့ကောင်းလာတယ်လို့မြင်မိပါတယ်လေ။

Bam Bam (Gabar News)