တစ္လအတြင္း ဆံပင္က်န္းမာသန္စြမ္းၿပီး ႀကီးထြားျမန္ေစမယ့္ လွ်ိဳ႕ဝွက္ခ်က္…
ဆံသားက်န္းမာသန္စြမ္းဖို႔အတြက္ ဘာလုပ္ရမွန္းမသိျဖစ္ေနတဲ့ ပ်ိဳေမေတြကို အၾကံေပးခ်င္ပါတယ္။
တစ္ေယာက္တစ္မ်ိဳး ၫႊန္းေနၾကတဲ့ အလွကုန္ေတြၾကား ဗ်ာမမ်ားရေအာင္ နည္းလမ္းေကာင္းေလးေတြ ေပးခ်င္ပါတယ္၊
(၁) ဆံေကသာအတြက္ (curry leaves) ပ်ဥ္ေတာ္ သိမ္႐ြက္ကို က်ိဳ ရမယ့္အပိုင္းပါ
ပ်ဥ္ေတာ္သိမ္႐ြက္ အနည္းငယ္ကို ေရနဲ႔ပြတ္ပြတ္ဆူေအာင္ျပဳတ္၊
သံပုရာတစ္လုံးကိုအရည္ညႇစ္ယူၿပီး သၾကား အနည္းငယ္ ထည့္ေပးပါ။
ပ်ဥ္ေတာ္သိမ္႐ြက္က အစာေျခစနစ္အတြက္ အထူးေကာင္းမြန္ၿပီး
ဆံေကသာ ျပသနာ အေတာ္မ်ားမ်ားကို ကူညီေျဖ႐ွင္းေပးပါတယ္
ဒါကို ေသာက္ေပးရမွာျဖစ္ပါတယ္။
(၂) ဆံပင္ကြၽတ္ျခင္းမွ ကာကြယ္ဖို႔ Hair mask တစ္ခုခုျပဳလုပ္ရပါမယ္။
ပ်ဥ္ေတာ္သိမ္ အနည္းငယ္ယူၿပီး ပ်စ္ပ်စ္ေလးျဖစ္ေအာင္ က်ိဳလိုက္ပါ၊
အဲဒါကို ဒိန္ခ်ဥ္နဲ႔ ေရာစပ္ၿပီး ဆံပင္ကို လိမ္းၿပီး အဲဒီအတိုင္း ဦးေရျပားေပၚ ၂၅ မိနစ္ခန္႔ထားၿပီး
ဆံပင္ကို ေခါင္းေလွ်ာ္ရည္ေပ်ာ့ေပ်ာ့နဲ႔ ေလွ်ာ္ေပးပါ။
အဲဒီအတိုင္း တစ္ပတ္ ၁ ႀကိမ္လုပ္ေပးပါက အခ်ိန္တိုအတြင္း ဆံပင္ေတြ ႐ွည္ထြက္လာတာ ေတြ႕ရပါလိမ့္မယ္။
ဆံေကသာကို နက္ေမွာင္ လင္းလက္ေတာက္ေျပာင္ေစၿပီး သန္စြမ္းက်န္းမာေစမွာျဖစ္ပါတယ္။
(၃) ဆံပင္ကြၽတ္ျခင္းကင္းဖို႔ ဆံပင္သန္ေဆးျပဳလုပ္ရပါမယ္။
ပ်ဥ္ေတာ္သိမ္ အနည္းငယ္နဲ႔ အုန္းဆီကို ဇလုံတစ္ခုထဲ ေပါင္းထည့္ပါ။
အဲဒီႏွစ္ခုေပါင္းလိုက္တဲ့အခါ ဆံပင္ ပိုႀကီးထြားျမန္ေစပါတယ္။
ဒီႏွစ္ခုကို အနက္ေရာင္ အနယ္ထိုင္သြားတဲ့အထိ ပြက္ပြက္ဆူေအာင္ တည္လိုက္ပါ။
အနယ္က် သြားၿပီးလို႔ ေအးလာတဲ့အခါ ဦးေရဖ်ားတစ္ခုလုံး လိမ္းေပးပါ။
၁ နာရီၾကာေအာင္ ထားၿပီး ေခါင္းေလွ်ာ္ရည္ ေပ်ာ့ေပ်ာ့နဲ႔ ေဆးခ်ရပါမယ္။
ဒီဆံပင္သန္ေဆးကို တစ္ပတ္ ၂ ႀကိမ္စလိမ္းၿပီးလို႔ ၁၅ ရက္အတြင္း အက်ိဳးရလဒ္ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
ဒီအဆီက ဆံပင္ႀကီးထြားေစ႐ုံ မဟုတ္ဘဲ ဆံပင္မျဖဴ ေအာင္လည္း ကာကြယ္ေပးပါတယ္။
ဒီနည္းလမ္းဟာ ဆံပင္သန္စြမ္းျခင္းနဲ႔ ႀကီးထြားဖို႔အတြက္ အေကာင္းဆုံး နည္းျဖစ္ပါတယ္။
Credit
Unicode Version
တစ်လအတွင်း ဆံပင်ကျန်းမာသန်စွမ်းပြီး ကြီးထွားမြန်စေမယ့် လျှို့ဝှက်ချက်…
ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို အကြံပေးချင်ပါတယ်။
တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများရအောင် နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်၊
(၁) ဆံကေသာအတွက် (curry leaves) ပျဉ်တော် သိမ်ရွက်ကို ကျို ရမယ့်အပိုင်းပါ
ပျဉ်တော်သိမ်ရွက် အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်၊
သံပုရာတစ်လုံးကိုအရည်ညှစ်ယူပြီး သကြား အနည်းငယ် ထည့်ပေးပါ။
ပျဉ်တော်သိမ်ရွက်က အစာခြေစနစ်အတွက် အထူးကောင်းမွန်ပြီး
ဆံကေသာ ပြသနာ အတော်များများကို ကူညီဖြေရှင်းပေးပါတယ်
ဒါကို သောက်ပေးရမှာဖြစ်ပါတယ်။
(၂) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ Hair mask တစ်ခုခုပြုလုပ်ရပါမယ်။
ပျဉ်တော်သိမ် အနည်းငယ်ယူပြီး ပျစ်ပျစ်လေးဖြစ်အောင် ကျိုလိုက်ပါ၊
အဲဒါကို ဒိန်ချဉ်နဲ့ ရောစပ်ပြီး ဆံပင်ကို လိမ်းပြီး အဲဒီအတိုင်း ဦးရေပြားပေါ် ၂၅ မိနစ်ခန့်ထားပြီး
ဆံပင်ကို ခေါင်းလျှော်ရည်ပျော့ပျော့နဲ့ လျှော်ပေးပါ။
အဲဒီအတိုင်း တစ်ပတ် ၁ ကြိမ်လုပ်ပေးပါက အချိန်တိုအတွင်း ဆံပင်တွေ ရှည်ထွက်လာတာ တွေ့ရပါလိမ့်မယ်။
ဆံကေသာကို နက်မှောင် လင်းလက်တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်။
(၃) ဆံပင်ကျွတ်ခြင်းကင်းဖို့ ဆံပင်သန်ဆေးပြုလုပ်ရပါမယ်။
ပျဉ်တော်သိမ် အနည်းငယ်နဲ့ အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါ။
အဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင် ပိုကြီးထွားမြန်စေပါတယ်။
ဒီနှစ်ခုကို အနက်ရောင် အနယ်ထိုင်သွားတဲ့အထိ ပွက်ပွက်ဆူအောင် တည်လိုက်ပါ။
အနယ်ကျ သွားပြီးလို့ အေးလာတဲ့အခါ ဦးရေဖျားတစ်ခုလုံး လိမ်းပေးပါ။
၁ နာရီကြာအောင် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့နဲ့ ဆေးချရပါမယ်။
ဒီဆံပင်သန်ဆေးကို တစ်ပတ် ၂ ကြိမ်စလိမ်းပြီးလို့ ၁၅ ရက်အတွင်း အကျိုးရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီအဆီက ဆံပင်ကြီးထွားစေရုံ မဟုတ်ဘဲ ဆံပင်မဖြူ အောင်လည်း ကာကွယ်ပေးပါတယ်။
ဒီနည်းလမ်းဟာ ဆံပင်သန်စွမ်းခြင်းနဲ့ ကြီးထွားဖို့အတွက် အကောင်းဆုံး နည်းဖြစ်ပါတယ်။
Credit